28. Sparks I found in you🔅

5.4K 709 33
                                    

{Zawgyi}

ဒီ​နေ့ Baekhyun ဘုရား​ကျောင်းသို့ ခပ်​​စော​စောတည်းက ​ရောက်​​နေသည်​။ဘုရား​ကျောင်း​နောက်​ဘကရှိအခန်းငယ်​​လေးထဲတွင်​ ယခုဝတ်​စုံပြည့်​ဖြင့်​ထိုင်​​နေသည်​။  သူ ချည်းပဲ​တော့မဟုတ်​။
သူ နှင့်​အတူ ဂျပန်​တွင်​ မာစတာတန်းတက်​စဉ်​က အတူတူစာတမ်းတင်​ခဲ့ကြသည့်​ Taki ပါ​ရောက်​​နေသည်​။

အနှီ Taki မှာသူနှင့်​​ရေစက်​စုံကိုစုံလွန်းလှသည်​။
သူ​ရောက်​လာသည်​က အမှန်​တကယ်​​တော့
သူဆက်​တက်​မည့်​ ​Doctorate အတန်းအတွက်​ ကိုရီးယားတွင်​ လိုအပ်​သည့်​ အချက်​အလက်​များ လာယူခြင်း...။ ခရီး​ရောက်​မဆိုက်​ပင်​ Baekhyun ဆီ အ​ပြေးလာခဲ့ရာ ဤဘုရား​ကျောင်းထဲထိ
ရောက်​လာခဲ့ခြင်း။

ရောက်​​ရောက်​ချင်းပင်​ သူအလန့်​တကြားဖြစ်​ရသည်​အ​ကြောင်းမှာ Baekhyun တစ်​​ယောက်​ မင်္ဂလာ​ဆောင်​​တော့မည်​ဆိုလာ၍...။ ​ကျောင်းတက်​လာသည့်​ တစ်​​လျှောက်​ မိဘများထံမှ ​အ​တော်​အတန်​ကြာမှ တစ်​ကြိမ်​​ရောက်​လာတတ်​သည့်
ကြေးနန်းစာများမှ လွဲ၍ Baekhyun နှင့်
စာအဆက်​အသွယ်​လုပ်​သူ သူသိသ​လောက်​မရှိ​ချေ။
ရည်းစားသနာကိစ္စလည်း အရှုပ်​အရှင်းကင်းသူဖြစ်​ရာ မိဘ​ပေးစားသူနှင့်​များယူသလားဟုသာ
တွေးစရာ ရှိ​တော့သည်​။

" Baekhyun မင်းက အရမ်းသိုသိပ်​တယ်​​နော်​...
မင်းအိမ်​က ​စေ့စပ်​ထားတဲ့သူ​တွေဘာ​တွေရှိတယ်
ဆိုတာ ငါ့ကို တစ်​ခွန်း​တောင်​ မဟဘူး...ငါသာ.
စာတမ်းကိစ္စနဲ့ ကိုရီးယား​ရောက်​မလာရင်
မင်းလက်​ထပ်​သွားမှန်း​တောင်​ သိလိုက်​ရမှာ
မဟုတ်​ဘူး..."

Baekhyun ၏ ပခုံးစွန်းကိုလက်​သီးဆုပ်​ဖြင့်
ခပ်​ဖွဖွလှမ်းထိုးကာ Taki ကဆိုသည်​။ Baekhyun ကခပ်​ယဲ့ယဲ့သာပြုံးသည်​။ သူရှင်းပြမ​နေချင်​​တော့...။

"Baekhyun ဘုရား​ကျောင်းထဲမှာ သွားပြီး​နေရာယူ​တော့​လေ..."

Suho Hyung က အခန်းထဲဝင်​လာရင်း​လော​ဆော်​သည်​။

"ဦး​လေးနဲ့အ​ဒေါ်လည်း​ရောက်​​နေကြပြီ...
သူတို့လည်း ​တော်​​တော်​လည်း အံ့သြ​နေကြသလို
ဝမ်းလည်းသာ​နေကြပုံပဲ...Taki လာ...ကျွန်​​တော်​နဲ့
လိုက်​ခဲ့...ဘုရား​ကျောင်းထဲ သွားထိုင်​​နေရ​အောင်​..."

SurrenderWhere stories live. Discover now