အင်္ကျီအနက်ဝမ်းစက်ဝတ်ပြီး ထိုင်ငိုနေတဲ့ကောင်လေးနားမှာ ကျွန်တော်ဒူးထောက်ချလိုက်တယ်
သူ့ကိုနှစ်သိမ့်ပေးဖို့ ဝမ်းနည်းဟန်ဆောင်အပြုံးတွေနဲ့ပေါ့
Perth : Saint......
ဘာမှတောင်မပြောရသေးဘူး သူကျွန်တော့်ကိုဆွဲဖက်
ပြီးငိုတော့တာပဲ
Saint : ကိုကို..... ကျွန်တော်ဘာလုပ်ရမလဲ ဖေဖေ့အတွက်
ဘာလုပ်ပေးရမလဲ ဘာလို့ရုတ်တရက်ကြီးဖြစ်
သွားရတာလဲ
Perth : Saint လူတစ်ယောက်ရဲ့သေခြင်းတရားဆိုတာ
ကြိုမမြင်နိုင်ဘူးလေ..... ငိုချလိုက်ပါ ကိုကို့ပခုံး
ပေါ်မှာအကြာကြီးငိုချလိုက်ပါ
နောက်ကွယ်ကနေသူတို့ကိုကြည့်ပြီးငိုကြွေးနေတဲ့ ကောင်လေးတစ်ယောက်လည်း ရှိပါသေးတယ်
နှစ်သိမ့်မှုကိုလိုအပ်နေခဲ့တယ်.... ငါအရမ်းမှားခဲ့တယ်
ငါ့ဘဝတစ်လျှောက်လုံးမှားယွင်းခဲ့တယ်
ငါကမိုက်မဲတဲ့ သားတစ်ယောက်ပဲ......
Saint အိပ်ပျော်သွားတဲ့ထိ လက်လေးကိုဆုပ်ကိုင်ပေးထား
တုန်းပဲ.... ဒီကောင်လေးအိပ်ပျော်သွားလို့တော်သေးတာပေါ့ သူတစ်ညလုံးအိပ်မပျော်ဘဲငိုနေမှာကိုစိုးရိမ်နေခဲ့တာ
Perth : Plan လား.... မင်းမအိပ်သေးဘဲဘာထိုင်လုပ်နေ
တာလဲ
Plan : Perth... မင်းကရော
Perth : ငါ Saint အိပ်တာကိုစောင့်နေတာ သူမအိပ်ဘဲငို
နေမှာစိုးလို့
Plan : Perth.... ငါတကယ်မှားခဲ့တယ် ငါ့အဖေကငါ့တို့
အပေါ်မကောင်းဘူးထင်ခဲ့တယ် ငါသူ့ကိုနောင်တရ
စေချင်လို့ နောက်ဆုံးသွားတွေ့ခဲ့တာ.....
သူ့သားအရင်းကမသေဘဲ အမြဲရှိနေတာကိုသိစေ
ချင်တာ ဒါပေမယ့် သူအဲ့စိတ်နဲ့နှလုံးရပ်သေဆုံးသွား
ခဲ့တယ်
Perth : Plan ပြီးတာတွေကပြီးသွားပြီလေ မင်းအရမ်း
စိတ်ကိုအပင်ပန်းမခံပါနဲ့
Plan : ငါတကယ်အကောင်းဆုံး လမ်းကိုရွေးချယ်ထား
တယ်
Perth : ဘာကိုလဲ
Plan : ငါ.... ထွက်သွားတော့မယ်
အားလုံးကငါသေပြီပဲသိထားတာလေ အားလုံးကိုဒီ
ထပ်ပိုပြီး မပင်ပန်းစေချင်တော့ဘူး
ဒီတိုင်းထွက်သွားလိုက်တာ အကောင်းဆုံးပဲ
Perth : မဖြစ်ဘူး ငါတို့ Saint ကိုရှင်းပြနိုင်တယ်
Plan ကပြုံးပြီးခေါင်းခါပြလိုက်တယ်......
Plan : ငါ့အဖေအတွက် ငါလည်းထပ်တူကျတဲ့ပြစ်ဒဏ်ခံ
ယူသင့်တယ်လေ အမေနဲ့ညီလေး.... သူတို့ပျော်
ရွှင်ကြပါစေ
Perth : Plan.....
Plan : ငါအကောင်းဆုံးကိုရွေးချယ်လိုက်တာမို့လို့ နောင်
တမရပါဘူး.... အရာရာတိုင်းအတွက်မင်းကို
တကယ့်စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်ကွာ
ငါ့ရဲ့အကောင်းဆုံး သူငယ်ချင်း.....
