14. Bitterness

4.5K 567 1
                                    

Zawgyi...

စေ့စပ်​ပွဲပြီးကတည်းက အခန်းတွင်း​အောင်း​နေ​သော Baekhyun...အပြစ်​စွဲစိတ်​...​နောင်​တ...အစရှိသည့်​ စိတ်​ဒဏ်​ရာများက ကြီးကြီးမားမား
ရိုက်​ခတ်​လျက်​...

တန်​ဖိုးထားမှု...မတူညီသည့်​သူချင်း အဆင်​​ပြေစွာ ဘ၀တစ်​​လျှောက်​လုံး လက်​တွဲသွားနိုင်​ဖို့ရန်​ သူလုံးဝ မယုံကြည်​...အထူးသဖြင့်​ ထိုသူက သူ့ဘ၀ကို ဖျက်​မရ​သော စိတ်​၏ဒဏ်​ရာ ​ပေးခဲ့သူ...

ပြီး​တော့ ...Minho...သူတစ်​​ယောက်​တည်းကိုပဲ သူချစ်​သွားနိုင်​လိမ့်​မည်​ဟု ထင်​ခဲ့သည်​...
သူမ​ပြောင်းလဲချင်​ပါ...Minho ​သေသွားရတာ​ရော ဘယ်​သူ​တွေ​ကြောင့်​လဲ....သူဒီလူကို ခွင့်​လွှတ်​လိုက်​လျင်​ Minho အတွက်​မတရား...ပြီး​တော့ ဒီလူကိုလက်​ခံလိုက်​လျင်​ နိုင်​ငံကိုသစ္စာ​ဖောက်​ရာ ​ရောက်​သွားမလား....သူမဆုံးဖြတ်​နိုင်​​တော့....

ခပ်​ဖွဖွတံခါး​ခေါက်​သံနှင့်​အတူ အခန်းတံခါးဖွင့်​ပြီး အခန်းထဲဝင်​လာသည့်​ ​ခြေသံကိုပါ တစ်​ဆက်​တည်း ကြားလိုက်​ရသည်​။ သူမျက်​လုံးဖွင့်​မကြည့်​မိ။

သူ့​အိပ်​ရာ ​ခေါင်းရင်းဘက်​တွင်​ ပစ္စည်းတစ်​ခု ခပ်​ဖွဖွချလိုက်​သံကြားရပြီး စွပ်​ပြုတ်​လိုလို
ဟင်းအနံ့တစ်​မျိုးရလိုက်​သည်​။

" Baekhyun..သား...ထမင်းလည်းလာမစားဘူး...
နေမ​ကောင်းဘူးလား...​မွေးကာနီး...ဖွားကာနီးကို...
ကျန်းမာ​ရေး ဂရုစိုက်​မှ​ပေါ့...လာ..ထ...
ထစားလိုက်​ဦး...."

"ကျွန်​​တော်​ စားချင်​စိတ်​မရှိဘူး...ဒီလိုနဲ့​သေသွားရင်​ ပိုပြီး ​အေးမှာပဲ...."

" Baekhyun...သားရယ်​ မမိုက်​စမ်းပါနဲ့​တော့ကွယ်​...တကယ့်​ဘ၀ကိုရင်​ဆိုင်​မှ​ပေါ့ကွယ်​...Minho
လည်း​သေသွားခဲ့ပြီ ပြီး​တော့ Chanyeol ကလည်း သားကို လက်​ထပ်​မယ်​...ပြီး​တော့ ရုပ်​ရည်​ဆိုလည်း​ပြောစရာမလိုဘူး...သူလိုလူကို လင်​လုပ်​ရရင်
ဘယ်​သူမဆို ​ပျော်​မှာပဲ...သူ့အကူအညီမပါပဲနဲ့
လယ်​ယာလုပ်​ငန်းကိုလည်း ဘယ်​လို ပြန်​စမလဲ..
ဟင်​...သူ့ပိုက်​ဆံနဲ့ ထရက်​တာ​တွေ​ကော လယ်​ထွန်​စက်​​တွေ​ကော ၀ယ်​​ပေးမယ်​တဲ့...ပြီးပြီးသား​တွေ ပြီးပါ​စေ​တော့ကွယ်​..."

SurrenderWhere stories live. Discover now