Ep 1

4.9K 209 17
                                    

[Unicode]"အာ ချောလိုက်တာကွာ"

တကယ်ကတော့ ကိုယ့်ဘာကိုယ်မှန်ကြည့်ပြီးပြောနေခြင်း ကင်မ်ဆော့ဂျင်တို့အတွက် သူချောတယ်ဆိုတာ ထူးဆန်းတာတော့မဟုတ် ဘာလို့ဆိုသူကမွေးတည်းကချောပြီးသားလေ ဟဲဟဲ သူချောတာသူသိပေမယ့် မနက်တိုင်းမှန်ကြည့်ပြီးဒီလိုပြောရတာ အရသာရှိလှသည် အခုတော့တွေးနေတာတွေရပ်ပြီး မျက်မှန်အဝိုင်းလေးတပ် လွယ်အိတ်လေးလွယ်ပြီး ကျောင်းသို့ထွက်လာခဲ့သည်

"ဟယ် ချောလိုက်တာ"
" လုံးဝ ငါ့ type ပဲ"

ဆိုလ်း တက္ကသိုလ်ထဲသို့ ဝင်ဝင်လာခြင်း ကြားရသော အသံများ ဒီအသံတွေက ကင်မ်ဆော့ဂျင် အတွက်တော့မထူးဆန်းတော့ နေ့တိုင်းကြားနေရတာမလား ဟုတ်တော့ဟုတ်သည် ဒီနေ့သူဝတ်ထားတာ ပေါ့ပေါ့ပါးပါးလေးပဲ Tshirt အဖြူကိုအောက်က blue jean ရယ် coverse အမဲလေးရယ် တပ်လာတဲ့မျက်မှန်အဝိုင်းလေးရယ် အဲ့တာကိုမှရွှေရောင်ဆံပင်ရယ် တခြားရက်တွေထက်တောင် သူ့ကိုယ်သူ ပိုချောတယ်လို့ထင်မိသား

"အာ့"

အတွေးလွန်သွားတာလူကိုဝင်တိုက်မိတာတောင်မသိတဲ့ငါ့အဖြစ်

"ဆော်ရီးပါနော် ကျွန်တော်မမြင်လိုက်လို့"

အမ် သူကငါ့ကိုပြန်တောင်းပန်နေတာလား မဟုတ်သေးပါဘူး သူကတိုက်မိတာလား ငါကတိုက်မိတာလား

"အမ် ငါတိုက်မိတာမဟုတ်ဘူးလား"

"မဟုတ်ပါဘူး ကျွန်တော်စာအုပ်ဖတ်လာရင်း မမြင်ပဲ hyung ကိုတိုက်မိတာပါ"

စာအုပ်ဖတ်နေရင်းဝင်တိုက်မိတာဆိုတော့ အင်း တိုက်လည်းတိုက်ချင်စရာပါပဲ  ရုပ်ကစာဂျပိုးရုပ် မျက်မှန်က သူတပ်လာတဲ့ accessory မျက်မှန်ထက် မှန်က ၄ဆ ၅ဆလောက်ထူမဲ့ပုံပင် ဒါနဲ့ နေပါဦး သူငါ့ကို hyung လို့ခေါ်လိုက်တာလား ကြည့်ရတာတော့သူကငါ့ထက်ကြီးမယ့်ပုံကို

"နေပါဦး ဘာလို့ငါ့ကို hyung လို့ခေါ်တာလဲ မင်းကဘယ်မေဂျာကလဲ"

"ကျွန်တော်က စီးပွားရေးမေဂျာ first year ပါ" သူ့ မူပိုင်ပါးချိုင့်လေးကိုထုတ်ပြရင်းပြောလာတဲ့သူ

Wait!! what!! ဒီကောင်လေးက first year တဲ့လား ယုံချင်စရာတောင်မရှိဘူးဗျာ အနည်းဆုံးတော့သူ့ထက်ကြီးမယ်ထင်ထားတာ ငါအဲ့လောက်တောင်ရင့်သွားပြီလား

𝙼𝚎𝚊𝚗 𝚃𝚘 𝙱𝚎 || 𝙽𝚊𝚖𝚓𝚒𝚗 [𝙾𝚗 𝙶𝚘𝚒𝚗𝚐]Where stories live. Discover now