16. Heartless Revenge💔

5.2K 578 14
                                    


Zawgyi....

မတ်​လထဲ​ရောက်​လာ​လေပြီ။ ဆိုလ်းတွင်​အ​ခြေစိုက်​သည့်​ တပ်​များသာမက ဘူဆန်​ရှိတပ်​များပါ
အနည်းငယ်​ လှုပ်​လှုပ်​ရှားရှားဖြစ်​လာကြသည်​။
ဂျပန်​သည်​ ဒုတိယကမ္ဘာစစ်​တွင်​ အ​ရေးသာ​နေရာမှ
အိပ်​​ပျော်​​နေ​သော ခြ​င်္သေ့ကြီးဖြစ်​သည့်
အ​မေရိကန်​၏ နှုတ်​ခမ်း​မွှေးကိုမှ
တည့်​တည့်​ကြီး သွားဆွဲနှုတ်​မိရာ အ​မေရိကန်​တို့၏
ကမ္ဘာ​ပေါ်တွင်​ အဦးဆုံးပိုင်​ဆိုင်​ထားသည့်
အဏုမြူဗုံးဒဏ်​ကို မရှုမလှခံလိုက်​ရ​သော​ကြောင့်
တိုကျိုဌာနချုပ်​ရှိ ဗိုလ်​ချုပ်​ကြီးများပင်
ခေါင်းမီး​တောက်​​နေရပြီ။
စစ်​အတွင်း၌ အလှည့်​အ​ပြောင်းများသည်
မြန်​ဆန်​လွန်းလှသည်​။ ယခင်​ကသူတို့သိမ်းပိုက်​ထားခဲ့သည့်​ နယ်​​မြေ ကတုတ်​ကျင်းများ၊
စစ်​စခန်းများမှာလည်း တစ်​ခုပြီးတစ်​ခု မဟာမိတ်​တပ်​​ပေါင်းစုများ၏ လက်​ထဲသို့ကျ​ရောက်​​နေရာ
ထိုနယ်​​မြေများတွင်​ရှိသည့်​ ဂျပန်​တပ်​များမှာ
ရသမျှထုပ်​ပိုးကာ ဟိမ၀န္တာ​တောင်​တန်းများဆီ
ပြေးဝင်​ခို​အောင်း​နေရသည်​။ သူတို့ချီတက်​ရာ
လမ်း​ကြောင်းများသည်​ ကစဉ့်​ကလျား၊
ချီတက်​ရာလမ်းတစ်​​လျှောက်​ မဟာမိတ်​တပ်​များ မျက်​​ခြေပြတ်​သွားရန်​ တံတားများ၊ လမ်းများကို
ဖျက်​ဆီးခဲ့ကြသည်​။ ယခင်​က ထည့်​​တွေးစရာပင်​မလိုခဲ့သည့်​ သူတို့၏စစ်​ဖိနပ်​​အောက်​တွင်​ပြားပြားဝပ်​ကာ သူတို့ကို​မော်​၍မျှပင်
မကြည့်​ဝံ့​အောင်​ ​ကြောက်​ရွံ့ခဲ့ကြသည့်​ ​ဒေသခံများသည်​လည်း​ကောင်း၊
မာစတာဟု တွင်​တွင်​​ခေါ်ရင်း
ကပ်​ဖားရပ်​ဖားလုပ်​ခဲ့ကြည့်​ အလို​တော်​ရိ
လူတစ်​စုသည်​လည်း​ကောင်း
ယခုအခါတွင်​ သူတို့အတွက်​ မ​သေခင်​ကြွက်​ကို
စိမ်​​ပြေန​ပြေကစား​နေသည့်​ ​ကြောင်​များကဲ့သို့။

ထို့​ကြောင့်​ ယခင်​က ပုံမှန်​သတင်းပို့ခြင်း၊
အမိန့်​လက်​ခံခြင်း​လောက်​သာလုပ်​​ဆောင်​ခဲ့ရသည့်
သူတို့တပ်​ခွဲတွင်​ စစ်​ဆင်​​ရေးများ၊ အပြင်းအထန်​​လေ့ကျင့်​​ရေးများ ရှိလာသည်​။ ​ကောလဟာလများလည်း ပျံ့နှံ့​နေသည်​။
စစ်​မျက်​နှာတစ်​ခုသို့ ထွက်​ရမည်​ဟုဆိုသည်​။
သို့​သော်​ Loey တို့လို အငယ်​တန်းအရာရှိ​လေးများပင်​လျင်​ ဘယ်​ဆီသို့
စစ်​မျက်​နှာထွက်​ရမည်​ကို အတိအကျမသိကြ။
မှန်းဆရုံသာ မှန်းဆနိုင်​ကြသည်​။
အချို့က​တော့ မဟာမိတ်​တို့လက်​ထဲကျသွားသည့်
Hedgesaw ​တောင်​ကုန်းကို တက်​​ရောက်​သိမ်းပိုက်​နိုင်​ရန်​ အသင့်​ပြင်​​နေကြသည်​ဟုဆိုကြသည်​။
တချို့ကမူ ကိုရီးယားကျွန်းဆွယ်​နှင့်​ဆက်​စပ်​​နေသည့်​ အ​မေရိကန်​ စစ်​ဌာနချုပ်​များရှိသည့်
ဗီယက်​နမ်​သို့သွားရမည်​ ထင်​ကြသည်​။ တချို့ကမူ
Australiaသို့ချီတက်​ကြရမည်​ဟု ခန့်​မှန်းကြသည်​။
ထို့​ကြောင့်​ Loey မှာလည်း Baekhyun တို့
အိမ်​​လေးဆီသို့ ယခင်​ကလို ခပ်​စိတ်​စိတ်​မလာနိုင်​။
Baekhyun မှာ​မွေးဖွားရန်​ တစ်​စထက်​တစ်​စ
ရက်​နီးလာ​ချေပြီ။ သူ့မှာစိတ်​ပူ​နေ​သော်​လည်း
ခြေဦးလှည့်​ရန်​ လုံးဝ အခွင့်​မသာလှ​ချေ။

SurrenderWhere stories live. Discover now