5. My Nightmares are you

5.7K 679 1
                                    

Zawgyi...

"အား...မလုပ်​ပါနဲ့"

အာ​ခေါင်​ခြစ်​၍ ​အော်​လိုက်​​သော သူ့အသံသည်​ တိတ်​ဆိတ်​​နေ​သော ညလယ်​တွင်​ ဟိန်းထွက်​သွားသည်​။

ချွေးများသည်​ ဦး​ခေါင်းတွင်​သာမက တစ်​ကိုယ်​လုံးစိုရွှဲ​နေသလို နတ်​ပူးသလိုတုန်​ယင်​​နေ​သော သူ့ခန္ဓာကိုယ်​ ပါးလျလျ၊

ထို​နေ့က ဖြစ်​ပျက်​ခဲ့​သော အရာများသည်​ ယခုထက်​တိုင်​ အိပ်​မက်​ဆိုးအဖြစ်​ ပုံရိပ်​ထင်​​နေဆဲ၊

မကာကွယ်​နိုင်​​သော သူ့နှုတ်ခမ်းပါးတို့အား
အတင်းအဓမ္မ နမ်း​နေ​သော အရက်​နံ့​ထောင်း​နေသည့်
ထိုသူ၏နှုတ်​ခမ်းများ၊

အင်​အားမမျှ​သော သူ့ခန္ဓာကိုယ်​ရှိ အ၀တ်​များကိုတစ်​စစီဆွဲဖယ်​​နေ​သော ထိုသူ၏ သန်​မာ​သောလက်​များ၊

နာကျင်​ခြင်းသက်​သက်​သာရှိခဲ့သည့်​ ​သွေးတို့နှင့်​ထုံမွမ်း​နေသည့်​ သူတို့နှစ်​​ယောက်​၏ စပ်​ရှက်​မှု၊

သူ့ခန္ဓာကိုယ်​ကို သူရွံသည်​။ မသန့်​စင်​​တော့သည့်
ဒီခန္ဓာကိုယ်​ကို သယ်​ပိုးထားသည့်​ သူ့ဝိညာဉ်​ကို အဆုံးသတ်​ပစ်​ချင်​သည်​အထိ။

"Baekhyun ဘာဖြစ်​လို့လဲ"

တံခါးကိုတဒုန်းဒုန်းထုရင်း ​မေး​နေသည့်​ Suho hyung ၏အသံ၊

ရှိုက်​သံသာထွက်​လာပြီး စကားပြန်​မရသည့်​အခါ
တံခါးကိုအားနှင့်​ဆွဲဖွင့်​လိုက်​​သော Suho

"အိပ်​မက်​ဆိုး​တွေ မက်​​နေပြန်​ပြီလား Baekhyun?"

ခပ်​ဖွဖွဖက်​လာ​သော Suho ၏ရင်​ခွင်​ထဲ အားကိုးတကြီး တိုးဝင်​မိရင်း သူတသိမ့်​သိမ့်​ရှိုက်​​နေမိသည်​။

"ငိုလိုက်​ Baekhyun မင်းရဲ့ ၀မ်းနည်းမှု​တွေ ဒီမျက်​ရည်​​တွေနဲ့အတူ ပါသွားရင်​ ​ကောင်းမယ်​၊ သနားစရာ​ကောင်းလိုက်​တဲ့ က​လေး​လေး၊"

"ကျွန်​​တော်​ ​သေချင်​တယ်​၊ ဒီခန္ဓာကိုယ်​နဲ့ ကျွန်​​တော်​ Minho ကိုဘယ်​လိုမှ ရင်​မဆိုင်​ရဲ​တော့ဘူး"

SurrenderTahanan ng mga kuwento. Tumuklas ngayon