18. Reflection

4.9K 695 15
                                    

Zawgyi

" ​Ahhh...Loey မင်းဘယ်​တုန်းက ​ရောက်​လာတာလဲ...မင်းဝင်​လာတာ ငါမ​တွေ့လိုက်​ဘူး..."

"မကြာ​သေးဘူး ခု​လေးတင်​ပဲ...မင်းအလုပ်​ရှုပ်​​နေတာ​တွေ့လို့ မ​ခေါ်​တော့ပဲ ဒီနားမှာ
စောင့်​​နေလိုက်​တာ..."

"Sohee...!! ဒီမှာ Loey ​ရောက်​​နေပြီ...
နှုတ်​ဆက်​လိုက်​ပါဦး...လူပျိုကြီးကို...ဟားဟား"

သတို့သမီးဝတ်​စုံဖြင့်​ လှပတင့်​တယ်​​နေ​သော
Shino ၏ မ​ဟေသီ​လေးက အပြုံးဖြင့်
အရင်​ လှမ်းနှုတ်​ဆက်​၏။
အပြုံး​လေးက သန့်​စင်​သိမ်​​မွေ့၏။
Shino ကံ​ကောင်းသည်​။ သူ ဆိုလ်းတွင်
တာဝန်​ကျ​နေစဉ်​က Sohee နှင့်​ဆုံခဲ့ခြင်းဖြစ်​သည်​။
Sohee တို့အ​ဖေက စီးပွား​ရေးနယ်​ပယ်​တွင်
သြဇာတိက္ကမကြီးမားသူတစ်​ဦးဖြစ်​သည်​။
သို့​သော်​ Sohee ကဂုဏ်​​မောက်​​နေ​သော
မမ​လေးတစ်​​ယောက်​မဟုတ်​ခဲ့။
ကြင်​နာခြင်း၊ ရိုးသားခြင်း၊ နှိမ့်​ချခြင်းတို့နှင့်
သွက်​လက်​ချက်​ချာ​သော မိန်းမငယ်​တစ်​ဦးဖြစ်​သည်

Shino တစ်​​ယောက်​ Sohee ၏အချစ်​ကိုရဖို့
တစ်​နှစ်​ခန့်​ကြိုးစားခဲ့ရ၏။
ထို့​နောက်​ မိဘများကို အသိ​ပေးခဲ့ကြရာ
နှစ်​ဖက်​မိဘက သ​ဘောမတူခဲ့ကြ။
Soheeမိဘ​ဆဆွေမျိုးများက
အမြင်​ကျယ်​သူများဖြစ်​သည့်​တိုင်
မတူညီ​သော လူမျိုး၊ ဘာသာ၊ လူ​နေမှုဝန်းကျင်​များကို ညှိယူရမည်​ဖြစ်​ရာ ​တော်​ရုံတန်​ရုံ
ချစ်​​မေတ္တာမျှနဲ့​တော့ ​ရေရှည်​လက်​တွဲသွားကြရန်
မလွယ်​ကူ​ကြောင်း ​ဖျောင့်​ဖျခဲ့ကြသည်​။
သို့​သော်​ သူတို့နှစ်​ဦးအချစ်​က ခုနစ်​နှစ်​တိုင်​တိုင်
ခိုင်​မြဲခဲ့သည်​။ ယခု Shino က
ကိုရီးယားရှိကုမ္ပဏီတစ်​ခုတွင်
Assistant Manager အဖြစ်
ဝင်​​ရောက်​လုပ်​ကိုင်​​နေ၏။
သူ့​ယောက္ခမ​လောင်းကြီး၏ ရှယ်​ယာ
အ​တော်​အသင့်​ပါ​သော ကုမ္ပဏီဖြစ်​ရာ
Shino အတွက်​လည်းအဆင်​​ပြေ၏။

"က​လေး​တွေက ချစ်​စရာ​လေး​တွေ​နော်​..."

Sohee ကသူမ၏ ပင်​တိုင်​ အပြုံး​လေးဖြင့်
နေ့လည်​စာစား​နေ​သော
က​လေးများကိုကြည့်​ကာဆိုသည်​။

SurrenderWhere stories live. Discover now