ဒေါက် ဒေါက်...... ဒေါက် ဒေါက်.......
သူတံခါးခေါက်သံကိုကြားနေနိုင်မှာပါ ဒါပေမယ့် သူပြန်
ပြီးအသံမပြုခဲ့ဘူး
Perth : Saint...... ကိုကိုပါ
တောင်းပန်ပါတယ် အရာအားလုံးအတွက်တောင်း
ပန်ပါတယ်...... ကိုကိုမင်းဖြစ်စေချင်တဲ့အတိုင်း
ထွက်သွားပေးပါမယ်
" ထွက်သွားမယ် "..... သူကြားတာနဲ့တံခါးဝအနားကို
ထပြေးလာခဲ့တယ် လက်ကိုင်တံခါးကိုဖွင့်ဖို့ကြံရွယ်လိုက်
ပေမယ့် မလုပ်ခဲ့ဘူး
Perth : မင်းနားထောင်နေမယ်လို့ မျှော်လင့်ပါတယ်
နောက်ဆုံးအနေနဲ့ပြောချင်တာက ကိုကိုမင်းကိုအ
ရမ်းချစ်တယ် တကယ်ချစ်တာပါ......
ငိုသံကိုကြားနေရမှာစိုးလို့ ပါးစပ်ကိုလက်နဲ့ပိတ်ပြီး
တစ်ဖက်က Perth ပြောသမျှကိုနားထောင်နေမိတယ်
Perth : နှုတ်ဆက်ခဲ့ပါတယ် ကလေးလေး........
နှုတ်ဆက်ခဲ့ပါတယ် ကောင်လေးရယ်...... အမြဲငါ့ကို
ခွင့်မလွှတ်နိုင်ရင်တောင် ငါမင်းအတွက် အမြဲရှိနေမယ်ဆို
တာတော့ သတိရနေပေးပါ ပြီးတော့....
ငယ်ငယ်ထဲကမင်းကိုအရမ်းချစ်ခဲ့တယ်ဆိုတာသတိရပေးပါ
Dad : မင်းဆုံးဖြတ်လိုက်တာ မှန်ကန်တယ်ထင်တယ်ပေါ့
Perth : ကျွန်တော်ကအခု သူဌေးအတွက်လူပိုတစ်
ယောက်ဖြစ်နေပါပြီ...... သူဌေးရဲ့ဂုဏ်သိက္ခာအ
တွက် အချိန်အကြာကြီးကလုံလောက်နေပြီပဲလေ
ကျွန်တော့်ကိုလွတ်လပ်ခွင့်ပေးပါတော့
Dad : Saint ကငါ့သား..... မင်းကငါ့သားနဲ့ပတ်သတ်နေ
တယ်ဆိုတော့လည်း မင်းကိုမတားပါဘူး
ငါ့သားကြီး Perth ကနိုင်ငံခြားမှာပဲနေတော့မယ်
ဆိုတဲ့သတင်းကို လွှင့်လိုက်မယ်
Perth : လွတ်မြောက်ခွင့်ပေးလိုက်လို့ ကျေးဇူးပါ
သွားလိုက်ပါဦးမယ် အဖေ
ကားစက်သံက ရင်ထဲကဒဏ်ရာကိုတဖြည်းဖြည်းဆွနေသလိုပါပဲ..... သူ့ကိုမုန်းတယ်ဆိုပြီး ဘာလို့ပြတင်းပေါက်ကနေသူထွက်သွားတာကို မျက်ရည်တွေနဲ့ကြည့်နေမိ
တာလဲ
တောင်းပန်ပါတယ် အမြဲတမ်းအနားမှာရှိနေပေးမယ်လို့
ကတိပေးခဲ့ပေမယ့် ကိုကိုမတည်နိုင်ခဲ့လို့တောင်းပန်ပါ
တယ်..... အမြဲတမ်းပျော်ရွှင်ပါစေ
နောက်ဆုံးတော့ ကျွန်တော်တို့နှစ်ယောက်အတွက်ကျန်နေ
ခဲ့တဲ့အမှတ်တရက ကိုကိုလက်ဆောင်ပေးခဲ့တဲ့ ပန်းချီစာ
အုပ်လေးတစ်အုပ်ပဲကျန်ခဲ့တာလား
Girl : သခင်လေး..... နေ့လည်စာသုံးဆောင်လို့ရပါပြီ
Saint : အင်း ကျေးဇူးပါပဲ.... အဖေရော
Girl : သူဌေးက အလုပ်သွားပါတယ်
အံ့သြမိပါတယ် အဖေ့မျက်နှာကိုတည့်တည့်ကြည့်ပြီး
ဘာလို့ဒီလိုလုပ်ခဲ့ရတာလဲ မေးချင်နေတာ
ဒါပေမယ့် ဘာကိုမှအစပြန်မဖော်ဘဲကို့လမ်းကိုလျှောက်
တာ အကောင်းဆုံးဖြစ်လာမှာပါ
Perth : Saint..... မင်းကဒါကြိုက်တယ်မလား ထည့်စား
လေ အများကြီးစားမှစာများများလုပ်နိုင်မှာပေါ့
Perth ကဟင်းတွေအများကြီး Saint ပန်းကန်ထဲထည့်
ပေးလိုက်တော့ Saint လည်းရီလိုက်မိတယ်
Saint : ကိုကိုကလုပ်ပြီ.....
