အလှပဆုံးသောခြေလှမ်းတွေနဲ့ ကောင်လေးအနားကို
ရောက်လာခဲ့တယ်
Saint : ဘာလို့တစ်ယောက်ထဲလာတာလဲ
Perth : ဘယ်လို ... မင်းဘယ်လိုရောက်လာတာလဲ
ဆင်တူလည်းဝတ်ထားတယ် အချိန်ကိုက်လည်းဒီကို
ရောက်လာတယ် ဒါဆို သေချာတာကဟိုကောင့်လက်ချက်ပဲ
Saint : အဲ့ဒါတွေနောက်မှပြောတာပေါ့ ဘုရားရှိခိုးပြီးပြီမ
လား ဆီမီးဘယ်လိုပူဇော်တာလဲ
Perth ကရီပြီး Saint လက်တစ်ဖက်ကိုထပ်ကိုင်လိုက်
တယ် ဖယောင်းတိုင်ရဲ့အောက်ခြေကိုအတူမီးညှိပြီးဆီမီး
ခွက်မှာထွန်းညှိပေးလိုက်တယ်
Saint : ဒီလိုလုပ်တာကို ဆုတောင်းလေ ကိုကို
Saint ကြည့်ရတာလိုက်လာရလို့တအားပင်တက်ကြွနေ
တာလား သူ့အပြုံးတွေကနဂိုချိန်ထပ်ပိုတောက်ပနေတယ်
သူ့မျက်လုံးတစ်စုံကိုမှိတ် လက်အုပ်ကိုချီပြီး ဆုတောင်း
လိုက်တယ် သူဘာကိုဆုတောင်းနေလဲမသိပေမယ့် သူ့ကို
ငေးကြည့်နေရတာကိုသဘောကျနေမိတယ်
Saint : ကိုကို ဆုမတောင်းဘူးလား
Perth : မတောင်းပါဘူး
ဆုဆိုတာတောင်းဖို့မလိုတော့ဘူးလေ အခုပဲဘုရားက
ဖြည့်ဆည်းပေးလိုက်ပြီ Saint အနားကိုရောက်လာတယ်
လေ ဆုတောင်းကပြည့်သွားခဲ့လို့ထပ်မတောင်းဆိုတော့
ပါဘူး
Saint : ဘာလို့လဲ တစ်ခုလောက်တော့တောင်းသင့်တယ်
Perth : သွားရအောင်
ဘုရားတစ်ပတ်ကိုသူနဲ့အတူလျှောက်ခဲ့တယ် ဒီလိုနေ့မျိုး
ရှိလာမယ်လို့တစ်ခါမှစိတ်ကူးမယဉ်ခဲ့ဖူးဘူး
ဒီအချိန်လေးကိုရပ်တန့်ထားလို့ရရင် သိပ်ကောင်းမယ်
Saint : ကျွန်တော်ဘာဆုတောင်းခဲ့လဲ သိလား
ကိုကို ကျွန်တော့်ကိုအမြန်ဆုံးပြန်ချစ်လာပါစေဆို
တဲ့ဆုကိုတောင်းခဲ့တယ်
သူ့အတွက်ပြန်ပြောစရာစကားလုံးရှာမရဘူး
Saint : စိတ်ထဲတစ်မျိုးမဖြစ်ပါနဲ့ ကျွန်တော်စောင့်နိုင်
တယ် ဘာလို့လဲဆိုတော့ ကိုကို့မျက်ဝန်းတွေကို
ကြည့်လိုက်တိုင်း ကျွန်တော့်ကိုမကြိုက်တဲ့အ
ကြည့်မျိုးမတွေ့ရဘူး ဘာလို့လဲမသိဘူး
Saint က Perth ရဲ့လက်လေးတစ်ဖက်ကိုဆုပ်ကိုင်လိုက်
တယ်
Saint : ဟုတ်တယ်မလား ကိုကိုကျွန်တော့်ကိုချစ်တယ်
မလား ဘုရားပေါ်မှာမလိမ်ရဘူးတဲ့
Saint ဆုပ်ကိုင်ထားတဲ့လက်ကိုရုန်းပြီးလွှတ်ချလိုက်
