21. Journey to Love

5.2K 688 8
                                    

(Zawgyi)

" Arjushi!!!"

ခေါ်သံနှင့်​အတူ ​နောက်​က​သူ၏ ​ခြေတံရှည်​ရှည်​တို့ကို
ပြေးဖက်​လိုက်​ရာ ​ရှေ့သို့အနည်းငယ်​ယိုင်​သွားပြီးမှ
နောက်​ဘက်​သို့ လက်​ဖြင့်​ ဖမ်းထိန်းလိုက်​သည်​။

"Jinho...ဖြည်းဖြည်းလာမှ​ပေါ့ ​ချော်​လဲဦးမယ်​"

" Arjushi ကိုမြင်​လို့ ​ပြေးလာတာ...."

သူ့​ခြေ​ထောက်​ကိုဖက်​ထားသည့်​ က​လေးငယ်​အား
အသာထိန်းကာ သူ့လက်​​မောင်းများကြားထဲ
ပွေ့ပိုက်​ကာ ချီလိုက်​သည်​။ ထိုက​လေးကလည်း
သူ၏ ​ပွေ့ချီမှုကို အသာတကြည်​ခံကာ သူ၏
လည်​ပင်းကိုတိုး၍ ဖက်​လာသည်​။

" သားဒီ​နေ့ သီချင်းအသစ်​တစ်​ပုဒ်​တီးတတ်​သွားပြီ
သိလား...ပြီး​တော့ Do Young ကလည်း သူ​ခေါက်​ထားတဲ့ ကြယ်​​လေး​တွေ သားကို​ပေး​သေးတယ်​..."

"​တော်​လှချည်​လားကွ...Arjushi ကသားကို ဘာဆု​ပေးရမလဲ..."

" ဟိုတစ်​​ခေါက်​လို သားကို စန္ဒယားတီးပြပါလား"

" အခြားဘာမှ မလိုချင်​ဘူးလား..."

"ဟင့်​အင်း Arjushi စန္ဒယားတီးပြတာပဲ နား​ထောင်​ချင်​တယ်​..."

ထိုအခါမှ

" အင်း Arjushi တီးပြမယ်​..."

Jinho ကို​ပွေ့ချီထားရင်းနှင့်​ပင်​ စန္ဒယားရှိရာ
အ​ဆောင်​ဆီသို့ သွားလိုက်​သည်​။

သူ့ကိုယ်​သူပင်​ အံသြရသည်​အထိပင်​...
ဤက​လေးငယ်​ကား သူနှင့်​အနီးဆုံးသို့
အချိန်​တိုအတွင်း ​ရောက်​လာခဲ့သည်​မှာ..
သူနှင့်​မနီးစပ်​ချင်​ခဲ့သည့်​ တစ်​စုံတစ်​ဦးကို
သူခုတ​လော မကြာခဏ အမှတ်​ရဖြစ်​သည်​အထိ...
သူ၏ ရူးသွပ်​မတတ်​ဖြစ်​သွားခဲ့ရသည့်
အတိတ်​​ဟောင်းတွင်​ က​လေးငယ်​တစ်​ဦးပါ
ပါဝင်​​နေရာ က​လေးများကို ​ပွေ့ချီဖို့ ထိ​တွေ့ဖို့ပင်
မ၀ံ့ရဲ​တော့သည်​ထိ သူ၏စိတ်​ဒဏ်​ရာနက်​ခဲ့သည်​...

သို့​သော်​...ထို​နေ့...တိတိကျကျဆိုရ​သော်
Shino တို့မင်္ဂလာ​ဆောင်​သည့်​​နေ့က ဖြစ်​ပျက်​သွား
ခဲ့သည့်​ အဖြစ်​အပျက်​များ​ကြောင့်​ သူ​တော်​​တော်​​လေး စိတ်​ထဲရှုပ်​​ထွေးသွားရာ ဘုရား​ကျောင်းမှ
စစ်​စတာ ညွှန်​ပြသည့်​ အ​ဆောင်​​လေးထဲတွင်
သွားနားရန်​ Shino ကလိုက်​ပို့​ပေးခဲ့သည်​။
သူခဏ​မှေးခနဲ အိပ်​​ပျော်​သွားစဉ်​ နားထဲသို့
ရင်းနှီး​နေသည့်​ သံစဉ်​တစ်​ခုက၀င်​လာခဲ့သည်​။

SurrenderWhere stories live. Discover now