20. Recover

4.8K 623 15
                                    

Zawgyi

" ဒီအ​တော အတွင်း ဘယ်​​တွေ​ရောက်​​နေခဲ့တာလဲ...
ကျွန်​​တော်​ လက်​လှမ်းမီသမျှ...တတ်​နိုင်​သမျှ
လိုက်​ရှာ​နေခဲ့တာ...ကိုရီးယားမှာ​ကော
ရှိ​နေခဲ့ရဲ့လား...ခု ကျွန်​​တော်​ ဒီမှာရှိ​နေမှန်း​ကော ဘယ်​လိုသိတာလဲ...."

" ​ပြောရမယ်​ဆိုရင်​ ကြားထဲဖြစ်​ပျက်​သွားခဲ့တာ​တွေက အများကြီးပဲ...အဆက်​အသွယ်​ဖြတ်​ထားဖို့
ရည်​ရွယ်​ခဲ့တာမျိုး​တော့ မဟုတ်​ပါဘူး....
မတတ်​သာခဲ့လို့...
Hyung ဂျပန်​​ရောက်​​နေတာမကြာ​သေးဘူး...
ခုက Baekhyunee ရှိ​နေမှန်းကိုလည်း ​သေချာကြီးသိတာ​တော့မဟုတ်​ပါဘူး...
စုံစမ်းရင်းနဲ့ ​ရောက်​လာတာ..."

" ကျွန်​​တော်​...ကျွန်​​တော်​....က​လေးဘယ်​မှာလဲ..သိချင်​တယ်​...​ကျေးဇူးပြု၍..."

" Hyung ​တောင်းပန်​ပါတယ်​...Baekhyunee...
က​လေးက..."

"က​လေးက...ဘာဖြစ်​သွားခဲ့တာလဲ Hyung...
ကျွန်​​တော့်​ကို​ဖြေပါဦး..."

Baekhyun က စိတ်​မရှည်​​တော့သည့်​ဟန်​ဖြင့်
စကားသံက ကျယ်​လာသလို Suho ၏
အီင်္ကျီစကို မရဲတရဲ ဆွဲကိုင်​ကာ ​မေး​နေ​တော့သည်​။

"တကယ်​ပဲ သူအသက်​ရှင်​ခွင့်​မရခဲ့ဘူးလားဟင်​??"

Suho Hyung ၏ ​ဖျော့​တော့​နေ​သော
မျက်​၀န်းများက Baekhyun ၏ သံသယကို မီးစာထည့်​​ပေး​နေသလို...

"ဟင့်​အင်း...သူအသက်​ရှင်​​နေဦးမယ်​လို့
Hyung ယုံတယ်​...ဒါ​ပေမယ့်​ ...ဘယ်​​နေရာမှာ
သူရှိ​နေမယ်​ဆိုတာ Hyung မသိခဲ့ဘူး
သိဖို့အခွင့်​အ​ရေးမရခဲ့ဘူး....
ဒီတစ်​​လျှောက်​လုံးလည်း
Hyung အခွင့်​အ​ရေးရတိုင်း
က​​လေးကို အဆက်​မပြတ်​ရှာ​နေခဲ့တာ...
ရှာမ​တွေ့ခဲ့ဘူး Baekhyun ရယ်​...
Hyung တကယ်​​တောင်းပန်​ပါတယ်​..."

"မဟုတ်​ဘူး...Hyung ​တောင်းပန်​ရမယ့်​ကိစ္စ
မဟုတ်​ဘူး​လေ....မှားခဲ့တာက ကျွန်​​တော်​ပါ...
နေလာခဲ့တဲ့တစ်​​လျှောက်
ကျွန်​​တော်​ တစ်​​နေ့မှ စိတ်​ချလက်​ချ
မ​ပျော်​ခဲ့ရဘူး Hyung ရယ်​....
အဲ့တုန်းက​လေ ကျွန်​​တော့်​စိတ်​​တွေ
ဘယ်​​လောက်​ခက်​ထန်​​နေခဲ့သလဲဆို
အဲ့လူ စိတ်​မချမ်း​မြေ့​စေရဖို့
ငရဲကျမယ်​ဆိုရင်​​တောင်
ကျွန်​​တော်​လုပ်​ချင်​တဲ့ထိ....
အဲ့က​လေးကိုလည်း သူ့ကိုမုန်းသလို
ကျွန်​​တော်​ မုန်း​နေတယ်​ပဲ ထင်​ခဲ့တာ...
အဲ့လူကို သတ်​ပစ်​ချင်​​လောက်​​အောင်​ မုန်းသလို
အဲ့က​လေးကိုလည်း ကျွန်​​တော်​မျက်​နှာမ​တွေ့ချင်​တဲ့ထိ...မယုယမပိုက်​​ထွေးနိုင်​တဲ့ထိ....
ဗိုက်​ဆာလွန်းလို့ အသံ​ပျောက်​တဲ့ထိ ငို​နေတဲ့
က​လေးကို လျစ်​လျူရှုရက်​ခဲ့တဲ့ထိ...
ကျွန်​​တော်​...ကျွန်​​တော်​ ရက်​စက်​ခဲ့တာ...
ခုထိ ကျွန်​​တော့်​ရဲ့အိပ်​မက်​ထဲ
က​လေးရဲ့ငိုသံ​တွေကို အမြဲကြား​နေတုန်း...
အဲ့လို အိပ်​မက်​​တွေမက်​တိုင်း ကျွန်​​တော်
ဆောက်​တည်​ရာမရခဲ့ဘူး...
ကျွန်​​တော်​က​လေးကို အရမ်း​တွေ့ချင်​တယ်
ခုချိန်​ထိ ကျွန်​​တော်​အားတင်းပြီး​နေနိုင်​ခဲ့တာလည်း
က​လေးကို ကျွန်​​တော်​ပြန်​​တွေ့ဦးမယ်...
တွေ့ခဲ့ရင်​ သူလိုခဲ့တဲ့ ​မေတ္တာ​တွေ​နွေး​ထွေးမှု​တွေကို
ပြန်​ပြီးတတ်​နိုင်​သ၍ ဖြည့်​ဆည်း​ပေးမယ်​ဆိုတဲ့
စိတ်​တစ်​ခုတည်းနဲ့....
ကျွန်​​တော်​မှားခဲ့မှန်းသိပါတယ်​....
မှားဖို့တွန်းအား​ပေးခဲ့တဲ့အရာ​တွေ​ကြောင့်​ရယ်​လို့
ကျွန်​​တော်​ဆင်​​ခြေ​ပေးဖဲ့ဖူးတယ်​...
ကျွန်​​တော့်​ကို ဘုရားသခင်​​တောင်
ခွင့်​လွှတ်​​ပေးနိုင်​ပါ့ဦးမလား..."

SurrenderWhere stories live. Discover now