တက္ကသိုလ်ဆိုတာ ဒီလိုနေရာမျိုးလား နောက်ဆုံးတော့
တကယ်ရောက်လာခဲ့ပြီပဲ
စိုးရိမ်မိတယ် နေရာသစ်မှာအဖော်တစ်ယောက်တောင်အနားမှာမရှိမိလို့ ပူပန်နေမိတယ်
ဒါပေမယ့် အဆင်ပြေသွားမှာပါ အားလုံးအဆင်ပြေသွားမှာပါ အတန်းဖော်တွေကငါ့အပေါ်ကောင်းကြမှာပါ
ထင်သလိုဖြစ်လာပါ့မလား အားလုံးကသူ့စတိုင်နဲ့သူ နေနေ
ကြတာ ငါပဲတစ်ယောက်ထဲဖြစ်နေတာပဲ
Ding ! ...... ဖုန်းထဲရောက်လာတဲ့ Mes တစ်စောင်ကြောင့်
ပူပန်တာတွေခဏမေ့ပြီး ပြုံးလိုက်မိတယ်
" ကျောင်းအသစ် ပတ်ဝန်းကျင်အသစ်က အဆင်ပြေရဲ့
လား ကလေးလေး "
ကိုကို့ဆီက စာပဲ ......
" ဟုတ်ကဲ့ သူငယ်ချင်းသစ်တွေရှာဖွေနေပါတယ် "
ဟေး ကောင်လေး ...... ဖုန်းကိုကြည့်ပြီးသည်းကြီးမည်း
ကြီးစာရိုက်နေတာ ဘေးကဘယ်သူကလှမ်းခေါ်လိုက်တာလဲ အကြည့်ကတစ်ခြားဖက်ကိုရောက်သွားမိတယ်
ဆံပင်ရွှေအိုရောင်လေးကိုအမြင့်စည်းပြီး ချထားတယ်
မျက်နှာကလည်းပြင်ဆင်ခြယ်သထားတာ လှပနေတာပဲ
ဒီကောင်မလေးက ဘယ်သူလဲ .....
Saint : ကျွန်တော့်ကိုခေါ်တာလား
သူဘယ်သူ့ကိုခေါ်လဲမသေချာတော့ ဟိုကြည့်ဒီကြည့်နဲ့
မေးရသေးတယ်လေ သူကတော့ခေါင်းညိမ့်ပြတယ်
" နင်ကဘယ်သူလဲ ဒီနေ့ကပထမဆုံးကျောင်းဖွင့်ရက်ဆို
တော့ ငါလည်းတစ်ယောက်ထဲပျင်းနေတာ ငါ့မှာသူငယ်ခိင်းတစ်ယောက်ပဲရှိတာ .... သူကလည်းမေဂျာမတူဘူး "
Saint : ဟုတ်ကဲ့
" နင့်ကြည့်ရတာ တစ်ယောက်ထဲပဲထင်တယ် "
Saint : ဟုတ်ပါတယ်
" နင်က ဂေးလား "
ကောင်မလေးဆီက စူးရှတဲ့အကြည့်နဲ့ထွက်လာတဲ့မေးခွန်း
ကကျွန်တော့်ကိုလန့်သွားစေတယ်
Saint : ဟမ် .... မဟုတ်ပါဘူး
" မသိဘူးလေ နင့်ပုံကနွဲ့နေလို့ မေးလိုက်တာ "
Saint : မဟုတ်ပါဘူး ငယ်ငယ်ထဲကဒီလိုနေတတ်လို့ပါ
" အော် အင်းပါ ထားလိုက်တော့ တွေ့ရတာဝမ်းသာပါ
တယ် ငါ့နာမည်က Jesi လို့ခေါ်တယ် ငါကလန်ဒန်ကပြောင်းလာတာ "
Saint : ကျွန်တော့်က Saint ပါ
Jesi : သူတော်စင်လား .... ဟားဟား
စကားသာပြောနေရတာ ကျွန်တော်တို့ရဲ့ပုံစံ Type ကလုံးဝကွဲထွက်နေတာ ..... ပေါင်းသင်းလို့အဆင်ပြေပါ့
မလား
Jesi : နောက်တာပါ Saint ပြီးရင်ငါ့သူငယ်ချင်းနဲ့မိတ်
ဆက်ပေးမယ် နင်လည်းအဖော်တိုးတာပေါ့ အဲ့
ကောင်ကရွှတ်နောက်နောက်နဲ့ ရီရတယ်
Saint : ဟုတ်ကဲ့
Plan ချပြလိုက်တဲ့ စာရွက်တွေကိုကြည့်ပြီးအသက်ရှူ
ဖို့တောင်မေ့သွားမိတယ်
Perth : Plan မင်းဒါတွေကိုဘာလုပ်ထားတာလဲ
Plan : ဘာလို့လဲ မင်းလည်းသိနေပြီးသားကိုဘာလို့လာ
မေးနေတာလဲ
Perth : Saint ဆီကဘယ်လိုပြောပြီးလက်မှတ်ယူလာတာ
