အိမ်ရောက်တဲ့ထိ လမ်းကိုခေါက်တုန့်ခေါက်ပြန်လျှောက်ပြီးတွေဝေနေဆဲပဲ ကိုကိုဖိနပ်စီးပေးလိုက်တဲ့ပုံရိပ်
အဲ့လိုပုံစံနဲ့လူတစ်ယောက်ကို ဘယ်လိုနေရာမျိုးမှာရင်း
ရင်းနှီးနှီးမြင်ဖူးနေတာလဲ
အခန်းထဲမှာစဉ်းစားလို့မရတာနဲ့ ခေါင်းရှင်းအောင်အောက်
ထပ်ကိုဆင်းလာခဲ့လိုက်တယ်
Saint : ကိုကို ဘယ်ရောက်သွားတာလဲ
ဝန်ထမ်းကောင်မလေးပြောပုံအတိုင်းဆို သူငယ်ချင်း
တစ်ယောက်ရဲ့ မွေးနေ့ပွဲကိုသွားတာတဲ့
ဖေဖေလည်းမရှိ ကိုကိုလည်းမရှိတော့ပိုဆိုးတယ် တစ်
ယောက်ထဲစဉ်းစားရင်းနဲ့ လမ်းလျှောက်လာလိုက်တာပန်း
ခြံထဲရောက်လို့ရောက်လာမှန်းတောင် မသိလိုက်ဘူး
ညနေစောင်းဆိုတော့ နေဝင်ပြီးမှောင်ခါစတောင်ပျိုးတော့
မယ် ညနေဘက်လေအေးလေးကခေါ်ဆောင်ရာကိုလိုက်
ကြည့်မိတော့မှ ကျွန်တော့်အတွေးထဲဝင်လာခဲ့တဲ့ ပုံရိပ်တစ်ချို့
ကလေးလေးတစ်ယောက် ပေတိပေစုတ်လေးနဲ့ တစ်ကိုယ်
လုံးကလည်းပေကျံညစ်ပေနေတယ် သစ်ပင်ကြီးရဲ့အောက်မှာ ဒူးခေါင်းလေးနှစ်ချောင်းကိုထောင်ပြီးခေါင်းလေးငုံ့ကာငိုနေရှာတယ်
သူ့ရှေ့ကိုရောက်လာတဲ့ ခြေထောက်တစ်စုံကိုမြင်တာနဲ့
တုန်တုန်ရီရီ မော့ကြည့်လိုက်မိတယ်
Saint : မကြောက်ပါနဲ့ ငါပါကွ
" သခင်လေး " ငိုနေတဲ့ကလေးလေးက သူ့ရှေ့ကသူဌေးသားငယ်လေးကိုမြင်တာနဲ့ အငိုရပ်သွားခဲ့တယ်
" Saint Saint သားလေး " .......
Saint : အမေ့အသံပဲ ငါနဲ့လိုက်ခဲ့
Saint လေးကပေကျံနေတဲ့ ကလေးလေးလက်ကိုဆွဲ
ခေါ်သွားပြီးသစ်ပင်အကွယ်မှာပြေးပုန်းနေလိုက်တယ်
အမေ့အလစ်ကိုချောင်းချောင်းကြည့်နေတာ သူ့ဖိနပ်တစ်
ဖက်ပြေးရင်းကျွတ်ကျခဲ့တာတောင် သိရဲ့လား
" သခင်လေး ဖိနပ် "
Saint : အမေသွားပြီ လာ
ကလေးလေးကထတာနဲ့ Saint ကျန်ခဲ့တဲ့ဖိနပ်တစ်ဖက်
ကိုပြေးကောက်လိုက်တယ်
" ကျွန်တော်ဝတ်ပေးမယ်လေ သခင်လေးထိုင် "
Saint ကထိုင်ခုံလေးပေါ်ပြေးထိုင်တာနဲ့ ကလေးလေးကဖိနပ်တစ်ဖက်ကိုဝတ်ပေးလိုက်တယ် နှစ်ယောက်လုံးမှာပေါ့
ပါးအပြစ်ကင်းစင်တဲ့အပြုံးတွေနဲ့
" သခင်လေး "
Saint : အာ ..... ဦးလေးကြီး လန့်သွားတာပဲ
Uncle : ဒီမှာဘာရပ်လုပ်နေတာလဲ ညနေစောင်းနေပြီ
ထမင်းစားတော့မလား ပြင်ပေးမယ်လေ
ဦးလေးကြီးလှုပ်နှိုးလိုက်လို့ ကျွန်တော့်အတွေးထဲက
ကလေးနှစ်ယောကိပျောက်ကွယ်သွားတယ် သူတို့ကိုပြန်မရှာဖွေနိုင်တော့ဘူး သူတို့ပုံရိပ်ကလုံးဝပျောက်ကွယ်သွား
တယ် အဲ့ကလေးနာမည်ကဘာလဲ
စဥိးစားစမ်းပါ သူ့နာမည်ကဘာလဲ သူကဘယ်သူလဲ
ငါဘာလို့ဘာမှမမှတ်မိနိုင်ရတာလဲ
Uncle : သခင်လေး ဘာတွေစဉ်းစားနေတာလဲ ချွေးတွေ
လည်းထွက်နေတယ် နေကောင်းရဲ့လား
Saint : ဦးလေးကြီး မဟုတ်မှလွဲရော ကျွန်တော်ငယ်ငယ်
ကဒီမှာနေတုန်းက ကျွန်တော်နဲ့ရွယ်တူကလေးတစ်
ယောက်ရှိလား
Uncle : ကလေးတစ်ယောက်လား
