အခုမှပဲ မိသားစုမနက်စာဝိုင်းလို့ခေါ်နိုင်တော့မယ်
ဖေဖေရယ် ကိုကိုရယ် ကျွန်တော်ရယ် အခုမှပဲပြည့်စုံတဲ့မနက်
စာဖြစ်တော့တယ် ဒါပေမယ့် ပတ်ဝန်းကျင်ကြီးတိတ်ဆိတ်နေ
တာကလွဲရင်ပေါ့
Dad : Perth
Perth: ဟုတ်ကဲ့
Dad : ဒီနေ့မင်းညီအတွက် လိုတာတွေအကုန်လိုက်ဝယ်ပေး
လိုက် သူလိုတာအားလုံးလုပ်ပေးလိုက် ဒီနေ့အလုပ်
လာစရာမလိုအပ်ဘူး ပိုက်ဆံလည်းကြိုက်သလောက်
သုံးခဲ့ ကြားလား
Perth : ဟုတ်ကဲ့
ကိုကိုက သိပ်ကိုအေးစက်လွန်းတယ် အဖေဆယ်ခွန်းပြော
ရင်သူတစ်ခွန်းလောက်ပဲပြောတယ်
Dad : သားလေး
Saint : ဟုတ်ကဲ့ ဖေဖေ
Dad : လိုတာအားလုံးစိတ်ကြိုက်သာဝယ်ခဲ့နော် ကျောင်း
တက်ဖို့ပါလိုတာအကုန်ဝယ်ခဲ့
Saint : ကျေးဇူးပါ ဖေဖေ
ဖေဖေက ကျွန်တော့်ကိုပြောတုန်းကပြုံးရွှင်နေတာပဲ
ဒါပေမယ့် ကိုကို့ဆီလှည့်ပြောရင်တော့ မျက်နှာကခက်ထန်ထန်နဲ့ မနွေးထွေးဘူး ဘာလို့လဲ ကျွန်တော်နဲ့ကအခုမှပြန်တွေ့
ဆုံကြလို့လား တစ်ခုခုမှားယွင်းနေသလိုခံစားရတယ်
Dad : Perth မင်းညီလေးကိုစိတ်ချမယ်နော် သူ့ကိုဂရုစိုက်
Perth : ဟုတ်ကဲ့
အဝတ်အစားလဲပြီးတာနဲ့ ကိုကိုကကျွန်တော့်ကိုကားနား
မှာစောင့်နေခဲ့တယ်
Uncle : သခင်လေးတို့ ကျွန်တော်လိုက်ပို့ပေးပါမယ်
Saint : ကောင်းတာ .....
ကျွန်တော်ကတော့ လိုက်ပို့တာကောင်းတယ်ထင်လို့ပြော
ခါနီးစကားတောင်မဆုံးသေးဘူး ကိုကိုကကြားကနေကြားဖြတ်ပြောလိုက်တယ်
Perth : မလိုအပ်ဘူး
ခပ်ဆတိဆတိပြောလိုကိတာကြောင့် ဦးလေးကြီးမျက်နှာကချက်ချင်းညိုးငယ်သွားတယ် လူတစ်ယောက်ရဲ့စေတနာ
ကိုဒီလိုကျတော့ စော်ကားလိုကိသလိုပဲ
Perth : မင်းကဘာရပ်လုပ်နေတာလဲ တက်လေ မသွားတော့
ဘူးလား
Saint : မဟုတ်ပါဘူး တက်မယ်
ကားကိုပဲအာရုံစိုက်မောင်းနေတာ မျက်နှာကလည်းချီနေ
တာပဲ ကိုကို့ကိုဘယ်လိုစကားစပြောရမှာလဲ
ကြည့်နေရင်း ကြောက်တောင်ကြောက်လာမိတယ်
Perth : ဘာဝယ်မှာလဲ မင်းအရင်လိုချင်တာကိုသွားဝယ်မယ်
Saint : ရပါတယ် ကိုကိုအဆင်ပြေတဲ့နေရာသွားပါ
Perth : အဲ့လိုဆိုအိမ်ပြန်လှည့်ရမယ်ထင်တယ် ငါလိုက်ပို့ချင်
တာမဟုတ်ဘူးနော်
လူကိုစိတ်ကျေနပ်အောင် နည်းနည်းတောင်မပြောတတ်ဘူးလား သူဘာလို့ဒီလိုလူအဖြစ်ပြောင်းလဲသွားတာလဲ
Perth : မျက်နှာကဆူပုပ်မနေနဲ့ ငါပြန်လှည့်လိုက်မှာ ဘာ
ဝယ်မှာလဲ ပြော
Saint : Ice - cream
Perth : ဘာ .....