မနက်မိုးလင်းလာတာနဲ့ အောက်ထပ်ကိုဆင်းလာခဲ့တယ်
ညကအရမ်းငိုထားလို့ထင်တယ်.... မျက်လုံးလည်းကောင်းကောင်းမဖွင့်နိုင်....ခန္ဓာကိုယ်တစ်ခုလုံးလည်းအားအင်
တွေချိနဲ့နေတယ်
ဒါပေမယ့် ကိုကို့မျက်နှာလေးက ကျွန်တော့်ကိုအင်အား
တွေပေးနေပါတယ် မနက်စောစောသူမုန့်လုပ်နေတာကြည့်
ရတာ ပန်းချီကားလေးတစ်ချပ်လို လှပလွန်းတယ်
Saint : ဘာတွေလုပ်နေတာလဲ
ရုတ်တရက် Saint ရောက်လာလို့ လန့်သွားပုံပဲ
Perth : နိုးလာပြီလား အဆင်သင့်တောင်မဖြစ်သေးဘူး
Saint : ရပါတယ် ကျွန်တော်လည်းလုပ်မယ်လေ ဘာတွေ
လုပ်နေတာလဲ
Perth : မရဘူး မရဘူး.... ထိုင်နေပါ နေလည်းကောင်းပုံမ
ပေါ်ဘဲနဲ့
Perth ကအတင်းဆွဲခေါ်ပြီး ထိုင်ခုံမှာထိုင်ခိုင်းလိုက်တာပဲ
Perth : ခဏလေးနော်.... 5 မိနစ်လောက်ပဲ
စိတ်ထဲမှာကြည်နူးမှုတွေအပြည့်နဲ့ ကြည့်နေမိတယ်
ကိုကို့ကိုအရမ်းချစ်မိနေတာတော့ သေချာတယ်
Perth : ရပါပြီ
Saint : ကိုကို့လက်ရာကိုကြိုက်ရင်တော့ နေ့တိုင်းချက်
ကျွေးရမှာနော်
Perth : ကလေးလေးအတွက် တစ်သက်လုံးချက်ပေးမှာ
Saint : ဟီးဟီး.... ကလေးလေးတဲ့
Perth : ဒါနဲ့ ကိုကိုပြောစရာရှိတယ်..... Plan လေ
သူနိုင်ငံခြားမှာအပြီးသွားနေတော့မယ်
Saint : ဟုတ်လား....
Perth : ဟုတ်တယ် ဒါကြောင့်လေ သူ့ကိုလိုက်ပို့တဲ့နေ့ကျ
ရင် အမေကိုခေါ်ပေးလို့ရနိုင်မလား
Saint : အမေ့ကိုလား..... ဘာလို့လဲ
Perth : အော်.... သူကငယ်ငယ်ထဲကမိဘမရှိတော့ Saint
ရဲ့အမေကို အရမ်းတွယ်တာမိသွားတာ
သူမသွားခင်နောက်ဆုံး လက်ဆောင်ပေးချင်လို့ပါ
Saint : လက်ဆောင်လား.... အမေကသူ့အတွက် လက်
ဆောင်ဖြစ်မယ်ထင်တယ်ပေါ့
Plan လက်ထဲမှာ Passport ကိုင်ထားတာကိုကြည့်ရတာ
စိတ်ထဲမှာတော်တော်မကောင်းဘူး ဒါပေမယ့် သူ့ကိုတော့
ဝမ်းနည်းကြောင်းမပြချင်ဘူး
Perth : တကယ်... သွားတော့မှာပေါ့
Plan : အင်း ကျေးဇူးတင်ပါတယ် Perth
Perth : ငါမင်းအတွက် နောက်ဆုံးလက်ဆောင်ပါတယ်
Plan : လက်ဆောင်....... ?
Perth : မင်းအနောက်မှာ
Saint ကကမ္ဘာပေါ်မှာအလှပဆုံးအမျိုးသမီးတစ်ယောက်ကိုတွဲခေါ်လာခဲ့တယ်.... နှစ်ယောက်လုံးအလှဆုံးသော
အပြုံးတွေနဲ့
Plan : Perth
Saint : P Plan..... ချက်ချင်းကြီးထွက်သွားမှာကိုပြော
သင့်ပါတယ်နော်
အမေက ကျွန်တော့်လက်ကိုဆွဲကိုင်လိုက်တာနဲ့ ချက်
ချင်းစီးကျလာတဲ့မျက်ရည်စက်တွေ.....
