တစ်ညလုံးအအေးဒဏ်ကမနက်ရောင်ခြည်သန်းလာ
တာနဲ့ပြေလျော့သွားသလိုပဲ..... ညကလောက်မအေး
တော့ဘူး
နေရောင်ခြည်ကမျက်နှာကိုလာထိတာနဲ့ ကျွန်တော်နိုးပြီး
သား..... အိပ်ရာကထဖို့ကြံရွယ်လိုက်တယ်
ခန္ဓာကိုယ်ပေါ်ရောက်နေတဲ့ စောင်တစ်ထည်ကြောင့် အံ့သြ
သွားမိတယ်
ဘယ်တုန်းကရောက်လာတာလဲ..... သူ့အနောက်ကိုမျက်နှာလွှဲကြည့်လိုက်တော့မှ..... Saint
ဘယ်တုန်းက သူ့ဘေးမှာလာအိပ်နေတာလဲ......
Perth : မင်းတော်တော်ပြောမရတဲ့ကလေးပဲ..... ဘယ်ထဲ
ကလာအိပ်နေတာလဲ ဖျားဦးမယ်
နာရီကိုကြည့်လိုက်တော့ မနက် ၇ နာရီပဲရှိသေးတယ်
သူစားဖို့တစ်ခုခုလုပ်ထားမှပါပဲ......
Perth : မသွားခင်ကုတင်ပေါ်ပြန်တင်ပေးခဲ့မှပါပဲ ဒါပေ
မယ့် ချီလိုက်ရင်နိုးသွားမလားမသိဘူး ညကလဲ
တော်တော်နောက်ကျမှအိပ်တာဖြစ်ရမယ်
ကုတင်ပေါ်ကနေ ကိုကို့ကိုကြည့်နေရတာ ကျွန်တော့်အ
တွက်အဆင်မပြေဘူး.....
Saint : အိပ်နေလိုက်တာ.....ဒီလောက်အေးနေတာကို
ကိုကိုတစ်ယောက်ထဲဆင်းအိပ်နေတာ မဖြစ်သင့်ဘူး
Saint ကစောင်နဲ့ခေါင်းအုံးကိုဆွဲယူပြီး အောက်ကိုဖြည်း
ဖြည်းလေးဆင်းပြီး ဘေးနားလေးကပ်အိပ်လိုက်တယ်
Saint : အေးလိုက်တာ......
ခန္ဓာကိုယ်ကအေးနေပေမယ့် မျက်နှာလေးကတော့
ပြုံးရွှင်နေတာပဲ
Saint : ကိုကို့ကို ချစ်တယ်.....
သူနိုးသွားမှာစိုးလို့ ဖြည်းဖြည်းသာသာလေး ပွေ့ချီ
လိုက်တယ်..... သူ့မျက်နှာလေးကိုအနီးကပ်မြင်လိုက်ရတာနဲ့ ရင်ခုန်သံတွေကတဒုန်းဒုန်းထမြည်နေတာ
သူကြားပြီး နိုးသွားမှာတောင်စိုးရိမ်ရတယ်.......
ဒီကောင်လေးရဲ့ပါးဖြူဖြူဥဥလေးတွေကို နမ်းရှိုက်ချင်
စိတ်ကတစ်ဖွားဖွားပေါ်လာတာပဲ
စိတ်ထိန်း...... စိတ်ထိန်း..... မင်းဘာတွေတွေးနေတာလဲ !!!
အသိကပ်ပြီး သူ့ကိုကုတင်ပေါ်မှာချပြီးတော့မှပဲ ကိုလည်း
သက်ပြင်းချနိုင်တော့တယ်
အားလုံးချက်ပြုတ်ပြင်ဆင်ပြီးတဲ့အထိ ဒီကလေးမနိုးလာ
သေးဘူး...... ၉ နာရီတောင်ကျော်ပြီ သွားနှိုးဦးမှပါ
ဒေါက် ဒေါက်..... ဒေါက် ဒေါက် ဒေါက်
အိမ်တံခါးကိုအဆက်မပြတ်ခေါက်နေတာ ဘယ်သူလဲ
Perth : ဘယ်သူအဲ့လောက်ထုနေတာလဲ
Plan ?????
