Part 9

960 98 3
                                    

Saint : လှလိုက်တာ ပျော်စရာကြီး
ပင်လယ်ကမ်းစပ်ကိုပြေးဆင်းတော့တာပဲ အခုထိကလေးစိတ်မပျောက်နိုင်သေးဘူး ချစ်ဖို့ကောင်းတယ်
တီရှပ်မိုးပြာရောင်လေးဝတ်ထားတဲ့သူ့ရဲ့ကိုယ်ရောင်ကိုယ်
ဝါကို နောက်ခံမိုးကောင်းကင်ပြာကြီးကတောင်မယှဉ်နိုင်
လောက်ဘူး
သူရဲ့အပြုံးတွေဆိုလည်း နေမင်းကြီးကိုတောင်တုပနိုင်
တယ်
ပင်လယ်ရေတွေကိုခြေထောက်နဲ့ကန်ပြီး ကစားပျော်မြူး
နေတဲ့ကောင်လေးရဲ့အလှက ပင်လယ်ကြီးကတောင်ငေး
ယူရလောက်မယ်ထင်ရတယ်
ဒီနေ့ သူအရမ်းချစ်ဖို့ကောင်းနေတယ်
Saint : ကိုကို လာလေ .....
ဒူးအောက်လောက်ရေစပ်နေရာကနေ ရီမောပြီးကမ်းစပ်
ကကို့ကို လက်ယပ်ခေါ်လိုက်တယ်
သွားချင်တာပေါ့ သူနဲ့အတူပျော်ချင်တာပေါ့ ဒါပေမယ့်
ဆန္ဒတစ်စုံဆိုတာ လွှတ်ပေးချလိုက်တိုင်းလည်းမကောင်း
ဘူး
Saint : ဘာလို့လဲ ပျော်ဖို့ကောင်းတာကို
Saint ကကမ်းစပ်ကိုအမြန်ပြေးလာပြီး Perth ရဲ့လက်
ကိုအတင်းဆွဲခေါ်သွားလိုက်တယ်
Perth : ဘာလုပ်တာလဲ ငါမလိုက်ဘူး Saint
မလိုက်ချင်တာသေချာရဲ့လားဆိုတာမပြောတတ် အတင်းကြီးမရုန်းကန်နိုင်ဘဲ ခြေလှမ်းတွေကလိုက်ပါသွား
ခဲ့တယ်
ရေထဲရောက်တာနဲ့ Saint ကရေကိုလက်နဲ့ခပ်ပြီး Perth
ခန္ဓာကိုယ်ကို ဆက်တိုက်ပတ်လိုက်တယ်
Perth : Saint တော်တော့
ဘယ်လိုတားတား မရ .... ပိုတောင်မြန်လာသေးတယ်
Perth : Saint ငန်တယ် ဆားငန်ရေတွေ
Saint ကမရပ်တော့ သူလည်းရေကိုယူပြီးပြန်ပတ်
လိုက်တယ် မိုးရာသီအချိန်မို့လားမသိ ပင်လယ်ပြာကြီးထဲ
မှာသူတို့နှစ်ယောက်ထဲ ......
Perth : မင်းမရပ်ဘူးပေါ့ ရတယ်လေ
Perth ကစနောက်ပြီး Saint ပခုံးကနေကိုင်ပြီးတွန်းဖို့
ကြိုးစားလိုက်တယ် ဒါပေမယ့် အရှိန်လွန်သွားတယ်ထင်
တယ် Saint လုံးဝကိုလဲကျမလိုဖြစ်သွားတယ်
တော်သေးတာပေါ့ အသိမြန်ပြီးသူဖမ်းဆုပ်ကိုင်လိုက်လို့
အနေအထားတစ်ရပ်ကတော့ စိုးရိမ်တကြီးဖမ်းဆွဲလိုက်
တာပဲ ဒါပေမယ့် အားပြင်းပြီးသူတို့နှစ်ယောက်နှုတ်ခမ်း
ချင်းရုတ်တရက်ပွတ်ထိမိသွားတာကတော့ တိုက်ဆိုင်မှုပဲ
နှစ်ယောက်လုံးအဲံ့သြမှင်သေသွားလိုက်တာ စကားတောင်
မပြောနိုင်တော့ဘူး
Perth : ငါ ...... ငါတောင်းပန်ပါတယ်
Saint : ဘာမှမဖြစ်ပါဘူး မတော်တဆကဖြစ်တတ်တာပဲ
ညီအကိုတွေပဲ ပြသနာမရှိပါဘူး ကျွန်တော်ဗိုက်
ဆာနေပြီ Hotel ပြန်ရအောင် .....
