11.さようなら

4.4K 596 6
                                    

Zawgyi...

ယ​နေ့ Baekhyun တို့အိမ်​သို့သွားရာလမ်း၌ ရပ်​​စောင့်​​နေ​သော Baekhyun အ​မေကြီးကို​တွေ့လိုက်​ရသည်​။

ပူ​ဆွေးခြင်းနှင့်​ စိုးရိမ်​​ကြောင့်​ကြခြင်းတို့က သူမမျက်​နှာတွင်​ အထင်းသား​ပေါ်​နေသည်​။

"ဒီ​နေ့​တော့ အိမ်​ကိုမလာခဲ့နဲ့ဦး Suho ပြန်​​ရောက်​လာတယ်​....
Minho ရယ်ေ​မြ​အောက်​နှိပ်​စက်​ခန်းက​နေ ထွက်​​ပြေးဖို့ ကြိုးစားတဲ့အုပ်​စုမှာပါလို့ ပစ်​သတ်​ခံလိုက်​ရတယ်​လို့​ပြောတယ်​...
သူက​ခေါင်း​ဆောင်​ဆိုလားပဲ အဲ့ဒါ အခုအိမ်​မှာ Baekhyun အကြီးအကျယ်​​သောင်းကျန်း​နေတယ်​....မ​နေ့ညက​တည်းကဘာမှ မစားပဲ အခန်းထဲ​အောင်းပြီး ငိုချည်း​နေလို့ အ​မေက သွား​ဖြောင်းဖျတာ
အ​မေ့ကိုပါ နှင်​လွှတ်​တယ်​ ....မင်းသွားရင်​​တော့
မင်းကို ကတ်​​ကြေးနဲ့တောင်ထိုးလွှတ်မလားမသိဘူး
သူစိတ်​ငြိမ်​သွား​​လောက်​​မှ ပြန်​လာခဲ့​​ချေ...ဒီ​နေ့​တော့ ပြန်​လိုက်​ဦး"

" Suho သူပြန်​​ရောက်​​နေပြီလား"

သိပ်​မကြာ​သေးခင်​က Seoul မှအပြန်​တွင်​ Baekhyun တို့အိမ်​တွင်​တည်းသွား​သော ထိုတစ်​​ယောက်​...Baekhyun နှင့်​ လက်​ပွန်းတတီး ရှိလှ၍ သူသိပ်​မကြိုက်​။

သို့​သော်​ အ​မေကြီးက​တော့ Suho ထက်​ Minho နှင့်​ Baekhyun ကပိုသံ​ယောဇဉ်​ရှိ​ကြောင်း​ပြောခဲ့ဖူးသည်​။

Minho က Baekhyun ချစ်​သူဖြစ်​​ကြောင်းကို​တော့ မကြာ​သေးခင်​ကသာ သူသိလိုက်​ရခြင်းဖြစ်​သည်​။

"ဟုတ်​တယ်​ ခုချိန်​မှာ သူရှိ​နေလို့လည်း
တော်​​သေးတာ​ပေါ့ အ​မေထမင်း​ကျွေးတာ​တောင်​ မစားတဲ့သူက Suho ​​ချော့​မော့​ကျွေး​တော့မှ စွပ်​ပြုတ်​​လေးတစ်​ခွက်​​တော့ ​သောက်​လိုက်​​သေးတယ်​"

Baekhyun နှင့်​ရင်းနှီးလွန်း​သော သူများကို သူမနှစ်​သက်​။ Baekhyun ၏အနီးတွင်​ တကယ်​ရှိရမည့်​သူမှာ သူသာဖြစ်​သည်​။

သို့​သော်​ သူ့မှာ အစတည်းကမမှန်​ခဲ့သလို ခုထိလည်း Baekhyun အမြင်​တွင်​ သူကမှား​နေဆဲ။ စိတ်​ကိုမထိန်းချုပ်​နိုင်​ခဲ့​သော သူ့ကိုယ်​သူသာ အပြစ်​တင်​မိ​တော့သည်​။

SurrenderTahanan ng mga kuwento. Tumuklas ngayon