နောက်ဆုံးတော့ အရင်သွားလိုက်ရတာ ရေခဲမုန့်ဆိုင်
Saint : ဘာစားရင်ကောင်းမလဲ ကိုကိုဘာစားမလဲ
Perth ကတော့သူ့ကိုကြည့်ပြီး နှုတ်ခမ်းကိုရွဲ့ပြုံးလိုက်တယ်
Saint : နေတော့ ကို့ဘာသာစားတော့မယ် ဒါလေးပေးပါ
Perth ကသူ့ကိုလက်ပိုက်ပြီး ထိုင်သာကြည့်နေလိုက်တယ်
ရေခဲမုန့်လာချတာနဲ့ လက်ခုပ်ကနှစ်ချက်လောက်တီးလိုက်
သေးတယ် မျက်နှာကလည်းမျောက်အုန်းသီးရထားသလိုလို
မုန့်စားတာလည်း မူကြိုကလေးစားသလိုပုံစံနဲ့
Saint : စားပါဦးလား ကောင်းတယ်
Perth : မင်း အသက်ဘယ်လောက်လဲ
Saint : ဘာလဲ ကို့ညီအသက်တောင်ကိုမေ့နေတာလား
Perth : ငါမေးတာသာ ဖြေပါ မင်းအသက်ဘယ်လောက်လဲ
Saint : 17 လေ ကိုကိုက 22 လေ အဲ့ဒါဘာဖြစ်လို့လဲ
Perth : အသက် 17 ကကလေးအရွယ်မဟုတ်ဘူးနော် အခု
ထိမင်းကိုမင်းဘာများထင်နေတာလဲ ငါမင်းအရွယ်
တုန်းက အဖေ့အလုပ်တွေကိုကူလုပ်နေရပြီ
Saint : ရေခဲမုန့်စားတာနဲ့ ကလေးလား ကြိုက်တဲ့သူတိုင်းစား
လို့ရတာပဲကို ကောင်းတာကို မယုံရင်စားကြည့်
ရေခဲမုန့်တစ်ဇွန်းလောက်ခပ်ပြီး Perth နှုတ်ခမ်းနားကိုတေ့
ပေးလိုက်တယ်
Perth : ဘာလုပ်တာလဲ ပေကုန်ပြီ
Saint : ပေတာဘာဆန်းလဲ ဒီလိုသုတ်လို့ရတာပဲ
Saint က Perth နားကိုထသွားပြီး Perth နှုတ်ခမ်းကရေခဲ
မုန့်ပေနေတာတွေကို လက်မလေးနဲ့ပွတ်ဆွဲပြီးသုတ်ပေးလိုက်
တယ်
ဒါနဲ့ဆို ၂ ကြိမ်မြောက်လား သူငါ့နားကိုဒီလိုနီးကပ်နေတာ
Perth : သွားစမ်းပါ ဘာလုပ်တာလဲ
Perth က Saint ကိုတွန်းထုတ်လိုက်တယ်
Saint : စိတ်ကြီးပဲ ပေနေလို့လည်းသုတ်ပေးရသေးတယ်
ကို့ဘာသာပဲစားတော့မယ်
Perth ကခုံနောက်ကိုသာမှီထိုင်ပြီး ဖုန်းထုတ်သုံးနေလိုက်
တယ် ဒါပေမယ့် သူ့မျက်လုံးတစ်စုံကဖုန်းထဲမှာမရှိဘူး
ချစ်စရာကောင်းလွန်းတဲ့ Saint ဆီကိုရောက်ရောက်သွား
တယ် Saint ကတော့သူ့အစားကိုပဲအာရုံရောက်နေတာ Perth ကြည့်နေတာမြင်မယ်မထင်ဘူး
Perth ကဖုန်းသုံးနေသလိုလိုနဲ့ ကင်မရာကိုဖွင့်လိုက်ပြီး Saint ရဲ့ချစ်စရာပုံရိပ်လေးကိုခိုးယူထားရအောင် ဓာတ်ပုံရိုက်လိုက်
တယ်
Saint ကမော့ကြည့်တာနဲ့ သူ့ဖုန်းကိုပြန်သိမ်းထားလိုက်တယ်
Perth : မပြီးသေးဘူးလား မြန်မြန်လုပ်
Saint ကလမ်းအတူလျှောက်နေရင်းနဲ့ Perth လက်ကိုဖမ်း
ချိတ်ထားလိုက်တယ်
Perth : မင်း ....