သူရှက်ကိုးရှက်ကန်းထွက်သွားတာလား အံ့သြလွန်
သွားတာလား ဒါမှမဟုတ် ..... လုံးဝညီအကိုဆိုပြီးလျစ်
လျူရှုလိုက်တာလား
မင်းကတော့စိတ်ထဲဘယ်လိုသဘောထားလဲမသိပေမယ့်
ငါကမင်းနဲ့တွေ့ဆုံနီးကပ်တိုင်း ..... ရူးချင်မိတယ်
Saint : ကိုကို မစားဘူးလား ဗိုက်မဆာဘူးလား
Perth : အင်း သိပ်မဆာဘူး
Saint : ဟုတ်လား
Saint ကတစ်ယောက်ထဲပဲ ဂဏန်းတွေ ပုစွန်တွေကိုအားရပါးရစားသောက်နေတာ Perth ကိုတောင်မကြည့်နိုင်ဘူး
Saint : ဂဏန်းကောင်းတယ် ရေဘဝဲရောပဲ ကိုကိုစား
ကြည့်ပါ
Perth ရဲ့ပန်းကန်ထဲကို အများကြီးထည့်ပေးလိုက်ပေ
မယ့် Perth ကပြန်ပြီးသူ့ပန်းကန်ထဲလှမ်းထည့်လိုက်တယ်
Saint : ဘာလို့မစားတာလဲ ကောင်းပါတယ်ဆို
Perth : ပင်လယ်စာတွေစားပြီးရင် ဗိုက်ထဲနေလို့မကောင်း
ဘူး မင်းသာဝအောင်စားပါ
Saint : ဒါဆိုလည်းအသားတစ်ခုခုမှာတာမဟုတ်ဘူး ဘာ
လို့လဲ
Perth : မင်းတော်တော်စကားများတာပဲ ကို့ဘာသာစားဆို
Perth နည်းနည်းဒေါသထွက်မယ်ကြံလာတာနဲ့ သာလိကာပေါက်စလေးလည်း ချက်ချင်းအသံတိတ်လိုက်တယ်
Perth : မနက်ဖြန် အိမ်ပြန်ရမယ် မင်းကျောင်းတက်ဖို့တွေ
လုပ်ရတော့မယ်မလား
Saint : ဟုတ်ကဲ့
အိပ်လို့တောင်မရဘူး တိတ်ဆိတ်နေတဲ့အခန်းထဲမှာ
တစ်ယောက်ထဲဆိုတော့ ဟိုတွေးဒီတွေးနဲ့ မနက်ကနမ်းမိ
သွားတဲ့အချိန်မှာအတွေးတွေအဆုံးသတ်တော့တာပဲ
သဘောကျနေတယ် ဒီကလေးကိုထိနမ်းလိုက်မိတာကို
ပြန်တွေးရင်းနဲ့ပြုံးနေမိတယ်
ဒေါက် ဒေါက် ...... ည ၁၀ နာရီကိုဘယ်သူရောက်လာတာလဲ Saint လား
တံခါးသွားဖွင့်လိုက်တော့ တကယ်သူ ... သွားကြီးဖြီးပြီး
တော့အကိုကိုတံခါးလေးနားကပ်ကြည့်နေတယ်
Perth : ဘာလာလုပ်တာလဲ
Saint : တစ်မျိုးကြီးပဲ တစ်ယောက်ထဲမအိပ်ရဲဘူး
Perth : ဘာ .....
Saint ကပြုံးပြုံးကြီး သူ့အခန်းထဲစွတ်ဝင်လာတယ်
သူ့အခန်းကျနေတာပဲ ကုတင်ပေါ်ပြစ်လှဲပြီးစောင်ပါခြုံ
ထားလိုက်သေးတယ်
Saint : ဘာလုပ်နေတာလဲ မအိပ်သေးဘူးလား
Perth : အဲ့ဒါမင်းကိုမေးရမှာ ဘာလုပ်တာလဲ
Saint : တစ်ယောက်ထဲအိပ်ရမှာကြောက်တယ် ကို့အိမ်လဲ
မဟုတ်ဘူးလေ လာပါ ငြိမ်ငြိမ်လေးအိပ်ပါမယ်
အရင်လိုတော့မငြင်းဆန်နိုင်ပါဘူး သူလည်းပျော့ပျောင်းနေပါပြီ
Saint နဲ့နည်းနည်းအကွာမှာဝင်အိပ်လိုက်တယ် Saint နဲ့
တော့ခပ်ခွာခွာနေတာပဲလေ Saint ကလက်မောင်းကိုကိုင်
ပြီးအနားမှာလာအိပ်မယ်လို့တော့မထင်မိဘူး
Perth : ဘာလုပ်တာလဲ
Saint : ကို့အကိုကိုကိုင်ထားတာ ဘာဖြစ်လို့လဲ ဒီတိုင်းဆို
အိပ်ပျော်မှာမဟုတ်လို့ပါ နော်