လဲ ဒီလောက်မြန်မြန်ကြီး
Plan : မမြန်ဘူး ... ငါတို့နောက်တောင်ကျနေသေးတယ်
မင်း Saint ကိုချစ်တာတွေခဏမေ့ထားလိုက် ငါ
တောင်သူ့ကိုမေ့ထားတယ် ငါတို့လိုချင်တာကိုရခဲ့
ပြီလေ ဘာလိုအပ်သေးလို့လဲ
Perth : ငါမလိုချင်ဘူး Plan ..... ငါတို့လုပ်နေတာ Saint
သာညိုညင်သွားရင်
Plan : Saint ကိုမေ့ထားဖို့ပြောတယ်လေ စိတ်ပူမနေနဲ့
ငါဘာပဲလုပ်လုပ်မင်းအတွက်စဉ်းစားတယ်
Plan က Perth ရဲ့ပခုံးတစ်ဖက်ကိုဆုပ်ကိုင်ထားလိုက်
တယ်
Plan : မင်းအတွက်ထိခိုက်စေတာမျိုး ငါဘယ်တော့မှမ
လုပ်ဘူး Perth ..... ငါ့ကိုယုံကြည်ပါ
ကျွန်တော်သက်ပြင်းတစ်ချက်သာချပြီး စိတ်ဖြေလျော့
လိုက်ရတယ်
Perth : ဘာဆက်လုပ်ကြမှာလဲ
Plan : သူနာကျင်တာလိုချင်တယ် နာကျင်မှုဆိုတာဘာ
လဲ သူသိအောင်ပြချင်တယ်
ဒီတစ်ခါတော့ကျွန်တော်အားပေးရမယ့်အချိန်ရောက်
လာပြီထင်တယ်
Perth : ငါလည်းမင်းနားမှာအမြဲရှိပါတယ် မင်းကိုဘယ်
တော့မှထိခိုက်ခွင့်မပြုပါဘူး ငါတို့ကဘဝတစ်ခုထဲ
ပဲမလား .... ငါ့ကိုမတိုင်ပင်ဘဲနောက်ဒီလိုမျိုးစိတ်
အလိုလိုက်တာမျိုးမလုပ်ပါနဲ့ မင်းငါ့ကိုယုံကြည်
ရင်ပေါ့
Plan : ကျေးဇူးပဲ သူငယ်ချင်း
Jesi ကနိုင်ငံခြားမှာနေလာလို့လား သူမကအရမ်းပွင့်
လင်းလွန်းတာပဲ
Jesi က Saint လက်ကိုဆွဲပြီး သူ့သူငယ်ချင်းဆီခေါ်သွား
လိုက်တယ်
Jesi : Heys .... Pond
မေဂျာအဆောင်ကနေလွယ်အိတ်တစ်ဖက်လွယ်ထား
တဲ့ ကောင်လေးတစ်ယောက်ထွက်လာတယ်
Jesi : Pond ဒါငါ့အတန်းဖော်လေ Saint တဲ့
Pond : နင်သူငယ်ချင်းအသစ်ရှာလာတယ်ပေါ့ hi Saint
Saint : Khrub ...... Pond
Jesi : ဒီကောင်က ပျော်တတ်တယ် .... Saint ကတော့
ခပ်အေးအေးသမား ငါက ပွင့်လင်းတဲ့သူ
ဟားဟား .... လိုက်ဖက်လွန်းတာပဲ
Pond : နောက်မနေနဲ့တော့ ငါတို့သူငယ်ချင်းဖြစ်တဲ့အ
ထိမ်းအမှတ် .... တစ်ခုခုသွားစားရအောင်လား
Saint : ဒီနေ့တော့ မရလောက်ဘူးထင်တယ်
Pond ရော Jesi ရော မျက်နှာပျက်သွားကြတယ်
Jesi : ဘာလို့လဲ
Saint : ကိုကိုကဒီနေ့လာကြိုမှာ .... သူကျွန်တော့်ကိုစောင့်
နေမှာ နောက်ရက်မှသွားမယ်လေနော်
Jesi : နင်ပြောတော့ နင်က Gay မဟုတ်ဘူးဆို
Saint : Gay မဟုတ်ပါဘူး
Jesi : ဒါဆိုဘာလို့ ကိုကိုလို့ပြောတာလဲ ... ဘယ်သူလဲ
Saint : ကျွန်တော့်အကိုပါ
" ဟမ် .... " သူတို့နှစ်ယောက်သားအံ့သြသွားတယ်
Pond : အရင်းလား
Saint : ဟုတ်တယ်
Pond : ဘယ်သူက ကို့အကိုကို .... ကိုကိုလို့ခေါ်လို့လဲ