Saint : ဟုတ်တယ် နည်းနည်းပေစုတ်စုတ်လေး ကျွန်တော်
နဲ့ကစားဖော်တို့ ဒါမှမဟုတ် တစ်ယောက်ယောက်
များ ..... နေခဲ့ဖူးလား
Uncle : ဒီအိမ်မှာကလေးဆိုလို့ သခင်လေးတို့ညီအကိုက
လွဲရင်ဘယ်သူရှိနိုင်မှာလဲ ရှိရင်လည်းသခင်လေး
မှတ်မိမှာပေါ့ အတွေးတွေအရမ်းလွန်နေတယ်ထင်
တယ်
Saint : မဟုတ်ဘူး ဦးလေးကြီး
Saint ကဦးလေးကြီးလက်ကိုဖမ်းကိုင်ထားလိုက်တယ်
Saint : အမှန်တော့လေ ကျွန်တော်က .......
တီ တီ...... ကားဟွန်းသံလား ဘယ်သူပြန်လာတာလဲ
Girl : အိမ်ထိန်းကြီး သူဌေးပြန်လာပါပြီ
Uncle : ဘာ .....
ဘာလို့လာပြောတဲ့ကောင်မလေးရော ဦးလေးကြီးရော
ဖေဖေပြန်လာတာကို အလန့်တကြားဖြစ်နေရတာလဲ
Saint : ဖေဖေပြန်လာတာ ဘာဖြစ်လို့လဲ
Uncle : Perth ..... ဒုက္ခပဲ
Saint : ဘာလို့လဲ ကိုကိုကဘာဖြစ်လို့လဲ
သူဌေးဝင်လာတာနဲ့ Saint ကအိမ်အဝင်ဝကိုပြေးထွက်လာလိုက်တယ်
Dad : သားငယ်လေး ဘယ်သွားဖို့လဲ
Saint : သားကိုကိုဆီပြန်သွားမလို့ပါ
Dad : Perth ကဘယ်မှာမို့လို့လဲ
Saint : ကိုကိုက ..... ကိုကိုက
Saint ရဲ့မျက်လုံးတွေကလိမ်ညာနေတာလား သူ့အကြည့်တွေကဝေ့လှည့်နေတယ်
Saint : ကိုကို့ကို လမ်းထိပ်က မုန့်ဝယ်ခိုင်းလိုက်လို့
Dad : အော် မုန့်လား အဲ့ဒါဘာလို့သားကလိုက်သွားမှာလဲ
Saint : အဲ့ဒါကလေ ..... သားကိုကိုနဲ့မတွေ့တာကြာတော့
အေးဆေးမုန့်ထိုင်စားချင်မိလို့ပါ ငယ်ငယ်ကစား
နေကျလေ ဟုတ်တယ်မလား ပြန်လာခဲ့ပါ့မယ်
Saint ကအိမ်အပြင်ကိုအမြန်ပြေးထွက်သွားလိုက်တယ်
ဒါပေမယ့်အိမ်ရှေ့မီးတိုင်အောက်ရောက်တာနဲ့ ပြေးလွှားခြင်းကိုရပ်တန့်လိုက်ရတယ် မောမောနဲ့ အိမ်ရှေ့လမ်းမီးတိုင်
အောက်ကခုံတန်းလေးမှာ ထိုင်ပြီး Perth အလာကိုစောင့်
နေသလားပဲ
ထိုင်စောင့်နေတာ နာရီဝက်လောက်အကြာမှ ကားတစ်စီး
ကသူ့ရှေ့မှာရပ်တန့်လိုက်တယ်
ကားမှန်ချလိုက်တော့ ကိုကို့ကိုမြင်တော့မှ စိတ်သက်သာ
ရာရတော့တယ်
Perth : မင်းဒီမှာ ဘာထိုင်လုပ်နေတာလဲ
Saint : ကိုကိုရောက်လာလို့တော်သေးတယ် ဖေဖေပြန်
ရောကိနေတယ် သူ့ခရီးသွားဖို့ရှိလို့စောပြန်လာတာ
Perth : အဲ့ဒါကို မင်းကဘာလို့ဒီမှာထိုင်နေတာလဲ
Saint : အားလုံးကြားပြီးပြီ ဖေဖေကသူပြန်လာလို့ ကိုကို
အရက်သောက်တာသိရင်ထိုးလိမ့်မယ်တဲ့ ဒါ
ကြောင့် လာစောင့်နေတာ အနံ့ရတယ် သောက်လာ
တယ်မလား
Perth : သူငယ်ချင်းမွေးနေ့မို့လို့ နည်းနည်းပါ မင်းဘာရပ်
လုပ်နေတာလဲ ကားပေါ်တက်
Saint လည်းကားပေါ်တက်ထိုင်လိုက်တယ်
Saint : ဘယ်လိုလုပ်မလဲ အိမ်အဝင်နောက်ကျရင်လည်း
အဆူခံရမလား ဒါပေမယ့် စောဝင်ရင်လည်းအနံ့
ရသွားနိုင်တယ်
Perth : တစ်နာရီလောက် ဒီပေါ်မှာနေလိုက်
Saint : တစ်နာရီတောင်လား ဒါပေမယ့် ......
