Part 17

777 86 12
                                    

ကျွန်တော်ဘယ်လောက်ထိ ကိုကို့အပေါ်မျှော်လင့်ထား
ခဲ့ရသလဲသိရဲ့လား ..... အမေနဲ့ခွဲပြီးဒီကိုပြန်လာခဲ့တာ
ပညာရေးကြောင့်မဟုတ်ဘူး ချမ်းသာမှုတွေကြောင့်မဟုတ်ဘူး အဆင့်အတန်းကြောင့်မဟုတ်ဘူး
နောက်ဆုံးပြောရရင် အဖေ့ကြောင့်တောင်မဟုတ်ဘူး
ကိုကို့ကြောင့်ပါ ...... ကျွန်တော့်အကိုကိုအရမ်းချစ်လို့ပါ
သူ့အတွက်သာ ကျွန်တော်ဒီနေရာမှာရှိနေတာပါ
ဒါပေမယ့် ကျွန်တော်စိတ်ပျက်မိတယ် မုန်းမိတယ် ရွံရှာမိ
တယ် ..... မျှော်လင့်ထားသလို ပျော်ရွှင်စရာကောင်းတဲ့
အချိန်တွေကိုပိုင်ဆိုင်ရပြီလို့ထင်ထားမိတော့မှ
သူက ကျွန်တော့်အကိုမဟုတ်ဘူး.......
Perth : အိမ်ပြန်ကြရအောင်
ဝမ်းနည်းမိသွားသလိုတော့ခံစားလိုက်ရတယ် သူ့လက်
တွေကစီးကျနေတဲ့သွေးစက်တွေက ကျွန်တော့်ရင်ကိုတစ်စစီဆွဲဆုပ်လိုက်သလိုပဲ
ဒါပေမယ့် တစ်စက္ကန့်လောက်အကြာမှာပဲ ကျွန်တော်ပြောင်းလဲသွားခဲ့တယ်
Saint : မလိုက်ချင်ဘူး ကို့ဘာသာပြန်လာမှာမို့လို့ စိတ်မပူ
ဘဲ ကို့ဘာသာနေပါ
Perth : Saint ..... မင်းငါ့ကိုဘယ်လိုမျက်နှာထား ဘယ်လို
လေသံနဲ့ပြောလိုက်တာလဲ
Saint : သူငယ်ချင်းတွေရှိနေလို့ စကားတွေအများကြီးမ
ပြောချင်ဘူး အေးဆေးပြန်လိုက်ပါ
Saint ကချက်ချင်းလှည့်ထွက်သွားဖို့ပြင်လိုက်ပေမယ့်
Perth ကလက်ကနေအတင်းဆွဲကိုင်ထားလိုက်တယ်
Saint : လွှတ်ပါ
Pond : ဟေး .... ကျွန်တော့်သူငယ်ချင်းကမကြိုက်ဘူး
လေ .... အေးဆေးနေစမ်းပါ
Perth : မင်းကဘာလဲ ငါ့ညီငါပြောတာမင်းနဲ့ဆိုင်လား
Pond : ခင်ဗျားကြီးကရော ဘာဖြစ်ချင်တာလဲ
ဝင်တားရာကနေ နှစ်ယောကိသားထိုးကြိတ်တော့မယ့်
အလားအလာတွေမြင်နေရပြီ
Saint ကနှစ်ယောကိကြားဝင်ပြီးအတင်းခွဲချလိုက်တယ်
Saint : တော်ပါတော့ !!!!!!!!!
Jesi : Pond ကို့ဘာသာနေ ..... Saint နင်ပြန်လိုက်တာ
ကောင်းမယ်ထင်တယ် နင်လည်းမူးနေပြီပဲ
Saint အပြင်ကိုထွက်သွားတဲ့ထိနောက်ကနေ တ
ကောက်ကောက်အရိပ်မကွာ လိုက်နေမိတယ်
Saint : ကို့ဘာသာအိမ်ပြန်ပါပြောနေတယ်လေ ဘာလို့
အတင်းလိုက်နေတာလဲ
Perth : မင်းငါနဲ့လိုက်ခဲ့
ကားလမ်းမပေါ်မှာ စကားအချေအတင်ပြောဖို့အဆင်မ
ပြေလို့ သူ့ကိုလူရှင်းတဲ့နေရာကိုအတင်းဆွဲခေါ်သွားခဲ့တယ်
Perth : Saint .....
