1..Pride

21.4K 1K 5
                                    

Zawgyi

....အခန်းပြင်​က သူထိုးကြိတ်​ထားခဲ့​သော အဘိုးကြီး၏ညည်းသံသဲ့သဲ့ကို ကြား​နေရ၏...
အခန်းတံခါးကို ဆွဲဖွင့်​လိုက်​​သောအခါ
ကြောက်​ရွံ့တကြီးဖြစ်​သွားသည့်​ အခန်း​ထောင့်​မှ အဘွားအို၏ ငိုထား၍မို့အစ်​​နေသည့်
ထိတ်​ထိတ်​လန့်​လန့်​ မျက်​၀န်းတစ်​စုံ...
အခန်းထဲမှငိုညည်းသံလား ရိုက်​သံလားမသဲကွဲသည့်​အသံတစ်​ပိုင်းတစ်​စ.. သူလျစ်​လျူရှုလိုက်​သည်​...

"မင်းကကွာ လုပ်​လိုက်​ရင်​စိတ်​လိုက်​မာန်​ပါချည်းပဲ.."

သူပြုံးလိုက်​မိသည်​ ​အနိုင်​ရလိုက်​လို့ ​ကျေနပ်​သွားသည်​လား သူ့မာနအတွက်​ ပြန်​​အစားရလိုက်​သည့်​ ခံစားချက်​​ကြောင့်​လား​တော့မသိ...

"မင်း​ရော တစ်​ချီ​လောက်​၀င်​နွှဲပါဦးလား...ထင်​ရက်​စရာမရှိဘူး...​နူးမွတ်​အိစက်​​နေတာပဲ"

"အာ...​တော်​ပါပြီကွာ မင်းကို​တောင်​တားလို့မရလို့လွှတ်​ထားရတာ ငါတို့
အချိန်​မီသတင်းပို့ဖို့အ​ရောက်​ပြန်​ရမယ်​ကွ...
နေ​စောင်း​နေပြီ"

သူနှင့်​အခန်း​ဖော်​လည်းဖြစ်​သလို
တပ်​ခွဲတစ်​ခုတည်းတူတူတာဝန်​ကျသည့်​ Shino ၏
ခပ်​​လော​လော စကားသံက သူ့ကိုသတိပြန်​ကပ်​​စေသည်​...

ဒီ​နေ့ သူနှင့်​ Shino တို့ မြို့ထဲသို့ သတင်းစာနှင့်​ အခြားပို့စာများ သွားယူရန်
ဒီ​နေ့တာဝန်​​ပေးခံရသည်​...
ဂျပန်​တို့ လက်​​အောက်​​ရောက်​​နေပြီဖြစ်​သည့်​ ကိုရီးယားတစ်​ပြည်​လုံးသည်​ အရာရာအလဲလဲအပြိုပြို... စား​ရေရိက္ခာပြတ်​လတ်​ခြင်း အနာ​ရောဂါထူ​ပြောခြင်း အစရှိသည့်​ စစ်​၏​ရုပ်ပိုင်းဆိုင်ရာေ​ဘးထွက်​ဆိုးကျိုးများသာမက စိတ်​ဓာတ်​များသည်​လည်း ပျက်​ပြား​နေကြသည်​...
စစ်​​အောင်​နိုင်​သူတို့၏ ထုံးစံအတိုင်း ရှုံးနိမ့်​သူကို သူတို့စစ်​​ဖိနပ်​​အောက်​တွင်​ ပိပြား​နေ​အောင်​ဖိနှိပ်​ထားကြသည်​...
မြို့ထဲရှိ ဂုဏ်​သ​ရေရှိမိန်းမပျိုများမှာ
ကာကွယ်​မှုလုံလုံ​လောက်​​လောက်​ရကြ​သော်​လည်း
အ​ခြေခံလူတန်းစားတို့၏ သမီးပျိုများမှာမူ စစ်​​အောင်​၍ စိတ်​ရူးဝင်​​နေသည့်​ စစ်​ဘီလူးတို့၏ သား​ကောင်​ဖြစ်​ရရှာသည်​ ည​နေ​နေ၀င်​ရီတ​ရောဆိုသည်​နှင့်​ ဘယ်​အမျိုး​ကောင်းသမီးပျိုမှအိမ်​ထဲမှ အိမ်​ပြင်​ မထွက်​၀ံ့ကြ​တော့​ပေ....
သို့​သော်​ အချို့ဆိုးသွမ်းလွန်း​သော
ဂျပန်​စစ်​သားများမှာ ​နေ့ခင်း​ကြောင်​​တောင်​ပင်​ ဆွဲလားရမ်း​လားလုပ်​ကြသည်​...

SurrenderWhere stories live. Discover now