Girl : ရှင်.... တစ်ခုခုပြောလိုက်လား
Saint : ဟင်.....
သူ့ရှေ့မှာ Perth ထိုင်မနေဘူးပဲ....သူမြင်ယောင်နေမိ
တာပဲ
Saint : ဘာမှမဟုတ်ပါဘူး.....
Uncle : Saint.....
Saint : ဟုတ်ကဲ့ ဦးလေး..... ပြောစရာရှိလို့လား
Uncle : Perth ကသူထွက်မသွားခင် ဒါလေးထားခဲ့လို့ပါ
Saint : ဒီဖိုင်က ဘာလဲ
Uncle : Saint ကိုတိုင်လက်မှတ်ထိုးခဲ့တဲ့ စာချုပ်လို့ပြော
ပါတယ်
Saint : ဟုတ်ကဲ့ ထားခဲ့လိုက်ပါ
Uncle : ဦးလေးတစ်ခုလောက်ပြောလို့ရမလား
Saint : ဟုတ်ကဲ့ ဘာပြောချင်လို့လဲ
Uncle : Saint ငယ်ငယ်ကအတိတ်တွေကိုပြန်မြင်နိုင်
အောင်ကြိုးစားကြည့်မယ်ဆိုရင် အဖြေကရှင်း
လင်းသွားမယ်ထင်ပါတယ်
ဒုန်း.... Plan ကဒေါသတကြီးနဲ့ စားပွဲခုံကိုထုရိုက်လိုက်
တယ်
Plan : Perth.... မင်းရူးနေလား မင်းဒီတိုင်းထွက်လာလို့
ဖြစ်မလား
Perth : တောင်းပန်ပါတယ် မင်းအတွက်ကတိမတည်နိုင်
လို့
Plan : ဘာဆက်လုပ်ရမလဲ အခုငါရဲ့ကျန်ရှိနေတဲ့အစီအ
စဉ်ကိုဘာဆက်လုပ်ရမလဲ
Perth : ငါ Saint ကိုချစ်တယ်.... ငါသူ့ကိုအရမ်းချစ်တယ်
မင်းအသိဆုံးပါ ငါမင်းနေရာကိုဘာလို့အစားဝင်ခဲ့
လဲဆိုတာ မင်းထပ်ဘယ်သူကပိုသိမှာလဲ
အဲ့ညက ကျွန်တော်အိမ်ကခိုးထွက်ပြီး Saint နောက်ကိုပဲ
လိုက်သွားရမလားဆိုတဲ့ အတွေးမျိုးကိုကလေးပီပီတွေးခဲ့
မိတယ်.... အဲ့ညကအိပ်မရခဲ့ဘူး
အမှောင်ရိပ်ကနေဖြတ်ခနဲ လူတစ်ယောက်ပြေးသွားတာ
မြင်လိုက်ရတယ် ဒီအချိန်ကြီးဘယ်သူလဲ
Perth : အမေ..... အမေ......
ချောက်ကမ်းပါးထိပ်မှာငိုကြွေးနေခဲ့တဲ့ ကောင်လေးက
Perth မလား.... သူဘာလုပ်နေတာလဲ
Perth : သိစေရမယ် အဖေသိစေရမယ် သူ့သားကသူ့
ကြောင့်သေဆုံးသွားတယ်ဆိုတာ သူသိပြီးတစ်
သက်လုံးနာကျင်နေရမယ်.... တစ်လောကလုံးက
လည်းသူ့ကိုမုန်းတီးရှုံ့ချရမယ်
Perth ကမျက်ရည်တွေကိုသုတ်ပြီး သူ့လက်သီးကိုကျစ်
နေအောင်ဆုပ်ထားလိုက်တယ်
Perth : တောင်းပန်ပါတယ် အမေ တောင်းပန်ပါတယ်
Saint.....
