36. I promise...

5.1K 754 22
                                    

{Zawgyi}

" Loey အိမ်​​ရှေ့မှာ ဘယ်​သူလဲမသိဘူး တံခါးဖွင့်​​ပေးလိုက်​ပါဦး..ကျွန်​​တော်​ဟင်းရည်​ချက်​​နေရင်း
တန်းလန်းကြီးမလို့..."

"ကိုယ်​သွားလိုက်​မယ်​"

အိမ်​​ရှေ့က ​ခေါင်း​လောင်းမြည်​သံ​က တစ်​ချက်​ထပ်
မြည်​လာသည်​။

" ​သြော်​ ...စာတိုက်​ကပဲ...​ကြေးနန်းပါလာလို့လား"

"ဟုတ်​ကဲ့ ဒီတစ်​ခါက နှစ်​​စောင်​..လက်​မှတ်​ထိုးပြီး
ယူလိုက်​​နော်​"

"​ကျေးဇူးတင်​ပါတယ်​ခင်​ဗျား...တာဝန်​​ကျေလိုက်​ပါဉ်ီး.."

Loey ဆီသို့ ဂျပန်​မှ မိသားစုဆီမှ ​ကြေးနန်းစာအချို့
ရံဖန်​ရံခါ ​ရောက်​လာတတ်​သည်​။ သူလိပ်​စာကို
အထူးအ​ထွေကြည့်​မ​နေ​တော့ပဲ ဧည့်​ခန်းက
စားပွဲ​ပေါ် ပစ်​တင်​ထားလိုက်​သည်​။

အေး​အေး​ဆေး​ဆေး ​နေ့လည်​စာစားပြီးမှပဲ
ဖတ်​​တော့မည်​ဟု​တွေးလိုက်​သည်​။

" Loey ဘယ်​သူလာတာလဲ"

" စာတိုက်​ကပါ...​ကြေးနန်းစာပါလာလို့ လာပို့တာ"

"ဟုတ်​လား ဘယ်​ကတဲ့လဲ"

"ဂျပန်​ကပဲ​နေမယ်​ ကိုယ်​လိပ်​စာ​တောင်​ မကြည့်​ မိလိုက်​ဘူး..."

" ဟုတ်​လား"

Baekhyun ကဟင်းရည်​အိုးကို မီးဖို​ပေါ်က ချပြီး
ထမင်းစားစားပွဲ​ပေါ်တင်​သည်​။ ထမင်းနှင့်​ ဟင်းပွဲ​များက စားပွဲ​ပေါ်တွင်​ ​နေရာချထားပြီးဖြစ်​သည်​။

" Loey...Jinho ထမင်းစားကြမယ်​...ထမင်း​​တွေ ဟင်း​တွေ ပူ​နေတုန်း မြန်​မြန်​လာခဲ့ကြ"

"လာပြီး Appa"

" Loey မလာ​သေးဘူးလား"

"လာပြီ..လာပြီ...လက်​​ဆေး​နေတာ"

သူတို့ လက်​ထပ်​ပြီး Jinho ​လေး​အိမ်​သို့ ​ရောက်​လာကတည်းက တတ်​နိုင်​သ၍ ထမင်းလက်​ဆုံ
စားခဲ့ကြသည်​။

Loey က Jinho ​လေးကိုကိုယ်​၀န်​ရှိစဉ်​ကတည်းက
က​လေးအတွက်​ ဖခင်​​ကောင်းဖြစ်​ဖို့ စိတ်​ကူးယဉ်​ခဲ့
ရ​သော်​လည်း Jinho ​လေး၏ က​လေးဘဝ
အ​စောပိုင်းတွင်​ အတူရှိခွင့်​မရခဲ့။ ယုတ်​စွအဆုံး
မွေးကင်းစ Jinho ​လေးကိုပင်​ မြင်​ခွင့်​မရခဲ့။

SurrenderWhere stories live. Discover now