Part 15

855 94 11
                                    

Saint : ကိုကို ..... ထတော့
Perth : ဟင် ..... ဘယ်နှစ်နာရီိမို့လို့ လာနှိုးတာလဲ
အခုထိနှစ်ယောက်လုံးမထနိုင်သေးဘူး ..... အတင်းလှုပ်နှိုးမှကိုရတော့မယ်
Saint : ထကြပါဆို .... ကျွန်တော်အလှူသွားလုပ်ဖို့ လိုက်
ခဲ့ကြပါ
Perth : အလှူ ဘာအလှူလဲ
Saint : ကျွန်တော်နှစ်လတစ်ကြိမ် လှူနေကျအလှူလေ
ကိုကိုလည်းလိုက်လုပ်လို့ရတယ် လာပါ
" သွေးလှူဘဏ် "
ဒီနေရာကို Saint ကနှစ်ယောက်လုံးကိုဆွဲခေါ်လာတာပဲ
Saint : လာကြလေ
Plan : မင်းပြောတဲ့အလှူဆိုတာ ဒါလား
Saint : အင်းလေ မွေးရပ်မြေကိုပြန်လာတုန်းလေး P တို့
နဲ့အတူလှူမလားလို့လေ
Plan : ငါမလှူဘူး .... ငါဝါသနာမပါဘူး Perth ငါပြန်
တော့မယ်
Saint : ဟာ ..... P Plan
Plan ကချက်ချင်းပဲအိမ်အပြန်လမ်းကိုထွက်လာလိုက်
တယ်
Saint : ကိုကို .... ကိုကိုလှူချင်လား မလှူချင်ရင်စောင့်
နေပေးလေနော် တစ်ယောက်ထဲတော့မထားခဲ့ပါနဲ့
Perth : ငါလှူပါ့မယ် မင်းနဲ့အတူကုသိုလ်ရတာပေါ့
ဘေးချင်းကပ်ကုတင်မှာလှဲနေပေမယ့် Saint ကဘာသံမှမထွက်တော့ပါလား ...... သူအိပ်ပျော်နေတာလား
Perth : Saint .....
Saint လို့ခေါ်နေပေမယ့်လည်း ပြန်မထူးဘူး
သွေးလှူလို့ရီဝေဝေဖြစ်နေမိပေမယ့် စိတ်ပူပြီးခေါင်းနည်း
နည်းထောင်ကြည့်လိုက်တယ်
Saint ကလှဲနေရင်းမျက်လုံးတစ်စုံကိုမှိတ်ထားတယ်
အော် .... သူအိပ်နေတာပဲ
ကျွန်တော်လည်းကို့ဘာသာ အနားယူမှေးစက်နေလိုက်
တယ်
Mom : Plan .... သားဘယ်ကပြန်လာတာလဲ
Plan : ကျွန်တော်အပြင်ခဏသွားတာပါ
Mom : အမေကသားတို့အတူသွားကြမယ်ထင်တာ
Plan : ညနေစာချက်ဖို့ပြင်နေတာလား
Mom : ဟုတ်တယ် သားတို့အတွက်လေ မနက်ဖြန်ပြန်
ကြမှာဆိုတော့ အမေကအရသာရှိတာတွေချက်
ကျွေးဦးမယ်လေ
စကားပြောရင်းနဲ့ Plan ကိုလှမ်းကြည့်လိုက်တော့မှ
သူ့မျက်ဝန်းထဲက မျက်ရည်စလေးစီးကျလိုက်တာကိုဖမ်း
မိလိုက်တယ်
Mom : Plan .... သားဘာဖြစ်လို့လဲ ငိုနေတာလား
သူ့ကိုနှစ်သိမ့်ပေးဖို့အနားရောက်လာတဲ့ Mae ကိုရုတ်တ
ရက်ငိုရင်းပွေ့ဖက်လိုက်မိတယ်
ရုတ်တရက်ဆိုတော့ဘာပြန်ပြောရမယ်မသိပေမယ့် ဒီက
လေးဝမ်းနည်းနေတာကိုတော့ သိတယ်
ဒါကြောင့်သားတစ်ယောက်လိုပဲ နှစ်သိမ့်ပေးနေမိတယ်
Plan : ကျွန်တော့်အမေကို .... သတိရမိသွားတယ်
ရုတ်တရက်ဖက်လိုက်မိလို့ တောင်းပန်ပါတယ်
