" Saint ထတော့လေ ငါတို့ရောက်ပြီ "
ညကသောက်ထားမိတဲ့အရှိန်နဲ့ လေယာဉ်ကလည်းနှစ်ဆင့်
စီးလာရတာ ခေါင်းတွေလည်းပူထူပြီးတကယ်ခံနိုင်ရည်မ
ရှိတော့ဘူး ပင်ပန်းလိုက်တာသေတော့မှာပဲ
Perth : လမ်းကိုဘယ်လိုလျှောက်နေတာလဲ
Saint : ခေါင်းတွေမူးနေပြီ ခဏလောက်အအေးဖြစ်ဖြစ်
သောက်လို့မရဘူးလား
" မှာထားတာရပါပြီ Ice Lette နဲ့ Lemon ပါ "
အအေးလာချပြီးတာတောင် စားပွဲခုံပေါ်မှောက်နေတဲ့သူ့
ခေါင်းကမထူနိုင်သေးဘူး
Perth : ထသောက်လေ ခေါင်းကြည်အောင်
Saint : ကိုကို ..... ကျွန်တော်ညကတစ်ခုခုများလုပ်မိသေး
လား
" အဟွတ် အဟွတ် ...... " သောက်နေတဲ့ ကော်ဖီတောင်
ထသီးမိတယ်
Saint : ဘာဖြစ်တာလဲ
Perth : ဘာမှမဖြစ်ပါဘူး သီးသွားတာ မြန်မြန်သောက်
ပြီးရင်သွားကြမယ်
Saint : အရမ်းလောတာပဲ ခဏလေးနော် အိမ်သာသွား
လိုက်ဦးမယ်
ကလေးကြီးတစ်ယောက်ကိုထိန်းနေရတဲ့အတိုင်းပဲ ဘာ
များထူးခြားလို့လဲ
Saint : ကားရပ်လိုက် ရပ် ရပ်
Perth : ဘာလို့လဲ
Saint : ကျွန်တော်တို့အတူတူဝင်လို့ဖြစ်ပါ့မလား ကိုကို
ဝင်နှင့်လေ ကျွန်တော်ခဏနေမှလိုက်ခဲ့မယ်
Perth ကပြုံးပြီးဘေးကကောင်လေးလက်ကိုဆုပ်ကိုင်
ထားလိုက်တယ်
Perth : မင်းပြောတဲ့အတိုင်းပဲလေ ငါတို့ကညီအကိုတွေပဲ
ငါတို့ကြားမှာဘာပြသနာရှိနိုင်မှာလဲ မကြောက်ပါ
နဲ့ ဘယ်သူမှ ဘာမှမဖြစ်နိုင်ပါဘူး ဆက်မောင်းပါ
ဦးလေးကြီး
ပျော်ရွှင်မိတယ် ကိုကိုကပထမဆုံးအကြိမ်ကျွန်တော့်အ
တွက်အားအင်ဖြစ်စေသလိုခံစားလိုက်ရတယ် ဒီခံစားချက်ကသက်ဝင်လိုက်တာ
ကြောက်လန့်နေတဲ့အတိုင်းပါပဲ အဖေက တံခါးတည့်တည့်
ကဆိုဖာပေါ်မှာ ခက်ထန်ထန်ပဲ ထိုင်စောင့်နေတယ်
အကြည့်တွေကလည်း လူတစ်ယောက်ကိုဝါးမြိုတော့မယ့်
အတိုင်းပဲ ကြောက်ဖို့ကောင်းလိုက်တာ
Dad : ပျော်ခဲ့ကြရဲ့လား
ဘယ်ကရလာတဲ့သတ္တိတွေလဲ ကိုကို့ရှေ့ကနေကာပြီး
ကြားဝင်ပြောလိုက်တယ်
Saint : ကိုကိုအပြစ်မဟုတ်ပါဘူး သားကကိုကိုမသိ
အောင်လိုက်သွားတာပါ ကိုကိုမသိခဲ့ပါဘူး
Dad : သားကိုဘယ်သူကမေးနေလို့လဲ ညီအကိုတွေခရီး
သွားတာ အဖေကဆူစရာလား
Saint : တကယ်လား အဖေစိတ်မဆိုးဘူးပေါ့
Dad : ဒါပေါ့ ဘာလို့ဆိုးရမှာလဲ
Saint ပျော်ပြီး Perth ကိုကြည့်လိုက်မိတယ် ဒါပေမယ့်