Perth ရဲ့ဒေါသနဲ့ယှဉ်ကြည့်ရင် သူအတော်စိတ်လျော့ချထားတဲ့လေသံနဲ့ နာမည်လေးကိုရေရွတ်လိုက်တယ်
Perth : မြင်လား
သူ့လက်မှာစွန်းထင်နေတဲ့သွေးတွေကို ပြလိုက်တယ်
ရင်ထဲမှာစူးနစ်သွားသလို ခံစားလိုက်ရတာ မကောင်းလိုက်
တာ ..... မမြင်ချင်ဘူး
Perth : ငါနာနေတယ် ..... မင်းကိုဆွဲထိုးမိမှာစိုးလို့ ငါ့ကိုငါ
အနာခံလိုက်တာ အခုငါအရမ်းနာနေရတယ်
Saint ..... ကိုကို့ကို ဒဏ်ရာအတွက်ဆေးခန်းမပို့
ပေးတော့ဘူးလား ကိုကိုနာနေလို့ပါ
ကလေးတစ်ယောက်က ချိုချဉ်လာတောင်းနေသလို
သူကျွန်တော့်ဆီက ဂရုစိုက်မှုကိုလာတောင်းခံနေတာပဲ
Saint : ကျွန်တော့်အကိုဆိုရင် ..... လိုက်ပို့ပေးရုံသာမက
ဘူး သူနာကျင်နေတာနဲ့တောင် ရင်နာနေမိမှာပါ
ဒါပေမယ့် သူစိမ်းတစ်ယောက်အတွက်ကတော့
ဘာမှမခံစားနိုင်ဘူး
သူစိမ်းတစ်ယောက် ...... ဆိုတဲ့စကားက
ကျွန်တော့်ရဲ့ခြေထောက်တွေကိုတောင် အင်အားမပေးတော့သလိုချိနဲ့သွားစေတယ်
Perth : မင်း ...... Saint .....
Saint : အနားကိုမလာပါနဲ့ ..... အနားကိုကပ်မလာနဲ့
သူ့အနားလာမှာစိုးလို့ ကျွန်တော့်ကိုဖြူဥနေတဲ့လက်
လေးနဲ့ကာထားတယ်တဲ့လား
Saint : ရွံရှာလို့ အနားကိုမလာနဲ့ !!!!!!!!
ဘာမှမပြောနိုင်တော့ဘူး မျက်ရည်တွေစီးကျလာတာပဲ
သိတော့တယ် ..... ဘယ်လောက်ခံစားပြီးအထိနာလိုက်လဲ
မေးရင် ဒီမျက်ရည်တွေကသက်သေဖြစ်လိမ့်မယ်
Saint : Plan ကကျွန်တော့်ဆီလာပြီး လက်မှတ်ထိုးခိုင်းခဲ့
တာ ...... မင်းလက်ချက်မလား
Perth : မ ... မဟုတ်ပါဘူး
Saint : ငြင်းဆန်မနေနဲ့ ဘာကြောင့်ဖေဖေက ကျွန်တော့်
နာမည်နဲ့လွှဲပေးပါလိမ့်လို့တွေးနေခဲ့တာ
အဖြေကအဲ့ဒါကို ..... မင်းကငါ့ပိုင်ဆိုင်မှုတွေအ
ပိုင်စီးပြစ်ချင်လို့ ကပ်ခဲ့တာကို
Perth : Saint .....