Plan : Perth..... ပြသနာတက်ပြီ ငါမင်းရဲ့အကူအညီလို
အပ်နေတယ်
Plan စကားပြောပုံကပုံမှန်မဟုတ်..... တစ်ခုခုကိုတုန်လှုပ်ခြောက်ခြားနေတဲ့ပုံစံမျိုး
Perth : Plan မင်းဘာဖြစ်လာတာလဲ.... စိတ်ကိုအေးအေး
ထားပြီးပြော.... လာ အထဲကိုလာ
ပြော ဘာဖြစ်လာတာလဲ
Plan : ညက အဖေ.....အဖေဆုံးသွားပြီ
Perth : ဘာ.... မင်းဘာပြောလိုက်တယ်
Plan : ငါအားလုံးကိုဖွင့်ပြောခဲ့တယ် အဖေ့ကို..... ငါ့ ငါ့
အကြောင်းတွေအားလုံးပြောခဲ့တယ်
ဒါပေမယ့် ငါအိမ်ကထွက်လာတဲ့အထိ သူအ
ကောင်းကြီးပါ..... ငါပြန်လာမှသူဆုံးကြောင်းသိ
ရတာ ဘာတွေဖြစ်မှန်းငါမသိဘူး
Plan စိတ်ကအရမ်းကိုရှုပ်ထွေးနေတယ်..... အခုသူ့ကို
စိတ်အေးအေးထားဖို့ နှစ်သိမ့်ပေးတာအကောင်းဆုံးပဲ
Perth : Plan စိတ်ကိုလျော့ပါ.... မင်းအရမ်းဝမ်းနည်းနေ
တာငါသိတယ် ဒါပေမယ့် မင်းကျော်ဖြတ်နိုင်ပါ
တယ်.... ငါပြောတာသိတယ်မလား
" ဘာဖြစ်နေတာလဲ " သူတို့နောက်ကနေကြားလိုက်ရတဲ့
လေသံတိုးတိုးလေး.......
Saint : P Plan ကဘယ်လိုရောက်လာတာလဲ
ဒီကောင်လေးကိုဒီအကြောင်းတွေဘယ်လိုပြောရမလဲ
သူသိသွားရင်.... သူသာသိသွားရင် ရူးမတတ်ခံစားရ
လောက်တယ်
Plan : Saint..... ငါ
Perth : ဘာမှမဖြစ်ဘူး
Plan ရဲ့စကားကို Perth ကကြားကနေတားမြစ်လိုက်
တယ်
Perth : Plan ကဒီနားကိုအလုပ်ကိစ္စနဲ့လာရင်းဝင်လာတာ
Saint : ဟုတ်လား အသံတွေကြားနေတာနဲ့ ဘယ်သူ
ရောက်လာလဲ ထွက်ကြည့်တာ..... ကိုကိုတို့ကို
ကြည့်ရတာ တစ်ခုခုအရေးကြီးပုံပဲ
Perth : မဟုတ်ပါဘူး သူကားမောင်းလာတာကြာသွားလို့
ပင်ပန်းနေတာ..... Plan ဒီညဒီမှာနေလိုက်လေ
Plan ရဲ့လက်ကိုနွေးနွေးထွေးထွေးဆုပ်ကိုင်ပေးလိုက်
တယ်...... အားလုံးအဆင်ပြေသွားမှာပါ မင်းမမှားပါဘူး
မင်းတစ်ခုမှမှားခဲ့တာမရှိပါဘူး
Saint : ဘာလို့ဒီတိုင်းရပ်နေကြတာလဲ
Perth : ဟုတ်သားပဲ လာ Plan.... ငါအခုပဲမနက်စာပြင်
ထားတာ.... Saint ဗိုက်ဆာပြီမလား
Saint : အင်း စားမယ်.... မျက်နှာသွားသစ်လိုက်ဦးမယ်
Plan : ငါသူ့ကိုပြောပြဖို့လေ မင်းဘာလို့တားလိုက်တာလဲ
Perth : ငါမပြောစေချင်သေးဘူး
ဘာလို့လဲဆိုရင် သူခံစားရမှာကအဓိကအချက်
ပြီးတော့ မင်းဘယ်လိုအကြောင်းပြချက်နဲ့သူ့ကို
ဖွငိ့ပြောမှာလဲ..... မင်းခံစားချက်တွေရောထွေး
နေတာ.... မင်းတည်ငြိမ်သွားတဲ့အချိန် သူမင်းကို
မုန်းတာ မင်းခံနိုင်လို့လား
Plan : ငါ.....
Perth : မင်းမမှားဘဲ..... မင်းညီလေးမုန်းတဲ့ဒဏ်ကိုမခံနိုင်
ပါဘူး..... ငါအားလုံးကိုစီစဉ်ပေးပါ့မယ်
မင်းဘာမှမဖြစ်စေရဘူး Saint လည်းဘာမှမဖြစ်
ရဘူး.... မင်းတို့ရှေ့ကနေငါရပ်တည်နေပေးမယ်
ငါမင်းတို့ရှေ့မှာ အမြဲရှိနေတယ်
ဒီမှာ ခဏထိုင်နေဦး.......
Saint လည်းမျက်နှာသစ်ပြီးတာနဲ့ အပြင်ကိုထွက်လာ
တော့ Plan တစ်ယောက်ထဲထိုင်နေတာ
Saint : ကိုကိုရော.....