Mom : မဟုတ်တာပဲ ကလေးကလည်းအမေ့သားပါပဲ
အမေကမြင်ထဲကကို့သားလေးလို ခံစားနေရတာ
Plan : ကျေးဇူးတင်ပါတယ် .... တကယ်ကျေးဇူးတင်ပါ
တယ် တကယ်ပါ
နွေးထွေးလွန်းတယ် မိခင်မေတ္တာနဲ့ဝေးကွာနေရတဲ့ကျွန်
တော့်အတွက် ဒီရင်ခွင်ဟာနွေးထွေးလွန်းပါတယ်
Perth : Saint .... အဆင်ပြေရဲ့လား
ခေါင်းမူးပြီးမထနိုင်မှာစိုးလို့တော့ တွဲပေးဖို့ကြံရွယ်လိုက်တာပဲ ဒါပေမယ့် Saint ကသူ့လက်မောင်းပေါ်ကကျွန်
တော့်လက်ကိုဖယ်ချလိုက်တယ်
Saint : ရပါတယ် ကျွန်တော့်ဘာသာလျှောက်နိုင်ပါတယ်
Perth : အင်း မင်းအဆင်ပြေရင်ပြီးတာပါပဲ လာလေ
အိမ်ပြန်ကြရအောင်
Saint : အိမ်မပြန်ခင် .... တစ်နေရာကိုသွားချင်သေးတယ်
လိုက်ပို့ပေးနိုင်မလား
Saint ကအရမ်းလှတဲ့ ပန်းလေးတွေစိုက်ထားတဲ့နေရာကိုခေါ်သွားတယ် ပန်းလေးတစ်ပွင့်ကိုထိုင်ပြီးခူးယူလိုက်
တယ်
Saint : လှရဲ့လား ဒီကပန်းတွေကြားမှာငယ်ငယ်ကလာ
ဆော့နေကြလေ ..... အရမ်းသဘောကျတာ
Perth : အင်း
Perth ကလည်းသူ့ဘေးမှာထိုင်ပြီး နှင်းဆီနီလေးတစ်
ပွင့်ကိုခူးယူလိုက်တယ်
Perth : ဒီပန်းလေးက မင်းလိုပဲ .....
Saint : နှင်းဆီကဘာလို့ ကျွန်တော်နဲ့တူတာလဲ
Perth : ဒီကိုကြည့်လေ ..... ဒီလိုလှပပြီးတောက်ပနေတဲ့
ပန်းလေးကမင်းဆိုရင် .... မင်းကိုဘယ်သူမှအန္တ
ရာယ်မပြုနိုင်အောင် ငါကဆူးတွေအဖြစ်ကာပေး
ထားမယ်
Saint က Perth ရဲ့စကားပြီးဆုံးတာနဲ့ပြုံးပြလိုက်တယ်
ဒါပေမယ့် ဝမ်းနည်းစရာကောင်းနေတယ် သူ့အပြုံးကပျော်ရွှင်နေတဲ့အပြုံးမဟုတ်ဘူး ဝမ်းနည်းနေတာ .......
Plan : ဒါဆို Saint ကအတိတ်မေ့နေတာပေါ့
Mom : အဲ့လိုလည်းမဟုတ်ဘူး Saint ကသူ့အကိုကိုအဲ့
လောက်မခင်တွယ်ခဲ့ဘူး အမေ့စိတ်ထဲမှာလေ တစ်
ခုခုမှားယွင်းနေသလို ခံစားရတယ်
Plan : ဘာများလဲ အားလုံးကပုံမှန်ပါပဲ
Mom : မမှန်ဘူး .... အဓိကမူမမှန်တာက သားငယ်လေး
ဖြစ်နေတယ်
Plan : Saint လား .... သူဘာဖြစ်လို့လဲ
Mom : Saint လေးကသူ့အကိုကိုဒီလောက်မခင်တွယ်ဘူး
သူအတိတ်ကိုမေ့ခဲ့တာကလည်း အပြင်းဖျားခဲ့လို့
မဟုတ်ဘူး .... သူအဲ့လိုသိထားပေမယ့်အဲ့ဒါမှားနေ
တာ
Plan : ဒါဆို သူဘာဖြစ်ခဲ့တာလဲ
Mom : သူစိတ်ဒဏ်ရာရခဲ့တာ ..... သူအိမ်ကထွက်လာရ
လို့ သူ့အဖေကိုလည်းမလွမ်းဆွေးဘူး သူ့အကိုကို
လည်းသတိမရဘူး သူအတိတ်မေ့ခဲ့တာ Ae ဆိုတဲ့
ကလေးကြောင့် .....
