Part 7

923 97 4
                                    

မနက်မိုးလင်းတော့ ကိုကိုနိုးသွားပြီလား ဘေးမှာသူ့ကို
မတွေ့ရတော့ဘူး
Saint : အော် ကိုကိုကမနက်စာတောင်စားနေပြီကို ကျွန်
တော့်ကိုတောင်မစောင့်ဘူး
Saint ကစားပွဲမှာဝင်ထိုင်စားလိုက်တယ် Perth ကတော့
ဘာမှပြန်မပြော သူ့မနက်စာကိုသာဆက်စားလိုက်တယ်
Saint : ဒါနဲ့ ကိုကိုမျက်တွင်းတွေကျနေတာလား
Perth : ဟင် မဟုတ်ပါဘူး
Saint : ဘာကိုမဟုတ်ရမှာလဲ ညကအိပ်မပျော်လို့လား
ပန်ဒါမျက်လုံးဖြစ်နေတယ်နော်
  Saint ပြောမှပဲ သူအဲ့လောက်တောင်သိသာနေတာလား
Perth : မင်းရော အိပ်ပျော်လား
Saint : ဒါပေါ့ မနေ့ကပင်ပန်းနေတာ
အေးဆေးတောင်စားရင်းနဲ့ပြောနိုင်နေသေးတယ်
ငါ့မှာတော့ ညကအထိအတွေ့ကအခုထိမချေဖျက်နိုင်
သေးဘူး
Perth : ငါသွားတော့မယ်
Saint : ကုန်အောင်တောင်မစားတော့ဘူးလား ရုတ်တရက်
  ကြီး စောစောပြန်လာနော် ကျွန်တော်စောင့်နေမယ်
လုပ်ငန်းအတွက် လက်မှတ်ထိုးပြီးတာနဲ့ ဒီနိုင်ငံမှာကျန်
ရှိနေတဲ့အချိန်ပိုတွေကို ကောင်းကောင်းအသုံးချဖို့ဘယ်လို
နေရာများရှိနိုင်မလဲ အပွင့်လင်းဆုံးပြောရရင်တော့ မှန်ပါ
တယ် ကျွန်တော် သူနဲ့အပူအပင်ကင်းကင်းနဲ့ အေးအေးဆေးဆေးအချိန်လေးတစ်ခုလိုချင်လို့ပါ
Plan : မင်းဘာတွေစဉ်းစားနေတာလဲ ငါကားမောင်းလာ
တဲ့တစ်လျှောက်လုံးပြုံးစိစိနဲ့
Perth : ဘာမှမဟုတ်ပါဘူးကွာ မင်းဘာလို့ Saint ကိုဒီကို
ခေါ်လိုက်ရတာလဲ
Plan : ခေါ်တော့ဘာဖြစ်လဲ သူကမင်းရဲ့ညီပဲကို
Perth : Plan အဖေ့အကြောင်းကိုမင်းလည်းသိသားနဲ့ သူ
သိသွားရင်ပြသနာတွေကြီးလာလိမ့်မယ်
Plan : ငါဘာလို့ Saint ကိုဒီကိုခေါ်လဲ မင်းသိလောက်မှာ
ပါ ဘာလို့ငါ့ကိုပြန်မေးနေတာလဲ ငါနဲ့မင်းအတွက်
အကျိုးအမြတ်မရဘဲ ငါဘာကိုမှမလုပ်ဘူးလေ
Plan ကကျွန်တော့်အတွက်တော့ သူငယ်ချင်းကောင်း
အကိုကောင်းတစ်ယောက် ဒါပေမယ့် အဲ့ဒါကျွန်တော့်အ
တွက်သီးသန့်အရာပဲ တစ်ခြားဘယ်သူမဆိုသူ့အတွက်မရ
ဘဲလှည့်ကြည့်မယ့်သူမဟုတ်ဘူး
Perth : အဲ့ကောင်လေးကိုလွှတ်ပေးထားလိုက်ပါ
Plan : အဲ့ဒါငါ့အပိုင်းပါ မင်းလည်းကြိုက်တာလုပ်သလို
ငါလည်းလုပ်သင့်တာကိုလုပ်မှာပဲ မင်းအများကြီး
ပေးဆပ်ခဲ့ရတာကိုမမေ့နဲ့ အဲ့အတွက်တန်ကြေးတစ်
ခုလောက်တော့မင်းရမှဖြစ်မှာပေါ့ အဲ့လိုရဖို့လည်း
ငါတို့ ကောင်လေးကိုအသုံးချရမှာပဲ
Ding Dong ......