Mom : ဘာလို့ငိုနေတာလဲ ကလေးရဲ့
Plan : ကျွန်တော်.... ကျွန်တော် ပျော်လို့ပါ
Mom : တစ်ယောက်ထဲလို့မတွေးနဲ့နော် အမေတို့ကဒီမှာအ
မြဲရှိနေတယ်.... အိမ်ကိုပြန်လာချင်ရင် အချိန်မ
ရွေးပြန်လာခဲ့ပါ
Plan : ဟုတ်ကဲ့.... ကျွန်တော် ခဏလောက်ဖက်လို့ရမ
လား
အမေခေါင်းတစ်ချက်ပဲညိမ့်ရသေးတယ်.... သူ့ကိုတင်း
တင်းကြပ်ကြပ်ဖက်ထားလိုက်မိတယ်
ဒီလောက်နွေးထွေးတဲ့ ရင်ခွင်..... ဘယ်တော့မှထပ်ရနိုင်မှာလဲ
Plan : ကျေးဇူးတင်ပါတယ်နော် အမေ.....
Saint....
Saint ကိုနာမည်လေးပဲခေါ်ရသေးတယ်.... Saint ကသူ့
ကိုဖက်လိုက်တယ်
Saint : ကျွန်တော်ကပြန်ကျေးဇူးတင်ပါရစေ.... ကိုကို့အ
တွက်အမြဲဘေးမှာရှိနေပေးလို့ ကျေးဇူးတင်ပါ
တယ်နော်..... P Plan
အိမ်ကနေအမြဲကြိုဆိုနေမှာပါ အချိန်မရွေးပြန်
လာခဲ့ပါ
Plan : ကျေးဇူးတင်ပါတယ်..... Saint
မင်းကတကယ်ချစ်ဖို့ကောင်းတဲ့ ကောင်လေးပါ
လေယာဉ်ချိန်နီးနေပြီ.... သွားရတော့မယ်
နောက်ဆုံးသူ့ရဲ့ခြေလှမ်းတွေကို Perth ရှေ့မှာရပ်တန့်
လိုက်တယ်
Plan : ငါ့သူငယ်ချင်း.... အကောင်းဆုံးသူငယ်ချင်း
ငါမင်းကိုသိခွင့်ရခဲ့တာ အရမ်းဝမ်းသာတယ်
နောက်တစ်ခါပြောပါရစေ ကျေးဇူးတင်ပါတယ်
Perth : Plan.....ငါမင်းကိုဘာပြောရမယ်တောင်မသိ
တော့ဘူး ကျိန်းသေတာကတော့ ငါလွမ်းနေမှာပဲ
Plan : ငါသွားတော့မယ်.... ငါနောက်ဆုံးပြောခဲ့တဲ့ စကား
ကိုမမေ့လိုက်နဲ့နော် ဒါငါမင်းအတွက်နောက်ဆုံးပေး
နိုင်တဲ့လက်ဆောင်ပဲ
အဲ့ညက သူကျွန်တော့်အတွက်အကောင်းဆုံး လက်ဆောင်ကိုပေးခဲ့ပါတယ်
Plan : ငါတို့လောင်းကြေးကိုမှတ်မိသေးလား မင်းကူညီ
ရင် Saint ကိုပေးမယ်ဆိုတာလေ
Perth : မှတ်မိတာပေါ့ ကလေးဆန်ခဲ့ကြတာပဲ
Plan : Ae..... မင်းဘဝကြီးမှာ တန်ဖိုးတကယ်ရှိမယ့်လက်
ဆောင်ကိုငါပေးချင်တယ်...... " Saint "
သူကမင်းအတွက်တန်ဖိုးရှိတာမဟုတ်ဘူး မင်းက
Saint အတွက်အဖိုးဖြတ်မရအောင် တန်ဖိုးကြီးတာ
သူကံကောင်းလွန်းတယ် သူ့ကိုအရမ်းချစ်မယ့်သူရှိ
တာ.... ငါတို့လောင်းကြေးမဟုတ်ဘဲ
တကယ့်စစ်မှန်တဲ့ အချစ်တွေနဲ့မင်းဆီကို ငါ့ညီ
လေးကိုတစ်ဘဝလုံးစာ ယုံကြည်စွာအပ်နှံခဲ့ချင်တယ်
ကတိပေးနိုင်မလား သူ့ကိုငါ့ထပ်ပိုချစ်မယ်လို့လေ
စိတ်မပူပါနဲ့...... Plan
ငါဒီကောင်လေးလက်ကိုထာဝရဆုပ်ကိုင်ပြီး ပိုသာတဲ့အ
ချစ်တွေပေးနေမှာပါ.....
ငါသူ့ကိုဘယ်တော့မှပြစ်ပယ်ခဲ့မှာမဟုတ်ဘူး ယုံကြည်လိုက်ပါ....... ငါဒီကောင်လေးကို အရမ်းချစ်ပါတယ်
Final Episode is coming soon