Perth : ပူမနေနဲ့ သူ့ရုံးခန်းထဲဝင်သွားရင် ညဘက်မအိပ်
ခင်ထိပြန်မထွက်တော့ဘူး အိမ်မှာနေရင်အဖေ့ရဲ့
တစ်နေ့တာအချိန်လောက်တော့ မှတ်ထား
Saint : အဲ့လိုလား တော်သေးတာပေါ့ ကျွန်တော့်ကိုကျေး
ဇူးတင်တယ်မလား ကျွန်တော့်ကြောင့်မဟုတ်ရင်
ဖေဖေက ကိုကို့ကိုစောင့်နေမှာ
Perth : ငါအထိုးပဲခံလိုက်မယ် မင်းကိုတော့ကျေးဇူးမတင်
ချင်ပါဘူး
Saint မျက်နှာလေးကချက်ချင်းဆူပုပ်ပြီးအသက်မဲ့
သွားတယ်
Saint : အမြဲအဲ့လိုပဲ ကျွန်တော့်မှာတော့ကိုကိုရဲ့ ချီးကျူး
တာလေးခံချင်လို့ကို ကိုကိုကလေ .....
ပြောလို့စကားမဆုံးခင်လှည့်ကြည့ိလိုက်တော့မှ Perth ကခုံအနောက်ကိုမီပြီး မျက်လုံးတစ်စုံကိုမှိတ်ထားတယ်
Saint : အိပ်ပျော်သွားတာလား
Perth အရှေ့မှာလက်ကိုဝှေ့ယမ်းလိုက်တာတောင် မနိုး
လာပုံထောက်ရင် သူအိပ်ပျော်သွားတာပဲ အင်းလေ သောက်ထားတဲ့အရှိန်လေးနဲ့ အိပ်ပျော်နေမှာပေါ့
Saint ကကြည့်နေရင်းနဲ့ ပြုံးနေမိတယ် ဘာလို့ ကိုကို့ကိုမြင်နေရင်စိတ်ကအလိုလိုပျော်ရွှင်နေမိတာလဲ မတွေ့ဆုံတာ
ကြာတဲ့ ကျွန်တော်တို့ရဲ့သံယောဇဉ်က ဒီရက်ပိုင်းလေးအ
တွင်းမှာတင် ပြန်ပြီးရစ်နွယ်မိတာမြန်ဆန်လွန်းသလိုပဲ
နာရီဝကိလောက်ကြာတော့ Perth သူ့မျက်လုံးတစ်စုံကိုပြန်ဖွင့်လိုက်တယ် သူ့ဘေးမှာထိုင်နေတဲ့ကောင်လေးကတော့
ဘယ်အချိန်အိပ်သွားမှန်းတောင်မသိလိုက်ဘူး
Perth က Saint အနားကိုဖြည်းဖြည်းချင်းကပ်သွားပြီး
Saint ရဲ့နဖူးပြင်ပေါ်ဖြာကျနေတဲ့ ဆံသားလေးတွေကိုထိ
ကိုင်လိုက်တယ်
Perth : ကျေးဇူးတင်ပါတယ် ကောင်လေး
Saint ကိုကြည့်နေရင်းနဲ့ကို Perth ရဲ့နှုတ်ခမ်းတစ်စုံက
Saint ရဲ့နဖူးပြင်လေးပေါ် ခပ်ပါးပါးလေးထိရှိုက်လိုက်
တယ်......
Perth : အရမ်းချစ်တယ် ကောင်လေး
Part 4 ( the end )