Perth : အိပ်နှင့် ငါအအေးသောက်လိုက်ဦးမယ်
Perth ကဝေးရာကိုတမင်ထသွားလိုက်တယ်
Saint : မနက်ဖြန်ပြန်ရမှာဆိုတော့ အိပ်ရင်နှမြောစရာကြီး
Saint ကပြေးလာပြီးရေခဲသေတ္တာထဲက ဘီယာနှစ်ဘူး
လောက်ထုတ်လိုက်တယ်
Perth :ဒါတွေယူပြီး ဘာလုပ်မှာလဲ မင်းမသောက်တတ်ဘဲ
နဲ့
Saint : တစ်ခါလောက်တော့စမ်းကြည့်ချင်တယ်လေ အိမ်
မှာဆိုဖေဖေနဲ့မဖြစ်ဘူးလေ တစ်ခါလောက်စမ်း
ကြည့်မယ်နော်
Saint တစ်လုပ်လောက်သောက်လိုက်တာနဲ့ မခံမရပ်နိုင်
မျက်နှာကြီးကရှုံ့မဲ့သွားတာပဲ Perth တောင်ထရီလိုက်မိ
တယ်
Perth : ဟား ဟား ဟား
ငါပြောသားပဲ မင်းမသောက်နိုင်ဘူးလို့ မင်းကတ
ကယ့်ကလေးပဲ
Saint : ကျွန်တော်ကလေးမဟုတ်ပါဘူး
Perth : ကလေးလောက်တောင်သောက်နိုင်လို့လား အပို
မလုပ်ဘဲအိပ်ပါတော့
Saint ကအံကိုကြိတ်ပြီး Perth ကိုစောင်းကြည့်လိုက်
တယ်
Saint : ကိုကိုကအထင်သေးတယ်ပေါ့ သက်သက်လူကို
လှောင်နေတာပဲ ရတယ်လေ ကြည့်ထား အကုန်
သောက်ပြမယ်
ဘီယာဘူးကိုသုံးလေးလုပ်စီလောက်မော့သောက်လိုက်
တယ် ဘယ်ကအင်အားတွေရနေလဲမသိဘူး ဟန်ချက်မ
ပျက်နောက်တစ်ဘူးကိုထပ်ဖောက်လိုက်တယ်
Perth : Saint များမယ် တော်တော့
Saint : ဘာကိုများရမှာလဲ  သောက်နိုင်သေးတယ်
စကားလုံးတွေကတစ်ဖြည်းဖြည်းနဲ့လေလုံးမကွဲတော့
ဘူး လူကလည်းယိုင်လာသလိုပဲ မဖြစ်ဘူး ဆက်သောက်ရင်မှောက်တော့မယ်
Perth : ok ok မင်းသောက်နိုင်တယ် မင်းလူကြီးဖြစ်လာပြီ
ပဲ တော်လိုက်တာ တော်တော့နော်
ချော့ပြောမှပဲ ဘီယာဘူးကိုယူလို့ရတော့တယ်
Saint : ကိုကို
သူ့ကိုခါးကနေဖက်ပြီးထိန်းပေးထားရတဲ့ Perthကိုရီဝေ
ဝေမျက်လုံးတွေနဲ့ကြည့်နေလိုက်တယ်
Saint : ကိုကို သိလား ..... ကိုကို့ကိုအရမ်းချစ်တယ်
ငြိမ်သက်ပြီးဒီကလေးကိုကြည့်နေမိတယ် မင်းလိုပဲငါလည်းအရမ်းချစ်တာပေါ့ မင်းချစ်တာထပ်ပိုပါတယ်
အကြည့်တွေက သူ့ရဲ့နှုတ်ခမ်းပါးလေးတွေစီမှာ
ခံစားချက်တွေက သူ့ကိုချစ်နေတဲ့အချစ်တွေဖုံးလွှမ်းနေတာ
စိတ်ကိုချုပ်တည်းထားရတာပင်ပန်းလို့ တစ်ခါလောက်
တော့လွှတ်ချထားချင်တယ်
ထိန်းပေးထားတဲ့ခါးကိုအနားကပ်အောင်ထပ်ဆွဲပြီး Saint
ရဲ့နှုတ်ခမ်းပါးလေးတွေကိုထိနမ်းလိုက်တယ်
Saint ကြောက်အားလန့်အားရုန်းကန်မယ်ထင်ပေမယ့်
သူ့မျက်လုံးတစ်စုံကိုမှိတ်ထားပြီး ကျွန်တော့်နှုတ်ခမ်းဖျား
တွေကိုစုပ်နမ်းနေခဲ့တယ်
သူမူးနေလို့အခွင့်ကောင်းယူခဲ့တာမဟုတ်ပါဘူး ဆန္ဒတစ်
ခုကိုရနိုင်တဲ့အချိန်မှာအသုံးချလိုက်မိတာပါ
Part 9 ( the end )

ကိုကို့ရဲ့ ကလေးလေး Where stories live. Discover now