33. I Swear my heart to you...🚨

6.6K 807 50
                                    

{Zawgyi}

ရုန်းဖယ်​ခြင်းမရှိ​သော Baekhyun သည်​ မျက်​၀န်း များကိုမှိတ်​ထားကာ သဲ့သဲ့မျှ​သော အသက်​ရှူသံ​လေးသာရှိပြီး ငြိမ်​သက်​​နေသည်​။နှစ်​​ယောက်​သား၏ တိုးညင်းလှ​သော အသက်​ရှူသံနှင့်​အတူ ခုန်​​ပေါက်​​နေ​သော နှလုံးသား၏အသံကို မိမိဘာသာမိမိ
ကျယ်​​လောင်​စွာ ပြန်​ကြား​နေရသည်​။

" Baekhyun..."

တုံ့ပြန်​မှုအ​နေဖြင့်​ မျက်​၀န်း​လေးများဖြင့်​သာ သူ့ကို
မော့ကြည့်​လာသည်​။ သူငုံ့ကြည့်​မိ​သော ထိုအညို​ရင့်
ရောင်​မျက်​၀န်းများတွင်​ ၀ိ​ရောဓိမကင်း​သော
အ​ငွေ့အသက်​တို့ ​ရောယှက်​​နေသည်​။

ထိုမျက်​၀န်းများသည်​ ပင်​လယ်​ထက်​ပိုနက်​ရှိုင်းသလို
စကြာဝဠာထက်​လည်း ကျယ်​ပြန့်​သည်​။ ထိုမျက်​၀န်း
များထဲတွင်​ ​မေးခွန်းများကအ​ဖြေ​တောင်း​နေသလို..။

" အခု မင်းမျက်​၀န်း​တွေထဲမှာ ကိုယ်​ သံသယ​တွေ
မြင်​​နေရတယ်​...ကိုယ်​နားလည်​တယ်​ မင်းဘာ​တွေကို
မယုံကြည်​​နေလဲ...မင်းရဲ့နှလုံးသားကို ဘာ​တွေက
မ​ပေါ့ပါး​စေပဲ ဆုံးဖြတ်​ချက်​ချဖို့ ခက်​ခဲ​နေ​စေလဲ ဆိုတာ ကိုယ်​သိတယ်​...ဒါ​ပေမယ့်​ မင်း....
ကိုယ့်​ နှလုံးသားကို စိတ်​ချလို့ရတယ်​ဆိုတာ
ကိုယ်​ကျိန်​​ပြောရဲတယ်​...ကိုယ်​မင်းဘက်​မှာပဲ အမြဲ
ရှိ​နေ​တော့မှာ...မင်းရဲ့​ဘေးမှာပဲ အိုမင်းသွားတဲ့ထိ
တူတူရှိသွား​တော့မှာ...မင်းကို ​​ပျော်​ရွှင်​ခြင်း​တွေပဲ
ကိုယ်​​ပေး​တော့မှာ... မင်းငိုရမယ်​ဆိုရင်​​တောင်
ပျော်​လို့ကျရတဲ့မျက်​ရည်​ပဲ ဖြစ်​​စေ​တော့မယ်​...
ကိုယ့်​ဘ၀မှာ အမှားကြီးမှားခဲ့ပြီးပြီ...ဒါ​ပေမယ့်​​လေ
အဲ့အမှားထဲက မင်းကိုရှာ​တွေ့ခဲ့တဲ့အတွက်
ဘုရားသခင်​ကို ​ကျေးဇူးတင်​တယ်​...​နောက်​ထပ်
ကိုယ်​အမှား​တွေထပ်​လုပ်​မိဦးမလား​တော့
ကိုယ်​မသိ​ပေမယ့်​ ​သေချာတာက​တော့
မင်းကိုနာကျင်​​စေမယ့်​ လုပ်​ရပ်​မျိုး​တော့
ကိုယ်​ဘယ်​​တော့မှ ထပ်​မလုပ်​မိ​စေရ​တော့ဘူး..."

" ကျွန်​​တော်​...ခင်​ဗျားကိုမမုန်း​တော့ဘူးထင်​တယ်​"

ပင်​လယ်​တွင်​ထင်​ဟပ်​​သော လ​ရောင်​သည်​ ဆွဲငင်
ဖျား​ယောင်းနိုင်​​လေသလား...ထို့အတူ Baekhyun
၏ နှုတ်​ခမ်းဆီသို့ ​ရောင်​ပြန်​​နေ​သော လရိပ်​သည်​လည်း သူ့ကို ဆွဲငင်​ဖျား​ယောင်းခြင်း၌ တိမ်းမူး​စေပါ၏...။ သူတို့နှစ်​​ယောက်​၏ နှာဖျားထိပ်​နှစ်​ခုကို
သူထိစပ်​​စေလိုက်​ရာ မျက်​နှာနှစ်​ခုမှာ အနီးဆုံး
အ​နေအထားသို့...။

SurrenderTahanan ng mga kuwento. Tumuklas ngayon