6.You can make a mistake but not twice

5.6K 688 13
                                    

Zawgyi..

BAEKHYUN တို့အိမ်​သို့ သွားရန်​သာကြံစည်​​နေသည့်​ သူ့အဖို့ ​နောက်​ဆုံးတွင်
အခါအခွင့်​​ကောင်း တစ်​ခုကြုံလာသည်​။

ဝက်​အူ​ချောင်း၊ သကြား၊ ၀က်​နံရိုးအချို့နှင့်​ ​ကော်​ဖီမှုန့်​အနည်းငယ်​၊ Baekhyun အ​ဖေကြိုက်​တတ်​သည့်​ စီးကရက်​ တို့ကို အ၀တ်​အိတ်​နှင့်​ထည့်​ကာ ​သူစီး​နေကျ ​မော်​​တော်​ဆိုင်​ကယ်​​လေးကို စီးရင်း ထွက်​လာခဲ့လိုက်​သည်​။

သူ​ရောက်​သွားသည့်​အချိန်​ Baekhyun ရှိမ​နေ။ အ​ဖေကြီးနှင့်​အတူ လယ်​ထဲသို့ လိုက်​သွားသည်​ဟု ဆိုသည်​။ အဘွားကြီးသည်​ အိမ်​​ရှေ့ တလင်းပြင်​၌ ပဲသီးအ​တောင့်​များကို ​ခြွေ​နေသည်​။

သူ့လက်​ထဲက အထုပ်​ကိုမြင်​လျင်​ မျက်​နှာက မဆိုစ​လောက်​ ကြည်​သာသွားသည်​။ မီးဖိုထဲသို့သူ့ကို ​ခေါ်သွားပြီး ​ကော်​ဖီခါးခါးတစ်​ခွက်​ ​ဖျော်​တိုက်​သည်​။
အထုပ်​ထဲက ပစ္စည်းများကို မြင်​​သောအခါ ၀မ်းသာသွားဟန်​က ဖုံးဖိမရ။

" ​မောင်​ရင်​ ငါတို့ကို ဘာလို့ သ​ဘော​ကောင်း​နေရတာလဲဆိုတာ ငါသိ​ပေမယ့်​ ခုလိုရှားပါး​နေချိန်​မှာ​တော့ ​ကျေးဇူးတင်​ပါတယ်​ကွယ်​ "

" ကျွန်​​တော်​ ထိုင်​မယ်​​နော်​ "

သူခွင့်​​တောင်းသလို ယဉ်​ယဉ်​​ကျေး​ကျေးပင်​ ​ပြောလိုက်​သည်​။

"ထိုင်​​ပေါ့ကွယ် ထိုင်​​ပေါ့ "

အဘွားကြီးသည်​ ပြတင်းမှတဆင့်​ အပြင်​သို့တစ်​ချက်​ လှမ်း​မျှော်​ကြည့်​လိုက်​သည်​။ Baekhyun ပြန်​မလာ​သေးတာ ​သေချာ​စေလိုသည့်​သ​ဘောဖြင့်
ကြည့်​ခြင်းဖြစ်​မည်​ဟု Loey ​တွေးမိလိုက်​သည်​။

သူ့လာတိုင်း ပါလာတတ်​သည့်​ အစားအစာများ​ကြောင့်​ မိတ်​​ဆွေ အဖြစ်​နှင့်​ မဟုတ်​​သေး​သော်​ငြား အနည်းငယ်​​တော့ ဆက်​ဆံ​ရေး ​ပြေလည်​လာကြသည်​။

အ​ဖေကြီးက​တော့ ခပ်​တည်​တည်​သာ ​နေတတ်​​သော်​လည်း ဤအဘွားကြီးက​တော့ ​တောသူ​တောင်​သားပီပီ ​မေ့လွယ်​​ပျောက်​လွယ်​ ရှိသလိုပင်​။

SurrenderTempat cerita menjadi hidup. Temukan sekarang