29. Starry Night

5.4K 724 15
                                    

{Zawgyi}

အချစ်​ကို ကစားစရာလိုသ​ဘောထားခဲ့ဖူးသည်​။
ငယ်​ငယ်​က အဆင်​မ​ပြေခဲ့​သော မိဘများ၏ အိမ်​​ထောင်​​ရေး​ကြောင့်​ သူ အချစ်​ကိုအယုံအကြည်​မရှိခဲ့။
သုံးနှစ်​အရွယ်​ သိတတ်​စက​လေးငယ်​၏ စိတ်​ထဲတွင်
စွဲထင်​​နေသည်​က ဖခင်​ဖြစ်​သူ၏ သူ့အ​ပေါ်ထား​သော
ဥ​ပေက္ခာများ...။

'မကိုခင်​မှဥကိုမင်​သည်​'ဆို​သော
စကားပုံသည်​ ဖခင်​အတွက်​​တော့မှန်​ပုံရခဲ့သည်​။ သူ၏ မိခင်​ဖြစ်​သူနှင့်​ စကတည်းကမယဉ်​ခဲ့​သော
အိမ်​​ထောင်​​ရေးတွင်​ အ​ပေါ်ယံမသိ​သာ​သော်​လည်း
နက်​ရှိုင်းလှစွာ စွဲကျန်​​နေသည့်အမာရွတ်​ပါးပါးတို့
ကြောင့်​ ချစ်​ခြင်း​မေတ္တာကို အယုံအကြည်​မဲ့ခဲ့သည်​။

ဖခင်​က အချစ်​နှင့်​​နွေး​ထွေးမှုများကလွဲ၍ သူ့ကို
သူလိုသမျှကို​တော့ ဖြည့်​ဆည်း​ပေးခဲ့သည်​။မိခင်​ဖြစ်​သူဘက်​ကချန်​ရစ်​ခဲ့သည့်​ အ​မွေများကလည်းသူနှင့်​ သူ့အစ်​မအတွက်​ ပူပင်​စရာမရှိခဲ့။ အလယ်​တန်းထိ ဖခင်​ဆီက ဂရုစိုက်​မှုလိုချင်​လှ၍ ​ကျောင်းစာ
ဂီတ အားကစားအရာရာမှာ ထူးချွန်​​အောင်​ သူကြိုးစားခဲ့သည်​။

သို့​သော်​ ​နောက်​မိန်းမနှင့်​ရလာ​သော ညီငယ်​​လေးကသူမရခဲ့​​သောဂရုစိုက်​မှုများ၊ ချစ်​ခြင်း​မေတ္တာများကို သိမ်းကျုံးရ​နေသည်​ကိုမြင်​လာ​သောအခါ ဆယ်​​ကျော်​သက်​တစ်​​ယောက်​၏ အရွဲ့တိုက်​လိုစိတ်​များ...၊ ဂရုစိုက်​ဂရုပြု
ခံလိုမှုများ​ကြောင့်​ သူ​ကျောင်းတွင်​ ရန်​ဖြစ်​သည်​။
မိန်းက​လေးများနှင့်​ ​ပွေရှုပ်​သည်​။ သူ၏ ပထမဆုံး
လိင်​မှုအ​တွေ့အကြုံကအထက်​တန်း​​ကျောင်သားဘ၀မှာပင်​ စတင်​ခဲ့သည်​။ အချစ်​မပါပဲလည်း ဒီကိစ္စ​တွေကဖြစ်​နိုင်​တာပဲလို့ သူသိလာခဲ့သည်​။

အထက်​တန်းတွင်​ စာကိုဂရုမစိုက်​​ပေ​ပေ​တေ​တေ​နေ ခဲ့​သော်​လည်း ဉာဏ်​​ကောင်းလွန်းလှ၍လား​တော့မသိ။ဘာသာရပ်​တိုင်းတွင်​ အဆိုးဆုံးအဆင့်​ အဖြစ်​ရဖူးသည်​က B အဆင့်​။ တစ်​ခါမှ​တော့ C မထိခဲ့။ သူကံ​ကောင်းလွန်း သည်​ပဲ ​ပြောရမလား ကျိုတိုတွင်​ တက္ကသိုလ်​တက်​ခွင့်​ ရခဲ့သည်​။ အ​နောက်
ကမ္ဘာတွင်​ ပထမကမ္ဘာစစ်​​ကြောင့်​ မွဲ​တေပြာကျခဲ့ရ​သော ဂျာမနီနှင့်​ အီတလီသည်​ နိုင်​ငံကိုပြန်​ထူ​ထောင်​ရန်​ ​ခေါင်း​ဆောင်​များ​မျှော်​လင့်​​နေကြချိန်​...။

SurrenderTahanan ng mga kuwento. Tumuklas ngayon