Perth မျက်နှာကတော့အရောင်အသွေးမရှိသလိုပုံဖြစ်နေ
တာကိုသတိထားမိတယ်
Dad : သားသန်ဘက်ခါဆိုကျောင်းစတက်ရမှာမလား
သွားနားတော့ ကျောင်းအတွက်ဖောင်တွေသားအ
ခန်းထဲထည့်ထားပေးတယ်
Saint : ဟုတ်ကဲ့
ချက်ချင်းမသွားနိုင်ဘူး Perth ကိုလွှတ်ချပြီးမသွားနိုင်
သေးဘူးဖြစ်နေမိတယ်
Perth : မသွားဘဲဘာလုပ်နေတာလဲ ငါနဲ့အဖေ အလုပ်ကိစ္စ
ပြောဦးမှာ စောင့်မနေနဲ့တော့ သွားနားတော့
Saint : ဟုတ်ကဲ့ ကိုကို
Perth ရဲ့စကားကအမိန့်တစ်ခွန်းထပ်တိကျတယ် Saint
ချက်ချင်းထွက်သွားလိုက်တယ်
Dad : ငါ့အခန်းကိုလာခဲ့
ဒေါက် ဒေါက် ....... သူအခန်းထဲဝင်လာတာနဲ့ စားပွဲနား
မှာမတ်တပ်ရပ်နေတဲ့ သူ့အဖေ ..... အနားကို Perth ရောက်လာတာနဲ့ ဓာတ်ပုံအခ်ျို့ကို အားနဲ့ဒေါသတကြီးပြစ်
ပေါက်လိုက်တယ်
မှန်းနေစရာတောင်မလိုပါဘူး ကျိန်းသေ သူနဲ့ Saint ပုံတွေ
ဆိုတာသိတယ်
Dad : မင်းကိုဘာပြောထားလဲ Saint နဲ့ဝေးဝေးနေဖို့ငါ
ပြောထားတယ်လေ !!!!!!!
ပြောရင်းပြောရင်း ဒေါသသံကပိုပိုပေါက်ကွဲလာတယ်
Dad : မင်းငါ့ကိုမသိဘူးများထင်နေလား
Perth : မထင်ပါဘူး အဖေကတော်ပြီးသားပါ သိမယ်လို့
လည်းကြိုတွက်ပြီးသားပါ
Dad : ဒါနောက်ဆုံးဖြစ်ပါစေ ငါ့သားနဲ့ဝေးဝေးနေ
Perth : စိုးရွံ့မိပါတယ် ကျွန်တော်လုပ်နိုင်မယ်မထင်ဘူး
Dad : ဘာ .......
Perth : ကျွန်တော် Saint နဲ့သူစိမ်းလိုထပ်မနေတော့ပါဘူး
သူကျွန်တော့်ကိုချစ်သလို တူညီတဲ့ချစ်ခြင်းပြန်
ပေးတော့မှာပါ အဲ့ဒါကိုပြောချင်လို့လာခဲ့တာပါ
သွားခွင့်ပြုပါဦး
Perth ကလှည့်ထွက်သွားဖို့ ကြိုးစားလိုက်တယ်
Dad : အောက်တန်းစားကောင် .....!
ပြောလိုက်တဲ့ စကားကတော့အလွယ်လေးပဲ ဒါပေမယ့်
ရင်ထဲဘယ်လောက်နာကျင်ရလဲ သိရဲ့လား
Dad : မင်းငါ့ကိုဘယ်လိုမျက်လုံးမျိုးနဲ့ကြည့်နေတာလဲ
ငါမှားလို့လား မင်းကအောက်တန်းစားပဲလေ မင်း
ကိုမြင့်တင်ပေးထားတဲ့ ငါ့ကိုသစ္စာဖောက်ဖို့ကြံနေ
တယ်ပေါ့
Perth : တစ်ခုခုမှားနေပါတယ် အောက်တန်းစားဘဝကနေ
ဒီလိုနေရာရဖို့ သူဌေးဆီကတစ်ခါမှမတောင့်တဖူး
ပါဘူး မေ့နေတာလား ဒီနေရာကိုသူဌေးကိုတိုင်ပေး
ခဲ့တယ်ဆိုတာကို ...... အဲ့ညကလေ
Dad : တော်တော့ မင်းတော်လိုက်တော့ !!!!!