Saint : ဟိုဆိုင်က အင်္ကျီလေးလှလိုက်တာ သွားရအောင်
Perth ရုန်းချိန်တောင်မရလိုက်ဘူး Saint ခေါ်ရာနောက်ကို
တစ်ပါထဲပါသွားတော့တယ်
Saint : ဒီအဖြူလေးလှလိုက်တာ ဘယ်လောက်ပါလိမ့်
" Bth 7000 " .... ဘုရားရေ ဒီဘာမဟုတ်တာလေးကိုအဲ့
လောက်ဈေးကြီးတယ်
Perth : ကြိုက်ရင်ယူလိုက် ရွေးမနေနဲ့
Saint : ခဏ ခဏလေးပါ ဘာလို့အဲ့လောက်လောနေတာလဲ
မယူတော့ဘူး
Saint ကပြန်ချိတ်ထားပြီးဆိုင်ထဲကနေ အမြန်ထွက်လာခဲ့တယ်
Perth : ဟေး နေဦး ဘယ်သွားဖို့လဲ မင်းဝယ်မယ်ဆို
Perth နားကိုဖြည်းဖြည်းလေးကပ်ပြီး တိုးတိုးလေးပြောလိုက်တဲ့စကားတစ်ခွန်း .... " ဈေးကြီးလွန်းတယ် "
Perth : ဘာ
Saint : အာ ကိုကိုကလည်း ဈေးကြီးပါတယ်ဆိုမှ
ဟားဟား... Perth ကထရီတော့ Saint တစ်ယောက်သူရီတာ
ကိုလိုက်ကြည့်နေလိုက်တယ် ဘာလို့ထရီတာလဲ
Perth : Company ပိုင်ရှင်သားတစ်ယောက်က ဒီလောက်
တော့ဝတ်ရမယ်လေ မင်းမသိဘူးလား Suppapong
မျိုးရိုးကဘယ်လောက်ချမ်းသာလဲဆိုတာကို လာခဲ့
Perth ကအတင်းပြန်ပြီးဆွဲခေါ်သွားလိုက်တယ်
Perth : ဒါပေး ဒါလည်းလိုက်တယ် ဒါအကုန်ယူမယ်
Saint : ဟမ် အများကြီးပဲ
သူပြောတာလည်းဂရုမစိုက်ဘူး နောက်ဆုံးအကုန်ဝယ်ခဲ့
တော့တာပဲ
Saint : ဒီဖိနပ်လေးလှမယ်ထင်တယ်
Perth : မင်းကြိုက်တာဝယ်
Saint : စီးကြည့်လိုက်မယ်လေ
Saint ကခုံမှာထိုင်ပြီးဖိနပ်ကိုစီးကြည့်ဖို့လုပ်လိုက်တယ်
သူကပုံမှန်ထပ်အရပ်ရှည်နေတော့ ခုံအမြင့်နဲ့ဖိနပ်ကိုစီးဖို့အ
ခက်တွေ့နေသလိုပဲ
ရုတ်တရက် Perth ကသူ့ရှေ့မှာဒူးထောက်ချလိုက်ပြီး ဖိနပ်ကို
ချွတ်ပြီးဝတ်ပေးလိုက်တယ်
Saint : ရပါတယ်
Perth မော့ကြည့်လိုက်တော့ Saint ကသူ့ကိုစိုက်ကြည့်နေတာ အကြာကြီးပဲ Saint မျက်နှာကတစ်ခါမှမမြင်ဖူးတဲ့ဝမ်း
နည်းမှုပုံရိပ်လိုလိုဖမ်းမိတယ်
Perth : လှပါတယ် ဒါယူလိုက်လေ
Saint လုံးဝငြိမ်ကျသွားတယ် ကားမောင်းနေတဲ့တစ်
လျှောက်လုံးမနက်ကလို စကားတွေတရဆက်မပြောတော့ဘူး ကားမောင်းနေရင်းနဲ့တောင်သူ့မျက်နှာမကောင်းလို့ Perth ကလှည့်လှည့်ကြည့်မိတယ်
Perth : အအေးသောက်ဦးမလား အဖေကမင်းကိုသေချာဂရု
စိုက်ခိုင်းထားတာ ဘာစားချင်တာရှိလဲ
Saint : ကိုကိုက ......
Saint လေသံတိုးတိုးလေးနဲ့ ပြောတဲ့စကားကိုတောင်မနည်းလိုက်နားထောင်ရတယ်
Perth : ဘာပြောလိုကိတာလဲ
Saint : ကိုကိုက ..... ကိုကိုနဲ့မတူဘူး
မီးပွိုင့်နီတာနဲ့ ကားကိုရပ်ပြီး Saint ကိုလှည့်ကြည့်လိုက်
မိတယ်
Saint : ကိုကိုက ..... အရင်းနှီးဆုံးသူစိမ်းတစ်ယောက်လိုပဲ
ခုနက ကိုကိုက ကိုကိုမဟုတ်သလိုခံစားရတယ်
Part 3 ( the end )