Saint : ကိုကိုတို့ပြန်လာပြီလား
သူ့အကိုဘေးကသူကိုတွေ့လိုက်တာနဲ့ ရီပြလိုက်တယ်
သိနေတယ်လေ ဒါက P Plan ဆိုတာ
Plan : မင်းကိုအခုမှဆုံဖူးတော့တယ်
Saint : ဟုတ်ကဲ့ ကျေးဇူးပါနော် ကျွန်တော့်ကိုဒီကိုခေါ်ခဲ့
တာ
Plan : မလိုအပ်ပါဘူး အချင်းချင်းတွေပဲကို
Perth : ငါပင်ပန်းနေလို့ အိပ်လိုက်ဦးမယ် မင်းလည်းအ
ခန်းပြန်တော့လေ
Plan : အင်းပါ ပြန်ပါ့မယ် သွားပြီနော် Saint
ဘယ်လောက်တောင်ပင်ပန်းနေလိုက်သလဲ ရောက်တာ
နဲ့တစ်ချိုးထဲအိပ်တော့တာပဲ
Saint : ကိုကို ကျွန်တော်အပေါ်ထပ်မှာရေသွားကူးဦး
မယ်နော်
ပြောတာတောင်ပြန်မဖြေပုံထောက်ရင် တကယ်အိပ်
ပျော်သွားတာလား မြန်လိုက်တာ
အင်းလေ သူပင်ပန်းနေတာဖြစ်မှာပေါ့
Saint လည်း Towels တွေယူပြီးအခန်းထဲကထွက်သွား
လိုက်တယ်
အားးး...... ငါအိပ်ပျော်သွားတာပဲ အခုမှပဲခေါင်းကြည်
ကြည်လင်လင်ရှိတော့တယ် ဘယ်နှစ်နာရီတွေတောင်ရှိကုန်ပြီလဲ ဖုန်းကနာရီကပြနေတော့ ၇ နာရီတဲ့
ငါအဲ့လောက်တောင်အိပ်ပျော်သွားတာလား ဒါတောင်ချက်ချင်းမထနိုင်သေးဘူး ခေါင်းထဲမှာရေးတေးတေးဖြစ်တုန်းပဲ
Perth : Saint ညနေစာမှာပြီးပြီလား .... Saint
ဒီကောင်လေးခေါ်မကြားပါလား ဘယ်ရောက်သွားတာလဲ ဧည့်ခန်းမှာများအိပ်ပျော်နေသလား ရေပဲခ်ျိုးနေသလား
Perth : Saint
ခုနထပ်အသံကို နှစ်ဆလောက်ချဲ့အော်လိုက်တယ်
မဟုတ်သေးဘူး ဒီလောက်ဆိုကြားသင့်နေပြီကို
ကမန်းကတန်းအိပ်ရာကကောက်ထလိုက်တယ် ဖုန်းဆက်
လိုက်ပေမယ့် ဖုန်းသံကသူ့ဘေးမှာလာမြည်နေတယ် ဖုန်း
ကျန်ခဲ့တာပဲ
ကောက်ထပြီး ဧည့်ခန်းထဲကြည့်တော့လည်းမရှိ
Perth : Saint မင်းငါ့ကိုနောက်နေတာလား
ရေချိုးခန်းတံခါးကလည်းပွင့်နေတာ အထဲမှာလူမှမရှိ
တာ ငါ ၃ နာရီလောက်အိပ်ပျော်သွားတာ သူဘယ်ရောက်
သွားတာလဲ တစ်ခုခုဖြစ်နေတာလား
ဟိုတယ်ကော်ရစ်ဒါတစ်လျှောက်ကိုခြေလှမ်းခပ်သွက်
သွက်နဲ့လျှောက်လာလိုက်တယ် ဘယ်လောက်ထိခရီး
ရောက်ခဲ့သလဲဆို အောက်ဆုံးထပ်ထိလိုက်ရှာနေဆဲပဲ
Perth : Hello Plan လား
Plan : Perth ဘာဖြစ်လို့လဲ
Plan အသံကအိပ်ချင်မူးတူးအသံနဲ့ ဒါပေမယ့် သေချာအောင်အတည်တော့ပြုရမှာပေါ့
Perth : Saint ကိုတွေ့မိလား သူမင်းဆီလာသေးလား
Plan : သူကဘာလို့ငါ့ဆီလာရမှာလဲ ဘာဖြစ်....