Perth : အနာဟောင်းကိုပြန်ဆွဖို့ရည်ရွယ်ချက်မရှိပါဘူး
ဒါပေမယ့် အဲ့ဒါတွေပြန်မှတ်မိအောင် သူဌေးကို
တိုင်လုပ်လိုက်တာလေ
ဒုန်း ...... စားပွဲပေါ်ဒေါသတွေပုံအောပြီးထုချလိုက်တယ်
Dad : မင်းက သခင့်ကိုပြန်ကိုက်တဲ့ခွေးမျိုးပဲ
Perth : ကျွန်တော်ကခွေးဆိုရင် ..... သူဌေးလို ကို့ကလေး
ကိုပြန်သတ်ခဲ့တဲ့ သူဆိုရင်ခွေးထပ်တောင်နိမ့်ကျ
မယ်ထင်ပါတယ်
Dad : ဘာ ....မဟုတ်ဘူး ငါသတ်တာမဟုတ်ဘူး င့ါသား
ကိုငါမသတ်ဘူး
Perth : မှတ်ထားပေးပါ ကျေးဇူးကြွေးတွေကိုတစ်ခြား
နည်းနဲ့ပေးဆပ်ပါ့မယ် ဒါပေမယ့် Saint ကိုတော့မ
ပေးဆပ်နိုင်ပါဘူး Saint ကိုကျွန်တော်ငယ်ငယ်ထဲ
ကဘယ်လောက်ချစ်ခဲ့ရလဲဆိုတာ အသိဆုံးဖြစ်မှာ
ပါ မြိုသိပ်မထားနိုင်တော့တဲ့အတွက် တောင်းပန်ပါ
တယ်
Perth ကအခန်းထဲကချက်ချင်းလှည့်ထွက်သွားလိုက်
တယ် ကျန်နေခဲ့သူမှာတော့ဒေါသမီးတွေငြိမ်းဖို့တောင်
တော်တော်အချိန်ယူရမယ်
တစ်ခုခုငါ့လက်မောင်းပေါ်ရောက်လာသလိုပဲ ဘာလဲ
အလန့်တကြား မျက်လုံးဖွင့်ကြည့်လိုက်မိတယ် ....
Saint : ကိုကိုလား
လူကဘေးတစ်စောင်းအိပ်နေတော့ ကို့လက်မောင်းပေါ်
မှာသူ့ခေါင်းက လာမှေးစက်နေတာပဲ ဘာဖြစ်လို့လဲ
Perth : မထလိုက်နဲ့ ..... ဒီတိုင်းနေ
Saint : ဘာဖြစ်လာတာလဲ
Perth : ဘာမှမဖြစ်ပါဘူး နောင်တရမိလို့ပါ မင်းနားမှာအ
ခုမှနေမိလို့ နောင်တရနေတာ
Saint : ကိုကို ..... တစ်ခုခုပြောင်းလဲနေသလိုပဲ
Perth : Saint ..... မှတ်ထားပေးပါ ငါဒီနေ့ကစပြီး မင်းနား
မှာအရိပ်လိုရှိနေပေးမယ် မင်းလိုအပ်ရင်ငါမင်းအ
တွက်ရှိနေပေးမယ် အခုကစပြီး ငါ့ကိုမင်းပိုင်တယ်
သတ္တိတွေနည်းပြီး တွေဝေနေတတ်တဲ့ ကျွန်တော့်ကိုအဲ့နေ့ညက အနမ်းတစ်ပွင့်က အင်အားတွေပေးသနားခဲ့တယ်
ကျေးဇူးတင်ပါတယ် .....