Plan : ဟင်.....
Saint : P Planဘာဖြစ်နေတာလဲ ကိုကိုရောလို့မေးတာပါ
Plan : အလုပ်ကိစ္စဖုန်းသွားပြောနေတယ်
Saint : ဟုတ်လား အေးအေးလူလူနေချင်လို့ ဖုန်းပိတ်ထား
တာကို အလုပ်နဲ့တောင်ဖုန်းပြောနေလိုက်သေး
တယ်
သူအများကြီးပြင်ထားတာပဲ ဘယ်ထဲကထလုပ်
နေလဲမသိဘူး......
Perth : Saint..... စားလေ ဘာလို့ကြည့်နေတာလဲ
Saint : ကိုကို့ကိုစောင့်နေတာလေ.. P Plan လာထိုင်လေ
Perth : စားနှင့်တာမဟုတ်ဘူး ဖုန်းပြောတာကိုထိုင်စောင့်
နေရလား
Saint : တမင်ဖုန်းတွေပိတ်ထားတာလေ ဘာလို့ဖုန်းပြော
နေတာလဲ
Perth : ဘာလို့ဖုန်းတွေပိတ်ထားတာလဲ တစ်ခုခုအရေး
ကြီးနေရင်ဘယ်လိုလုပ်မလဲ ဖုန်းကပဲဆက်သွယ်
လို့ရမှာပေါ့
Saint : မရှိပါဘူး ကျောင်းကလည်းဒီရက်ထဲပိတ်ရက်များ
တယ်..... အဖေကလည်း ရန်ဖြစ်ပြီးထွက်လာတာ
လေ
အဖေဆိုတာကို Saint ပြောလိုက်တိုင်း..... ကျွန်တော်တို့နှစ်ယောက်လုံး ခံစားရတာ အဆင်မပြေဘူး
ကျွန်တော်ထပ်ပိုပြီး နာကျင်နေရမှာ.... Plan ပဲ
Plan : Perth..... ငါသိပ်မဆာလို့ ငါအခန်းထဲခဏသွား
အိပ်လို့ရမလား.... ပင်ပန်းနေလို့
Perth : အင်း သွားနားလိုက်
Saint..... ဖုန်းပြန်ဖွင့်ထားလိုက်ပါ အိမ်ကတစ်ခုခု
အရေးကြီးနေရင် ဘယ်လိုလုပ်မလဲ
Saint : ကိုကို.... ဘာဖြစ်နေတာလဲ
ဘာလို့အဲ့လောက်ထိလိုက်ပြောနေတာလဲ
Perth : ကိုကိုကအကောင်းပြောတာပါ မကိုင်ချင်တဲ့ဖုန်း
ဆိုလည်းကိုကိုကိုင်ပေးမှာပေါ့......
Perth က Saint ရဲ့ပါးလေးကိုကိုင်ထားလိုက်တယ်
Perth : လိမ္မာပါတယ်နော်
Saint ကထိုင်နေရာကနေထပြီး သူ့ဖုန်းကိုသွားယူပြီးဖွင့်
လိုက်တယ်
ဖုန်းဖွင့်လိုက်တာနဲ့ မြည်လိုက်တဲ့အသံဆိုတာ..... ဖုန်းခေါ်
ဆိုမှုတွေ စာတွေ ဘယ်လောက်တောင်ဝင်နေတာလဲ
Saint : ဘယ်သူပို့ထားတဲ့စာတွေလဲ.......
Perth : ဘာတွေလဲ
မေးသာမေးရတာ.... အသံကတုန်ရီနေတယ်
Saint မျက်နှာကစာတွေဖတ်ပြီးတာနဲ့ချက်ချင်းမှင်သေ
သွားတယ်.....
Perth : Saint..... ဘာဖြစ်တာလဲ Saint
စာတွေကိုဖတ်ပြီး သူအသက်ရောရှူသေးရဲ့လား
မျက်ရည်တွေကခဏကြာတာနဲ့ စီးကျလာတာပဲ
တီ တီ တီ..... ချက်ချင်းဝင်လာတဲ့ ဖုန်း.... Jessi ဆီက
Jessi : Saint..... နင်ဘယ်တွေရောက်နေတာလဲ နင်သိပြီး
ပြီလား အခုနင်တို့အိမ်ရဲ့သတင်းကအကြီးကြီးပဲ
နင့်အဖေ..... ဆုံးသွားတယ်ဆို
Hello Hello..... ငါပြောတာကြားလား Saint
Saint နားနားကပ်ထားတဲ့ဖုန်းက ချက်ချင်းပြုတ်ကျ
သွားတယ်
Saint : ကိုကို.....အဖေ..... အဖေဆုံးပြီတဲ့
Part 23 ( the end )