24.Love is Patient

5K 705 11
                                    

Zawgyi

သူ့နာမည်​က Byun Baekhyun...
နာမည်​​ရော...လူ​ရောကနားလည်​ဖို့
ခက်​ခဲလွန်းလှတဲ့ ​ကောင်​​လေးတစ်​​ယောက်​...
ခု​တော့လူရွယ်​တစ်​​ယောက်​​ပေါ့...
ဒါ​ပေမယ့်​ ဘယ်​သူ့ကိုအပြစ်​တင်​ရမလဲ
မသိ​လောက်​​အောင်​ ရှုပ်​​ထွေးသွားခဲ့ရတဲ့ သူတို့ရဲ့အတိတ်​...မလှပခဲ့တာထက်
အကျည်းတန်​တာကပိုတယ်​..
မပွင့်​လန်းလာခဲ့တဲ့အချစ်​ပန်းကလေးဟာ
ဘယ်​သူ့​​ကြောင့်​များပါလိမ့်​..
ပြန်​​တွေ့တဲ့အချိန်​ဟာ မချိုမြိန်​လှပါဘူး...
တစ်​​ယောက်​ကိုတစ်​​ယောက်
လက်​ညိုးထိုးဖို့အပြစ်​​တွေကိုယ်​စီနဲ့...
ခုချိန်​အသည်းအသန် ပြန်လိုက်နွေးထွေးနေရလည်း
အရှုံးလို့ မတွေးမိတော့ဘူး...
သူကျွန်တော့်ကို မလိုအပ်ပေမယ့်..
ကျွန်တော် သူ့ကို လိုအပ်တယ်လေ...
ဘယ်​လိုမျိုး ကျွန်​​တော်​ကြည့်​​နေခဲ့ရင်
သူကျွန်​​တော့်​နှလုံးသားကိုနားလည်​လာလိမ့်​မလဲ...

နှုတ်​ဆက်​ဖို့​လောက်​အထိ  သူတို့ရင်းနှီးခဲ့ပါရဲ့လား??
သူ Halmet ကို ​မချွတ်​မိ​သေးပဲ ငူငိုင်​​နေမိသည်​။
Suho Hyung က​ဘေးကအား​ပေး​နေ​သော်​လည်း
Baekhyun ကတစ်​ခုခုကိုစိုးရိမ်​​နေသည့်​ဟန်​...
လက်​များကို အချင်းချင်းအ​ကြောင်းမရှိ ပွတ်​သပ်​ကာ စိတ်​လှုပ်​ရှား​နေဟန်​က အထင်းသား ​ပေါ်လွင်​​နေသည်​။

အဲ့ဒီ Suho ဆိုတဲ့တစ်​​ယောက်​က Baekhyun နဲ့
ဘယ်​​လောက်​အထိ ဘယ်​လို​တွေ ပက်​သန်​​နေပါသလဲ
ဘူချွန်းမှာကတည်းက ထိုသူကို သူမျက်​စိစပါး​မွှေး
စူးခဲ့သည်​။ ထိုသူ​ရောက်​လာတိုင်း သူ့အတွက်
ကံဆိုးမှုက တစ်​ခုမဟုတ်​တစ်​ခုပင်​။

သူအ​တွေး​တွေကအတိတ်​ထဲ​မြော​နေပြီးသတိပြန်​၀င်
လာချိန်​မှာ​တော့ Baekhyhn တို့ကိုမ​တွေ့ရ​တော့။
ဘုရား​ကျောင်းထဲဝင်​သွားကြပုံရသည်​။

သူအစက ပြန်​ဖို့ရည်​ရွယ်​ထား​သော်​လည်း
သံလိုက်​တုံးကို​တွေ့လိုက်​ရသည့်​ သံမှုန်​စ​လေးများကဲ့သို့ Baekhyun ၏ ဆွဲ​ဆောင်​မှု​နောက်​​ကောက်​​ကောက်​ပါ​အောင်​ လိုက်​သွားဖို့က
လွဲပြီး ​ရွေးချယ်​စရာမရှိသလိုပင်​။

SurrenderWhere stories live. Discover now