ရုတ်တရက် ဖုန်းဝင်လာပြီးသီးသန့်တွေ့ဆုံချင်တယ်ဆိုလို့
အံ့သြမိတယ်
Saint : မင်္ဂလာပါ ကိစ္စတစ်ခုခုရှိလို့လား
သီးသန့်တွေ့ချင်တာ တစ်ခြားသူတော့မဟုတ်ဘူး Plan
Plan : ထိုင်ပါဦး မင်းအတွက် Lemon မှာထားပေးတယ်
Saint : ကျွန်တော်ကြိုက်တယ် ကျေးဇူးပါ ဒါနဲ့ ဘာလို့ခေါ်
တာလဲ
Plan ကအညိုရောင်ဖိုင်တစ်ဖိုင်ကို Saint ရှေ့ထုတ်ပေး
လိုက်တယ် Saint လည်းဘာမသိညာမသိနဲ့ဖွင့်ဖတ်လိုက်
တယ်
" အမွေလွှဲပြောင်းခြင်း စာချုပ် "
Saint : ဒါက .....
Plan : မင်းအဖေရဲ့သေတမ်းစာလို့ပြောလည်းရတယ် ဒါ
ကိုရှေ့နေကြီးဆီကနေ တောင်းယူလာတာ
Saint : ဘာလို့လဲ
Plan : အဲ့မှာမြင်တဲ့အတိုင်းပဲ မင်းအဖေကအားလုံးကိုမင်း
နာမည်နဲ့ထားခဲ့တယ် မဖြစ်သင့်ဘူးမလား
Saint : တစ်ခုခုအမှားယွင်းရှိနေလို့လား
Plan : သိပ်ရှိတာပေါ့ ..... Perth ကမင်းအကိုလေ ပြီး
တော့သူကအရမ်းတော်တယ် မင်းသိပါတယ် ငါ
ပြောချင်တာက ဒီအမွေတွေက သားကြီးအတွက်
ဖြစ်သင့်တာမဟုတ်ဘူးလား
Saint : အဖေက ဘာလို့ ကိုကို့ကိုမလွှဲပြောင်းတာလဲ
Plan : ရှေ့နေကြီးပြောတာတော့ မင်းကအငယ်ဆိုတော့
မင်းနောင်ရေးကိုသူစိတ်ပူတယ်တဲ့ ဒါကြောင့်နေမှာ
ပေါ့ ဒါပေမယ့် အဲ့အယူအဆကမှားနေတယ်
လုပ်ငန်းကိုဦးစီးဖို့မင်းကငယ်လွန်းတယ် မင်းမှာ
အုပ်ချုပ်နိုင်စွမ်းမရှိတာလည်း မင်းသိပါတယ် ဒါ
ကြောင့် ဒါတွေကို Perth ကိုလွှဲပြောင်းသင့်တယ်
မလား
Saint : P Plan ပြောတာမှန်ပါတယ် ဒါပေမယ့် အဖေ့ရဲ့သ
ဘောကို ပြောင်းလဲဖို့က .....
Plan : Perth ကိုယုံကြည်တယ်မလား လွှဲပြောင်းဖို့ကလွ
ယ်ကူပါတယ် နောက်ထပ်စာချုပ်မှာမင်းလက်မှတ်
ထိုးလိုက်ရင် ပြီးပြီလေ
Saint : ကိုကို့ကို ..... ယုံကြည်ပါတယ် ဒါတွေကသူနဲ့ပို
ထိုက်တန်ပါတယ်
Plan ကပြုံးပြီး ဘောပင်ကို Saint လက်ထဲထည့်ပေး
လိုက်တယ်
Plan : မင်းဆုံးဖြတ်ချက်မှန်ပါတယ် ..... လုပ်ငန်းကြီးအ
ဓွန့်ရှည်ဖို့က Perth ပဲလုပ်နိုင်မှာလေ
ကိုကို့ကိုယုံကြည်တယ် ..... ဒါကြောင့် ဘာမှတုံ့ဆိုင်းမ
နေဘဲ စာချုပ်မှာ လက်မှတ်ထိုးလိုက်ပါတယ်
Part 10 ( the end )