တယ်
Perth : အရေးမပါတဲ့စကားတွေပြောနေမယ့်အစား Hotel
ပြန်အိပ်တာအကောင်းဆုံးပဲ မနက်ငါအလုပ်ရှိ
တယ်
ကိုကိုဘယ်လိုပဲပြောပြော ကျွန်တော်အပြုံးမပျက်ဘူး
သူ့မှာအကြောင်းအရင်းတစ်ခုခုရှိကိုရှိရမယ် အဲ့ကြားထဲကမှ သူ့ရဲ့မေတ္တာကိုရအောင်ပြန်ယူချင်တာ
Hotel Reception ကိုတိုက်ရိုက်လျှောက်သွားလိုက်တယ်
Perth : 301 နဲ့ကပ်ရပ်အခန်းရနိုင်မလား
Girl : Sir ဒီညအတွက်အခန်းမကျန်တော့ပါဘူး
Perth : ဘာ .... အခန်းအကုန်လုံးလား
Girl : ဟုတ်ပါတယ် ဒီညပွဲတစ်ပွဲရှိလို့ Booking ပြည့်နေ
ပါတယ်
သူတို့က Eng လိုတွေပြောနေကြတာ ကျွန်တော်လည်း
သိပ်နားမလည်
Saint : ကိုကို သူဘာပြောတာလဲ အခန်းမရှိဘူးလား
Perth : ဟုတ်တယ် ဒီညမရနိုင်ဘူးတဲ့
Saint : အဲ့ဒါဘာဖြစ်လဲ ကိုကို့အခန်းရှိနေတာပဲကို
Perth : မရဘူး ငါ့အခန်းမှာလိုက်နေလို့မဖြစ်ဘူး
Saint : အဲ့ဒါဆိုဘယ်မှာအိပ်ရမှာလဲ
နောက်ဆုံးတော့လည်း သူ့ကိုအခန်းထဲခေါ်လာရတာပဲ
Saint : အခန်းလေးကနေချငိစရာလေး
Perth : ဒါနဲ့မင်းဘယ်လိုလိုက်လာတာလဲ
Saint : အာ .... အဲ့ဒါကလား ကိုကိုခရီးသွားတယ်ကြားမိ
တော့ဦးလေးကြီးဆီကနေ P Plan ရဲ့ဖုန်းနံပတ်ကို
တောင်းခဲ့တယ်လေ အဲ့အကိုကလိုက်လာခဲ့ဖို့အကြံ
ပေးတာနဲ့ ဖေဖေ့ကိုလိမ်ပြီးထွက်လာတာ မေမေနေ
မကောင်းလို့ ချင်းမိုင်ခဏပြန်မယ်လို့လေ
ထင်တဲ့အတိုင်းပဲ Plan ရဲ့လက်ချက်ပဲ
Perth : အဖေ့ကိုညာဖို့အဲ့လောက်လွယ်ကူမယ်ထင်လား
Saint : ဘာလို့လဲ ဖေဖေမသိပါဘူး သိရင်လည်းကို့အကို
ဆီလိုက်လာတာပဲ ဘာဖြစ်လဲ
Perth : ထားလိုက်တော့ ငါရေချိုးလိုက်ဦးမယ် အိပ်ချင်
အိပ်နှင့်တော့
ကိုကိုရေချိုးခန်းထဲဝင်သွားတာနဲ့ ကျွန်တော်လည်းအိပ်
ရာပေါ်လှဲချလိုက်တော့တယ် တစ်နေကုန်ပင်ပန်းနေသလို
ကိုခံစားနေရတာ အခုမှသက်သာတော့တယ်
ရေချိုးခန်းထဲကနေသူထွက်လာတော့ ကုတင်ပေါ်ကခေါင်းအုံးတစ်လုံးကိုကောက်ဆွဲလိုက်တယ်
Saint : ကိုကို ဘာလုပ်ဖို့လဲ
အိပ်နေရာကနေချက်ချင်းကောက်ထပြီးသူ့ကိုလှမ်းမေးလိုက်တယ်