Plan : Ae ကဘယ်သူလဲ
Mom : Ae ဆိုတာအမေတို့အိမ်က ဒရိုင်ဘာဦးလေးကြီးရဲ့
သား ..... ဆင်းရဲသားလေးပါ သူနဲ့ သားငယ်လေး
ဘယ်လောက်ထိရင်းနှီးခဲ့လဲမသိပေမယ့် သူအိမ်က
ထွက်လာထဲက ကိုကို Ae ဆိုတာကိုပဲတမ်းတနေရာ
ကနေ .... အခုလိုဖြစ်လာတာ
Ae ဆိုတာကိုသူလုံးဝမသိတော့ဘူး သူ့အကိုအ
ကြောင်းကိုလည်းအနည်းငယ်ပဲသိတော့တယ်
ဒါပေမယ့် ထူးဆန်းနေတာက Perth ကို ငယ်လေး
က .... ကိုကိုလို့ခေါ်နေတာပဲ
အစကတော့ သူစိတ်ချမ်းသာရင်ပြီးရောဆိုပြီး
လွှတ်ထားခဲ့ပေမယ့် အခုတော့တစ်မျိုးကြီးခံစား
နေရတယ်
Plan : သူ့စိတ်ထဲမှာတမ်းတနေတဲ့အရာတစ်ခုကို သူကျင့်
သုံးနေတာဖြစ်မှာပါ အဲ့လောက်စိတ်မပူပါနဲ့ ကျွန်
တော်တို့ သူ့ကိုသေချာကြည့်ရှုပေးမှာပါ
Saint ကပန်းတွေခူးနေတဲ့ Perth ကိုပဲငေးကြည့်နေခဲ့
တာ လုံးဝမလှုပ်မရှက်.....
Perth : အမေ့အတွက်ခူးဖို့ဆို ဘာလို့ငြိမ်နေတာလဲ
Saint : ကိုကို .....
Perth : ပြောလေ
Saint : ကိုကိုကြိုက်တဲ့နှင်းဆီနီက ဘာလို့ အနီရောင်တစ်
ရောင်ပဲသန်းနေရတာလဲ
Saint မေးလိုက်တဲ့မေးခွန်းက ဆွံ့အပြီးကြောင်တောင်
တောင်နိုင်စေတယ်
Perth : Saint ဘာတွေမေးနေတာလဲ
Saint : ဖြေပေးပါ ဘာလို့သူကတစ်ရောင်ထဲဖြစ်နေတာလဲ
Perth : သူ့ကိုသဘာဝကပေးထဲကိုက တစ်ခြားအရောင်နဲ့
ပေါင်းစပ်လို့မရဘဲ သူတစ်ယောက်ထဲတောက်ပ
နေအောင်ဖြစ်မှာပေါ့
Perth ကရီပြီး Saint ဆံပင်လေးတွေကိုဖွလိုက်တယ်
Perth : ဒီနေ့ထူးဆန်းပြီးဘာတွေမေးနေလဲမသိဘူး
ဟိုဘက်ကတစ်ပွင့်လှလိုက်တာ ကိုကိုသွားခူးဦး
မယ် .....
Perth ထွက်သွားတာနဲ့ Saint ချက်ချင်းမျက်ရည်တွေ
ကတစ်ဟုန်ထိုးကျဆင်းလာတော့တာပဲ
Saint : ဟုတ်တယ် ကိုကိုမှန်တယ် နှင်းဆီနီကဘယ်အ
ရောင်နဲ့မှမပေါင်းစပ်ဘူး အဲ့လိုဆိုရင် ......
B သွေးတွေပေါင်းစပ်ထားတဲ့မိဘတွေဆီကဆင်း
သက်လာတဲ့ ကိုကို့ရဲ့သွေးက ဘာလို့ A ဖြစ်နေရ
တာလဲ
ကျွန်တော့်အကိုက ဘယ်မှာလဲ .....
Part 15 ( the end )

ကိုကို့ရဲ့ ကလေးလေး Where stories live. Discover now