ငါတို့ဆို P လို့ခေါ်ကြတာပဲလေ
အတွေးနယ်ချဲ့သွားတယ် ဟုတ်သားပဲ ဘာလို့သူ့ကိုအဲ့လိုခေါ်နေတာလဲ
Saint : မသိဘူး ငယ်ငယ်ထဲကခေါ်တာအကျင့်ပါနေတာ
ဖြစ်မယ်
ကားရှေ့မှန်ကနေ မြင်နေရတယ်လေ Saint ဘယ်သူတွေနဲ့အဲ့လောက်စကားရပ်ပြောနေတာလဲ
တီ တီ ........ စိတ်မရှည်တဲ့အဆုံးဟွန်းတီးလိုက်တယ်
Saint : Aww .... ကိုကို့ကားပဲ ကျွန်တော်သွားပြီနော်
ကားဆီကိုပြေးသွားလိုက်တာ မြန်လိုက်တာ
Saint : ကိုကို .... ရောက်နေတာကြာပြီလား
Perth : မကြာသေးပါဘူး ဘယ်သူတွေလဲ
Saint : သူငယ်ချင်းတွေပါ ဒီနေ့မှစခင်ကြတာ ခုနကသူ
ငယ်ချင်းကောင်မလေးကချောတယ်သိလား
မိန်းကလေးအကြောင်းပြောတာ မျက်နှာကိုပြုံးရွှင်နေ
တာပဲ ..... အံ့သြပါ့
Saint : ကိုကို မြင်လိုက်လား
Perth : မမြင်ဘူး သိလည်းမသိချင်ဘူး စိတ်လည်းမဝင်
စားဘူး မင်းအရွယ်ကစာလုပ်ရမှာနော် မိန်းကလေး
တွေနဲ့ပေါင်းပြီး စာပေါ်မလစ်ဟင်းနဲ့
ကိုကိုဒီနေ့ စကားအရမ်းများနေသလိုပဲ ... ထူးထူးဆန်း
ဆန်း
Saint : အိမ်ပြန်လမ်းကိုမကွေ့ဘူးလား ဘယ်သွားဖို့လဲ
ပိုပြီးထူးဆန်းနေတာက သူခေါ်လာတာရေခဲမုန့်ဆိုင်
ကျွန်တော်ကျေနပ်နေတာထပ်ကိုပိုမိတယ်
Saint : ကောင်းကောင်းစားပါ့မယ်
Perth : ငါမင်းကိုဒါပေးမလို့ .....
Perth ကပါကင်ပိတ်ထားတဲ့ဘူးတစ်ဘူးကိုထုတ်ပေး
လိုက်တယ်
Saint : ဒါဘာလဲ
Perth : ခဏလေး မဖွင့်ကြည့်နဲ့ဦး ... အိမ်ကျမှကြည့်
Saint : ဘာလို့လဲ
Perth : အိမ်ကြမှကြည့်ဆို .... လျှာမရှည်နဲ့
ဘာမို့လို့လဲ .... အရမ်းသိချင်နေပြီ အခန်းထဲရောက်တာ
နဲ့လွယ်အိတ်ကိုပြစ်ချလိုက်တာပဲ
Saint : ဘာပါလိမ့်...... ဒါက
ဘူးထဲကထွက်လာတဲ့ လက်ဆောင်ကသူ့ကိုအရမ်းရင်
သပ်ရှုမောဖွယ်ဖြစ်ရတယ် လက်ဆောင်ကိုမြင်ပြီးတာနဲ့
အခန်းပြင်ကို ချက်ချင်းပြေးထွက်သွားခဲ့တယ်
ဒေါက်ဒေါက်......
Perth : Saint
တံခါးဖွင့်လိုက်တော့ Saint ကသူ့အခန်းရှေ့မှာ ....
Saint : ကိုကို ....
Perth : ဘာလဲ
ပြွတ် ..... အပြုံးတစ်ပွင့်နဲ့ ရုတ်တရက်ကျရောက်လာတဲ့
သူ့နှုတ်ခမ်းဖျားလေးက ကျွန်တော့်ပါးပေါ်မှာ .....
ထွက်သက်ဝင်သက်တောင်ရပ်သွားမိတယ် သူကတော့
အေးအေးဆေးဆေး ပြုံးကြည့်နေတယ်
Saint : အရမ်းသဘောကျပါတယ် လက်ဆောင်လေးကို
ကျေးဇူးပါနော် ကိုကို့ကိုချစ်တယ်
Saint ကိုပိုပိုချစ်လာမိတာ ..... ကျွန်တော်မမှားပါဘူး
သူကကျွန်တော့်အတွက်အချစ်တွေဖန်ဆင်းပေးဖို့ နတ်
သက်ကြွေလာတဲ့ နတ်သားလေးတစ်ပါးပါ
Part 11 ( the end )