စကားမဆုံးသေးဘူး ဖုန်းချပြီး Reception ကိုပြေးသွား
လိုက်မိတယ် သူအပြင်သွားပြီးလမ်းမှာတစ်ခုခုဖြစ်မှာစိုးလို့ ခေါင်းကိုထူပူနေတာပဲ
Perth : တစ်ချက်လောက်ပါ ကျွန်တော်နဲ့အခန်းတူနေတဲ့
ခပ်ချောချောကောင်လေးလေ သူ့ကိုတွေ့မိသေး
လား
Girl : ကျွန်မတော့မတွေ့မိဘူး ဧည့်သည်တွေကလည်း
များတော့လေ
Perth : ဒါဆို ကျွန်တော့်အခန်းနားက CCtV ကိုကြည့်လို့
ရနိုင်မလား
အားလုံးကတော့ ကျွန်တော့်ကိုဇီဇာကြောင်တဲ့သူလို့ထင်
ရင်ထင် မဟုတ်လည်း အရူးလို့တော့ထင်ကြမယ်ထင်တယ် ဒီအသက်အရွယ်ရောက်နေတဲ့ ညီကို cctv ကနေတောင်တစ်ဆင့်လာရှာနေရလို့လေ ဒါပေမယ့် ကျွန်တော့်ရဲ့စိုးရိမ်ပူပန်စိတ်ကို တားဆီးလို့မှမရနိုင်တာ
Cctv ထဲမှာကြည့်တော့မှ သူဘယ်ကိုသွားတာလဲ
Perth : အပေါ်ထပ်မှာဘာရှိလို့လဲ
ငါတော့ရူးတော့မှာပဲ ...... ရေကူးကန်တဲ့လား
ဒီလိုမှောင်မိုက်နေတဲ့အချိန်ထိ ဆင်းမလာသေးဘဲသူဘာ
လုပ်နေတာလဲ
ခြေလှမ်းတွေကိုခပ်သွက်သွက်လျှောက် ဒေါသဆိုတာထပ်ပိုလျှံနေတဲ့ စိုးရိမ်စိတ်တွေကသူရှိရာနေရာကိုအမြန်ဆုံး
အရောက်ပို့လိုက်တော့တာပဲ
Saint : ကိုကို
ကျွန်တော့်ကိုမြင်တော့ သူရေကူးရာကနေလန့်သွား
တယိထင်တယ် သူ့လိုပဲ ကျွန်တော်လည်းလန့်တယ် တစ်
ခြားတော့မဟုတ်ဘူး အခုလိုဖြစ်နေတဲ့ ကို့ကိုယ်ကိုလန့်တာ
ဗွမ်း ...... ရေထဲဖြည်းဖြည်းချင်းဆင်းလိုက်ပြီးတော့မှ သူ့
ရှေ့နားမှာရေကိုအားပြင်းပြင်းနဲ့ရိုက်ချလိုက်တယ်
ရေတွေက ကျွန်တော်တို့နှစ်ယောက်လုံးကိုစင်တော့တာပဲ
အခုထိသူကျွန်တော့်ကိုပြူးကြောင်ကြောင်ကြည့်နေတုန်းပဲ အဲ့ဒါကိုမကြိုက်တာ ဘာမှမပြောဘဲနှုတ်ပိတ်နေတာကို
မကြိုက်တာ
Perth : မင်း မင်း......
သူ့ကိုသာပြောနေတာ ကျွန်တော်ကိုယ်တိုင်လည်းပြော
ဖို့ကိုနှုတ်ကမရဲဘူး သူ့လက်မောင်းနှစ်ဖက်ကိုပဲတင်းတင်း
ဆုပ်ကိုင်လိုက်တယ် သူ့မျက်နှာအမူအရာက လန့်နေတာ
လား အံ့သြနေတာလားတောင်ခွဲမရအောင် မှင်သေနေတယ်
Perth : မင်း ဘယ်တွေသွားနေတာလဲ ဒီအချိန်ကရေဆော့
နေရမယ့်အချိန်လား မင်းအရူးလား ရူးနေလား
အော်ကြီးဟစ်ကျယ် အော်ချလိုက်တာ တော်သေးတာ
ပေါ့ ဒီနေရာမှာကျွန်တော်တို့နှစ်ယောက်ပဲရှိနေလို့
Saint : ကိုကို ဘာလို့
Perth : သိရဲ့လား ငါမင်းကိုစိတ်ပူလို့ရူးတော့မယ်ကွ
မြင်လိုက်ရတယ် သူအော်ပြောနေပေမယ့် သူ့မျက်ဝန်း
ကကျဆင်းလာတဲ့မျက်ရည်တစ်စက်ကိုတွေ့လိုက်ရတယ်
သူ့မျက်နှာပေါ်ကရေစက်တွေနဲ့ရောထွေးမနေဘဲ သေချာ
တွေ့လိုက်ရတယ် ကိုကိုကကျွန်တော့်အတွက် မျက်ရည်
ကျပေးတာလား
Part 7 ( the end )

ကိုကို့ရဲ့ ကလေးလေး Where stories live. Discover now