ကျွန်တော်မဖြေရှင်းတာမဟုတ်ဘူး ဖြေရှင်းဖို့စကားကို
မရှိတာ ...... ဆွံ့အနေခဲ့တာ " မင်း " ဆိုတဲ့အခေါ်အဝေါ်
လေးကတောင် ဆွံ့အသွားစေတာ
Saint : ယူသွားပါ ..... အားလုံးယူသွားလို့ရတယ်
ဒါပေမယ့် နောက်ဆိုငါ့နားမှာမမြင်ချင်ဘူး
Perth : Saint ..... တော်ပါတော့ ငါ့ရင်တွေနာကျင်လွန်းလို့
ရပ်ပါတော့ !!!!!
သူ့ရင်တွေကိုတဒုန်းဒုန်းထုပြီး အော်ဟစ်လိုက်တယ်
Perth : နာကျင်လို့ပါ ..... ငါ့ကိုအဲ့လိုမပြောပါနဲ့ကွာ
မင်းသိလား ငါမင်းကိုဘယ်လောက်ချစ်လဲဆိုတာ
ဘယ်လောက်မြတ်နိုးလဲဆိုတာ ဘယ်လောက်
တန်ဖိုးထားလဲဆိုတာ ..... မင်းသိရဲ့လား
Saint အနားကိုချက်ချင်းကပ်ပြီး ခွင့်ပြုချက်မပါတဲ့
အနမ်းကို အတင်းအကြပ်ပေးလိုက်မိတယ်
ဒုတ် ဒုတ် ..... Saint ရဲ့လက်တစ်စုံလုံးနဲ့ ရင်ဘတ်ကိုထုပြီး
ငြင်းဆန်နေတာတောင် သူ့ပါးကိုကိုင်ထားတဲ့လက်ကိုမဖယ်ပေးနိုင်သလို သူ့နှုတ်ခမ်းကိုနမ်းနေမိတဲ့ အနမ်းကိုလည်း မရပ်တန့်နိုင်ဘူး
" အာ " ..... ရုတ်တရက်သူ့သွားတွေနဲ့ဖိကိုက်လိုက်တဲ့
ဒဏ်ကြောင့် နှုတ်ခမ်းပေါ်မှာသွေးစွန်းထင်သွားမိတယ်
Saint : အနားကိုမလာနဲ့ ..... ပြောတော့ကျွန်တော့်အကိုဆို
ဘာလို့ ကျွန်တော့်ကိုအခုလိုနမ်းရတာလဲ ဒါအကို
လား
Perth : မင်းသိရဲ့လား ငါမင်းကိုချစ်လွန်းလို့အကြိမ်ကြိမ်
ခိုးနမ်းခဲ့ရတာ မင်းသိလား
ကျွန်တော့်စိတ်ကလမ်းနှစ်သွယ်ရဲ့အလည်ကိုရောက်နေ
ခဲ့တယ် ..... တစ်လမ်းက သူ့ကိုမုန်းတီးနေမိသလို တစ်လမ်းက သူ့ကိုအရမ်းချစ်နေမိတယ်
Saint : မသိဘူး .... နောက်ဒီလိုမပြုမှုပါနဲ့
Perth : ငါမင်းအကိုမဟုတ်ဘူး .... !!!!!!
သူကိုယ်တိုင်ဖွင့်ဟလိုက်မှတော့ ဘာမှပြောစရာစကား
မရှိတော့ဘူးပေါ့
Saint : နောက်ထပ်မဆုံဘဲနေကြရအောင်
Saint လှည့်ထွက်သွားဖို့ကြိုးစားခဲ့တယ် .... ဒါပေမယ့်
သူ့ကိုဒီအတိုင်းမုန်းတီးစိတ်တွေနဲ့ ထွက်မသွားစေချင်ဘူး
Perth : မင်းအကိုနဲ့ တွေ့ခွင့်ပေးမယ် ..... မင်းတွေ့ချင်
တယ်မလား
Saint : သူဘယ်မှာလဲ
Perth : နောက်ဆုံးအကြိမ်ဆိုရင်တောင် ငါ့ကိုယုံကြည်ပြီး
လိုက်ခဲ့ပေးလို့မရနိုင်ဘူးလား
Perth ခေါ်ရာကိုလိုက်ခဲ့ပေမယ့် သူတို့အခုသွားနေတာ
လူနေတဲ့နေရာရောဟုတ်ရဲ့လား .....