သူ့ခြေတစ်ဖက်ကို ချောက်ကမ်းပါးထိပ်က မလွှတ်ချလိုက်ခင်ပဲ အနောက်ကနေတစ်ယောက်ယောက်က
အားအပြည့်နဲ့သူ့ကိုလှမ်းဆွဲထားလိုက်တယ်
Perth : မင်းဘာလုပ်တာလဲ ဖယ် ငါ့ကိုလွှတ်စမ်း
Ae : သခင်လေး ဘာလုပ်တာလဲ..... မလုပ်ပါနဲ့
Perth : ငါ့ကိုလွှတ်စမ်းပါ
နှစ်ယောက်သားရုန်းရင်းဆန်ခတ်ဖြစ်ရာကနေ Ae
ချောက်ကမ်းပါးကနေပြုတ်ကျလုနီးပါး အနောက်ကိုလန်
ကျသွားခဲ့တယ်
Perth : Ae.....
တော်သေးတာပေါ့ Perth သူ့ကိုလှမ်းဆွဲလိုက်တာမှီလို့
နှစ်ယောက်သားမောမောနဲ့... မြက်ခင်းပြင်ကြီးပေါ်လှဲချ
လိုက်တယ်
Ae : သခင်လေး.... ဘာလုပ်တာပါလဲ
Perth : ငါသေချင်တယ် ငါ့အမေမရှိတဲ့နေရာမှာငါမနေ
ချင်ဘူး အမေက Saint ကိုသနားလို့ခေါ်သွားပြီး
ငါ့ကိုပြစ်ထားရက်ခဲ့တယ်
Ae : မဟုတ်ပါဘူး သခင်မကြီးက သခင်လေးကိုအရမ်း
ချစ်တာပါ ဒါဆို ကျွန်တော်တို့အတူ Saint ဆီထွက်
ပြေးကြမလား
Perth : မလုပ်ချင်ဘူး ငါအဖေ့ကိုနောင်တတွေနဲ့နေထိုင်
စေချင်တယ် ဒါငါအခုဖြစ်ချင်နေတာပဲ
Ae.... ငါ့ကိုမင်းကူညီနိုင်မလား ငါသေသွားတာ
ကိုမင်းမြင်ခဲ့တယ်လို့သက်သေတည်ပေးပါ
Ae : သခင်လေးသေလို့မရဘူးလေ
Perth : မင်းငါ့ကိုကူညီပေးပါ ငါလည်းမသေဘူး ဒါပေ
မယ့် ငါ့အဖေကတော့ငါ့ကိုသေဆုံးတယ်လို့ပဲသိ
စေချင်တယ်
Ae : ကျွန်တော် မလုပ်ရဲပါဘူး... သူဌေးသာသိသွားရင်
ကျွန်တော့်ကိုသေအောင်ရိုက်လိမ့်မယ် ကြောက်
တယ် သခင်လေး
Perth : Ae.... ကူညီပေးပါ မင်းပဲရှိလို့ပါ....
ငါ့မှာအဘွားချန်ထားခဲ့တဲ့ ပိုင်ဆိုင်မှုတွေရှိပါတယ်
ငါမင်းကိုပေးပါ့မယ် ဒါမှမဟုတ် မင်းလိုချင်တာကို
တောင်းလိုက်ပါ ငါပေးမယ်လေ
Ae : ကျွန်တော်လိုချင်တာ တစ်ခုပဲရှိပါတယ်
Perth : ပြောလေ ငါလုပ်ပေးမှာပေါ့
Ae : Saint..... ကျွန်တော် Saint ကိုလိုချင်ပါတယ်
ဒီဇာတ်လမ်းကိုစတင်ခဲ့တာ ကျွန်တော့်အတွက်မဟုတ်
ဘူး.... ပိုက်ဆံအတွက်မဟုတ်ဘူး.... Perth အတွက်မ
ဟုတ်ဘူး.... အဆင့်အတန်းချင်းကွာခြားလွန်းလှတဲ့
ကျွန်တော့်ရဲ့နိမ့်ကျမှုကြောင့် သူ့ကိုပိုင်ဆိုင်ချင်မိတဲ့အတ္တ
လေးတစ်ခုထဲအတွက်ပါ....
အဲ့ကောင်လေးကို အရမ်းချစ်ခဲ့လို့ပါ
Part 19 ( the end )