26. Steps to Mercy

5.2K 694 8
                                    

{Zawgyi}

" ဘာကိစ္စရှိလို့လဲမသိဘူး?"

မိဘမဲ့​ကျောင်းထဲရှိ စာသင်​​ဆောင်​ထဲသို့ ၀င်​လာပြီး
ယောင်​လည်​လည်​ဖြစ်​​နေသည့်​ Baekhyun နှင့်
Suho Hyung တို့ကို ကူညီ​ပေးလိုဟန်​ဖြင့်
စစ်​စတာတစ်​ဦးက အပြုံးခပ်​ဖွဖွဖြင့်​​မေးလာသည်​။

"ကျွန်​​တော်​တို့ က​လေးတစ်​​ယောက်​ကိုလာရှာတာပါ
စစ်​စတာ..."

"နာမည်​ကဘယ်​သူများလဲ??"

"JINHO...လို့​ခေါ်တဲ့က​လေးပါ..အသက်​ ၇နှစ်​​လောက်​ရှိပြီ..."

"Jinhoလား...ဒီ​နေ့​ကျောင်းတက်​ရဲ့လားမသိဘူး...
ဒါနဲ့ ဒီက​မောင်​ရင်​တို့က Jinho နဲ့
ဘာ​တော်​သလဲမသိဘူး"

"ကျွန်​​တော်​က..."

"Jinho ရဲ့ ဦး​လေးပါ..."

တွေ​ဝေ​နေ​သော Baekhyun ၏တစ်​ပိုင်းတစ်​စ
အ​ဖြေကို Suho Hyung က ၀င်​​ဖြေလိုက်​သည်​။

"ဟုတ်​လား...Jinho မှာ ​ဆွေမျိုးရင်းခြာရယ်​လို့
မရှိဘူးလို့သိထားတာ သူ့အ​ဖေက
တစ်​ဦးတည်း​သောသား...
သူ့အ​မေကကျ ဒီက မာသာကြီးရဲ့
လက်​ထဲတင်​ကြီးလာတဲ့ မိဘမဲ့​ကျောင်းက
က​လေးပဲ...စိတ်​မရှိရင်​ ဘယ်​လို​တော်​စပ်​လဲ ​ပြောပြလို့ရမလား...
အ​ဖေဘက်​ကလား...?"

"ဟုတ်​...ဦး​လေးဆိုတာထက်
အသိဦး​လေးဆို ပိုမှန်​မှာပါ...
ကျွန်​​တော်​နဲ့ Jinho ရဲ့အ​ဖေက
အရမ်းရင်းနှီးတဲ့မိတ်​​ဆွေ​တွေပါ...
Jinho အ​မေကလည်း
ကျွန်​​တော်​နဲ့ တက္ကသိုလ်​တက်​တုန်းက
မေဂျာတူတဲ့စီနီယာအစ်​မဆို​တော့
နှစ်​​ယောက်​လုံးနဲ့ ရင်းနှီးတယ်
ပြောနိုင်​ပါတယ်​...
ကျွန်​​တော်​တို့အဆက်​အသွယ်​ပြတ်​သွားကြတာ
Jinho ​လေးတစ်​သက်​လို့​ပြောနိုင်​ပါတယ်​...
Jinho ​မွေးပြီးကတည်းက မ​တွေ့ဖြစ်​ကြတာ
နှစ်​​ယောက်​လုံး ကား​မှောက်​ပြီး ဆုံးပါးသွားတာ
ပြီး​တော့ Jinho လည်း ဒီမှာ ​ရောက်​​နေတယ်​ဆိုတာ
သိတာ​တော့ သိပ်​မကြာ​သေးပါဘူး..."

"​သြော်​...အဲ့လိုလား...စိတ်​မရှိပါနဲ့​နော်
စစ်​စတာတို့ကလည်း က​လေးရဲ့ လုံခြုံ​ရေးအတွက်
သေချာ​မေးကြည့်​ရတာပါ..."

Surrenderحيث تعيش القصص. اكتشف الآن