15. Insane...

5.5K 665 16
                                    

Zawgyi...

နောက်​တစ်​​နေ့တွင်​ Loey အိမ်​သို့
ရောက်​လာခဲ့သည်​။ Baekhyunက
ခပ်​တည်​တည်​ဖြင့်​ ကြည့်​​နေသည်​။ နှစ်​​ယောက်​စလုံး
လှုပ်​လည်းမလှုပ်​ စကားလည်းမ​ပြောပဲ
မိနစ်​​တော်​​တော်​ကြာထိ ငြိမ်​​နေကြသည်​။
လက်​​ဝှေ့ကြိုးဝိုင်းထဲက လူနှစ်​ဦးလို
တစ်​​ယောက်​ကို တစ်​​ယောက်​ အကဲခတ်​​နေကြသည်​။

တော်​​တော်​ကြာမှ Loey ပြုံးသည်​။ ထို့​နောက်​ Baekhyun ကို ကြည်​ကြည်​လင်​လင်​ကြည့်​လိုက်​ရင်း သူတို့ကြားက တိတ်​ဆိတ်​​တင်းမာ​နေ​သော ​လေထုကြီးကိုဖြိုခွဲလိုက်​သည်​။

"ထွက်​မ​ပြေးလို့ ​ကျေးဇူးပါပဲ..."

ထိုစကားကို Baekhyun က
အထအန​ကောက်​ကာ
ခပ်ဆတ်ဆတ်တုံ့ပြန်​​​​လိုက်​သည်​။

"ကျွန်​​တော်​က ဘာ​ကြောင့်​ထွက်​​ပြေး​နေရမှာလဲ...အမှားမှလုပ်​မထားတာ...
အရင်​အ​ခေါက်​​တွေက ခင်​ဗျားကို​ရှောင်​​နေတာက
ခင်​ဗျားမျက်​နှာ မြင်​​နေရရင်​ ရွံလို့....
အဲ့ဒါကိုခင်​ဗျားက အထင်​မှား​နေပုံရတယ်​..."

"...."

Loey အံကိုကြိတ်​လိုက်​မိသည်​။ ​ပြောစရာစကားမရှိ။

"ကျွန်​​တော့်​မိဘ​တွေခင်​ဗျားကို​ခေါ်ထားတာမလား
သူတို့က​တော့ ရွာထဲသွားကြတယ်​...
အဲ့ဒါလည်း​ကောင်းပါတယ်​...
ကျွန်​​တော်​ခင်​ဗျားနဲ့ ပြတ်​ပြတ်​သားသား​ဆွေး​နွေးဖို့
လို​နေတဲ့အချက်​​တွေရှိ​သေးတယ်​...
ထိုင်​​လေ..."

သူ၏ စစ်​ဂျာကင်​နှင့်​ ဦးထုပ်​ကိုချွတ်​ကာ အနီးရှိ ကုလားထိုင်​​ပေါ်တွင်​ ဂျာကင်​ကိုလွှားတင်​ကာ
ဦးထုပ်​ကို စားပွဲ​ပေါ်တင်​ကာ ထိုင်​လိုက်​သည်​။
Baekhyun ကမီးလင်းဖို​ရှေ့ရှိ ပက်​လက်​ကုလားထိုင်​တွင်​ထိုင်​​နေသည်​ဖြစ်​ရာ ​မော့ကြည့်​​နေ​သော မျက်​၀န်း​အောက်​ရှိ ပါးမို့မို့​ပေါ်တွင်​ မျက်​​တောင်​ဖျား​ကော့​ကော့တို့က အရိပ်​ထင်​​နေသည်​။

SurrenderTahanan ng mga kuwento. Tumuklas ngayon