39. Surrender {FINALE}

7.4K 821 116
                                    

{Zawgyi}

...Faith is confidence in what we hope for and assurance for what we do not see...

Loey တစ်ယောက် Suho Hyung ရှိရာ တရုတ်နိုင်ငံ ပေကျင်းသို့ ရောက်နေသည်မှာ သုံးလခန့်ရှိလေပြီ။ သူတတ်နိုင်သမျှ ဇာတ်မြှပ်ကာနေထိုင်နေရသည်။

ကိုရီးယားပြည်၏ တောင်နှင့်မြောက် အရေးကိစ္စသည် ထင်သလောက် မရိုးစင်းလှချေ။
နောက်ကွယ်တွင် ကြိုးကိုင်​နေသော အင်အားကြီးနိုင်ငံများ၏ ချယ်လှယ်မှုကြောင့် ပိုမိုရှုပ်ထွေးလာသည်။ 

နိုင်ငံပေါင်းချုပ်အသင်းကြီး၏နောက်ပိုင်း သြဇာညောင်းလာသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအဖို့လည်း      တောင်နှင့်မြောက်အရေးကိစ္စသည် ကိုင်တွယ်ရန် ခက်ခဲနေသည်။

စစ်ပွဲက မရှောင်သာတော့။ တရုတ်နှင့် ဆိုဗီယက်ပြည်ထောင်စုက
 မြောက်ပိုင်းတွင် အားဖြည့်ကာ အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံတော်တော်များများက ​တောင်ပိုင်းဘက်မှအလေးသာကာ
မဟာမိတ်အဖြစ် ပူးပေါင်းကြသည်။

သူ့မှာ ကိုယ့်ကိုကိုယ်ထက် ကိုရီးယားတွင် ကျန်နေရစ်ခဲ့သော Baekhyun နှင့် Jinho အတွက်ရတက်မအေး  ဖြစ်နေရသည်။

တကယ်တော့ ထိုသူရှိရာ အရပ်သည် သူ့အိမ်ပင်။ နေရာဒေသတွေ၊ နယ်နိမိတ်တွေကို
သူ ဂရုမမူမိတော့ချေ။ သူရောက်ပြီး baekhyun တို့စိတ်ပူမနေစေရန် ကြေးနန်းစာ ပို့ခဲ့ပြီးဖြစ်သည်။ သူ့နောက်ကိုလိုက်နေသည်က ခဏတာတော့
 ငြိမ်သွားသည်။ သို့သော် သူစိတ်မချရဲသေး။

ခုနစ်နှစ်တာလုံး သူ ကိုရီးယား၏ စစ်ရေးနှင့်ပက်သတ်သည့်သတင်းများကို စုံစမ်းထောက်လှမ်းပေးခဲ့သည်။

သူက ကိုရီးယားစကားကိုလည်း ကျွမ်းကျင်စွာ ပြောတတ်နေရာ အလုပ်တွင်ခဲ့သည်။ Baekhyun နှင့်   ပြန်တွေ့ကာ မိသားစုဘ၀လေး ရလာချိန်တွင်တော့ သူထိုသို့ အန္တရာယ်များသည့် အလုပ်တွေ မလုပ်ချင်​တော့။

သူနှုတ်ထွက်စာ တင်ခဲ့သော်လည်း လက်ရှိကိုင်တွယ်နေရသည့် operation က လက်လွှဲခဲ့လို့ ရသည်မျိုးမဟုတ်သဖြင့် သူအပြီးထိဆောင်ရွက်ဖို့ တာဝန်ယူခဲ့ခြင်းပင်။

SurrenderTahanan ng mga kuwento. Tumuklas ngayon