Perth : ဒီမှာမင်းအိပ်လေ ငါအပြင်ဧည့်ခန်းမှာထွက်အိပ်
လိုက်မယ်
Perth သူ့ရှေ့ကဖြတ်သွားတာနဲ့ Saint ကလက်ကိုလှမ်း
ကိုင်လိုက်တယ်
Saint : ကျွန်တော်တို့ကညီအကိုတွေလေ ဘာလို့ဒ်ီမှာမ
အိပ်တာလဲ ကုတင်ကကျယ်ပါတယ် အတူတူအိပ်
ရအောင်
ခဏတာထိ ၂ ယောက်လုံးဆီကဘာစကားသံမှမကြားရ
တော့ဘူး အနေအထားကငြိမ်သက်သွားတော့တယ်
ငါရင်ခုန်နေမိတာလား ငါ့ရင်ထဲမှာလှုပ်ခတ်နေတယ် ဘာ
လို့ ကိုကို့ကိုကြည့်ရင်းနဲ့ဒီလိုခံစားချက်မျိုးခံစားမိတာလဲ
Perth : မအိပ်တော့ဘူး မင်းအဆင်မပြေမှာစိုးလို့
Saint : မဟုတ်ဘူး
Saint ကခေါင်းကိုအတင်းခါရမ်းလိုက်တယ် Perth လက်ကိုဆုပ်ကိုင်ထားတဲ့အင်အားကပိုကြီးလာတယ်
Saint : ဒီမှာအိပ်ပါ ကျွန်တော်ကအဆင်ပြေပါတယ် နော်
ဒီမှာအိပ်ပါ ကိုကို
သူအိပ်နေပြီလား ..... မီးအမှောင်ချထားတော့ Saint
မျက်နှာကိုတောင်ကောင်းကောင်းမမြင်နိုင်ဘူး အတတ်နိုင်
ဆုံးသူနဲ့ခပ်ကွာကွာနေရာမှာအိပ်နေတာပဲ ဒါပေမယ့် Saint
ကိုကြည့်နေရင်းနဲ့ကိုအိပ်လို့မပျော်နိုင်ဘူး
Saint ကတော့နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်နေတာပဲ
ငါ့မှာတော့ နီးကပ်မှုတွေကြောင့်တစ်မျိုးကိုခံစားနေရတယ် ဘယ်လိုအိပ်နိုင်မှာလဲ
အင်းးး ...... Saint ကယောင်ပြီး Perth ဘက်ကိုလှည့်ပြီး
ဆက်အိပ်နေလိုက်တယ် သူ့လက်တစ်စုံကလည်း Perth ရဲ့
ရင်ဘတ်နေရာကျယ်ကြီးပေါ်မှာ
လန့်လိုက်တာ ..... လန့်တာထပ်ရင်ခုန်သံတွေကအဆတစ်
ရာလောက်ပိုတိုးလာတာဆိုပိုမှန်ကန်လိမ့်မယ်
ဘေးကသူကတော့အိပ်နေတာဘာမှမသိ သူ့မျက်နှာကအရမ်းကိုနီးကပ်နေတာ
Perth : လန့်သွားတာပဲ ဘယ်လိုတောင်အိပ်နေတာ.....
စကားလုံးတွေမဆုံးခင်ပဲ Saint ကယောင်ပြီးမျက်နှာနား
ကိုပိုကပ်လာလိုက်တာ.......
သူ့ရဲ့ပန်းရောင်သမ်းနေတဲ့နှုတ်ခမ်းဖျားလေးက Perth ရဲ့
တုန်လှုပ်နေတဲ့ နှုတ်ခမ်းတစ်စုံကိုဖွဖွလေးလာထိကပ်မိ
သွားတယ်
မျက်လုံးအပြူးသားသာကြည့်ပြီး အံ့သြနေမိတယ်
အခု ...... သူကငါ့ကိုလာနမ်းလိုက်တာလား
Part 6 ( the end )