38. Love Never Fails...

5.3K 754 144
                                    

{Zawgyi}

Surrender

ပူ​လောင်​ပြင်းပြတဲ့
မင်းရဲ့အကြည့်​​တွေဟာ
ရွှေအို​ရောင်​စွက်​တဲ့
ပါးပြင်​ရဲရဲကိုဖန်​တီး​​လေရဲ့ ...
နက်​နဲဆန်းကြယ်​လွန်းလှတဲ့
အဲ့ဒီမျက်​နက်​၀န်း​တွေဟာ
ချော်​ရည်​လို ပြာမှုန်​လို...
ငါ့ရဲ့နှလုံးသားအနက်​ဆုံးထိ
တစိမ့်​စိမ့်​တိုးဝင်​ခဲ့ပြီး​နောက်
ငါ့ကိုယ်​ငါပြန်​​တွေ့ခဲ့ချိန်
အဖတ်​ဆယ်​မရ​အောင်
ဒူး​ထောက်​အရှုံး​ပေးခြင်းနဲ့ယဉ်​ပါး​နေခဲ့​ပြီ...

-Alison Malee

ဥတု​လေးမျိုးရှိ​သော ကိုရီးယားပြည်​တွင်​ မိုးက
အစိုးရ​လေ့မရှိ။ ထူထပ်​​သော တိမ်​စိုင်​တိမ်​လိပ်​တို့မှ
တစိမ့်​စိမ့်​နှင့်​ မိုးရွာ​သော ညတာကိုဖြတ်​သန်းပြီး​နောက်​ တစ်​စတစ်​ပြူထွက်​လာ​သော​နေ​ရောင်​ခြည်​က မိုး​ရေစိုစွတ်​​နေ​သော စိမ်းမြမြသစ်​ရွက်​တို့ကို
ကဗျာဆန်​စွာ လှပ​နေ​စေသည်​။

Loey နှင့်​ Baekhyun တို့နှစ်​ဦးသား ညက
ကိစ္စအ​တော်​များများကိုတိုင်​ပင်​ဖြစ်​ကြရာ
တော်​​တော်​နှင့်​ အိပ်​မ​ပျော်​ခဲ့ကြ။

Baekhyun ကLoey ဖက်​ထားသည့်
ရင်​ခွင်​ထဲ​​​နွေး​ထွေး​နေ​သော်​လည်း အိပ်​မ​ပျော်​နိုင်​ခဲ့။

ဟုတ်​သည်​။ သူသည်​ထိုလူသားကို ​သေသွားဖို့ထိ
ဆု​တောင်းမိ​လောက်​​အောင်​မုန်းခဲ့ဖူးသည်​။

ထိုလူသားနှင့်​ ပက်​သတ်​သမျှမုန်းလွန်း၍ ကိုယ့်​ဝမ်း နှင့်​ ကိုးလလုံးလွယ်​ပိုးခဲ့ရသည့်​ ဥမမယ်​စာမ​မြောက်
သေးသည့်​ရင်​​သွေးငယ်​ကိုပင်​ရက်​စက်​စွာ စွန့်​ပယ်​ခဲ့
ဖူးသည်​။

အတိတ်​က အမုန်းတို့သည်​ မီး​တောင်​​ပေါက်​ကွဲသည့်​ပမာ အလုံးအရင်းထုနှင့်​ထည်​နှင့်​ ဖျက်​ဆီးခဲ့​သော်​လည်း ​ချော်​ရည်​ပူများပင်​ ​အေးစက်​သွားတတ်​သည့်
သ​ဘောသဘာဝရှိသည်​မဟုတ်​ပါ​လော။

ယခုအခါတွင်​​တော့ သူ့အသက်​ပင်​​ပေးရ​လောက်​သည်​ထိ ထိုသူကိုချစ်​မိပါသည်​။ ခံစားချက်​ကို
သိပ်​​ဖော်​ပြတတ်​​လေ့မရှိ​သော​ကြောင့်​ ထိုသူရိပ်​မိမလားမ​ပြောတတ်​​ပေမယ့်​ သူ့ထက်​မ​လျော့​သော
အချစ်​တို့နှင့်​ချစ်​​နေမိပြီဖြစ်​ရာ ထိုသူကို ထိခိုက်​ပျက်​စီးမှုဖြစ်​​စေမည့်​ အားလုံး​သောအ​ကြောင်းအရာတို့မှ
ကာကွယ်​​ပေးလိုသည်​မှာ သူ၏ရိုးရှင်း​သော
ချစ်​ခြင်းသ​င်္ကေတတစ်​ခု။

SurrenderTahanan ng mga kuwento. Tumuklas ngayon