Saint : နေဦး ဒါဘယ်နေရာလဲ ....
ညဘက်လူရှင်းတဲ့အချိန်ဆိုတော့ ခြောက်ခြားလိုက်တာ
နောကိဆုံးတော့လမ်းကအဆုံးသတ်သွားပြီ .... သူတို့ရပ်
နေတဲ့နေရာက ချောက်ကမ်းပါးတစ်ခုရဲ့အစွန်မှာ
ရှေ့ကိုဆက်လျှောက်ရင်ချောက်ကမ်းပါးအောက်က မြစ်
ထဲကိုပြုတ်ကျဖို့ပဲရှိတော့မယ်
Saint : အခုဘာလို့ဒီကိုခေါ်လာတာလဲ .... ဘာလုပ်ဖို့စဉ်း
စားနေတာလဲ
Perth ကလုံးဝမတွန့်ဆုတ်ဘဲ ချောက်ကမ်းပါးအောက်
ကိုလက်ညိုးထိုးပြလိုက်တယ်
သူဘာလို့ဒီလိုလုပ်ပြတာလဲ ...... ဘာကိုဆိုလိုချင်တာလဲ
Saint : အခု .... ဘာလုပ်နေတာလဲ
Perth : မင်းအကို ..... Perth ဆိုတာ ဒီအောက်ကမြစ်ထဲ
မှာအိပ်စက်နေတယ်
ရုတ်တရက် အောက်ကိုပြစ်လဲပြီးထိုင်ချလိုက်မိတယ်
ဘာတွေဖြစ်နေလဲမသိနိုင်တဲ့အခြေအနေမှာ ..... စိတ်အ
ရမ်းပင်ပန်းလွန်းနေပြီ
Perth : ငါ ..... ဘယ်လိုရှင်သန်ခဲ့ရသလဲသိလား
ငါ့ကိုငါမပိုင်ခဲ့ဘူး တစ်ခြားသူအနေနဲ့ရှင်သန်နေရ
တာ ငါဘယ်လောက်ပင်ပန်းခဲ့ရတယ်ထင်လဲ
ငါ့ကိုငါသေချင်လောက်တဲ့ထိ နာကျင်ခဲ့ရတာ မင်း
မသိပါဘူး
Saint : ဘယ်တုန်းကလဲ .... ဘာလို့လဲ ဘာလို့ကိုကိုဒီလို
လုပ်ခဲ့တာလဲ သူ့ကိုဘယ်သူသတ်ခဲ့တာလဲ
Perth : သူ့ကိုသူသတ်သေခဲ့တာ ..... မင်းနဲ့မင်းအမေထွက်
သွားပြီးတစ်လအကြာမှာ ..... သူ့ကိုတိုင်အေးချမ်း
မှုကိုရှာဖွေခဲ့တယ်
Saint : ဘာလို့လဲ
Perth : သူထွက်ပြေးချင်ခဲ့တာ ..... သူ့အဖေနဲ့လောကကြီး
ရဲ့ပင်ပန်းမှုတွေဆီကနေ ထွက်ပြေးခဲ့တာ
ဒါပေမယ့် ငါ့ဆီကိုမမျှော်လင့်ဘဲ ပင်ပန်းမှုတွေက
ရောက်လာခဲ့တယ် .... ငါကိုတိုင်လည်းသူ့လိုပဲ
ထွက်ပြေးချင်ခဲ့တယ် ငါဘာလို့ဒီအချိန်ထိသည်းခံ
နေခဲ့လဲဆိုရင် .... အဖြေက မင်းပါ
" Saint " .......
Part 17 ( the end )

ကိုကို့ရဲ့ ကလေးလေး Where stories live. Discover now