Ep 5

1K 148 20
                                    

[Unicode]

Time skip~~

ဆော့ဂျင်ဒီနေ့ကျောင်းစောစောရောက်လာသည် အရင်ရက်တွေတုန်းကတော့ နမ်ဂျွန်းလာကြိုပါသည် ဒီမနက်တော့နမ်ဂျွန်းကိုကျောင်းမှာပဲတွေ့ရန်ပြောထားသည် နေ့တိုင်းလာကြိုနေလို့လည်းမဖြစ် တော်ကြာအိုမားသိသွားမှဖြင့်

အခုသူရောက်နေတာ ကျောင်းစာကြည့်တိုက်မှာ ကျွန်တော်ပြောပါ‌တယ် ဒီကောင်လေးနဲ့မှပဲ သူမရောက်ဖူးတဲ့နေရာတွေလည်းရောက်ဖူးတော့ပါတယ်ဆို မရောက်ဖူးတဲ့နေရာဆိုလို့တစ်မျိုးမထင်ကြနဲ့ စာကြည့်တိုက်ကိုပြောနေတာဗျ

"ဆော့ဂျင်နား"

စာကြည့်တိုက်မှာနမ်ဂျွန်းကိုထိုင်စောင့်နေရင်းသူ့နာမည်ခေါ်သံကြားတော့မော့ကြည့်လိုက်မိသည် သူမကတော့တခြားသူမဟုတ် သူသုံးနှစ်လောက်သဘောကျလာခဲ့ရတဲ့ ချွဲယူဂျင်း

"ဟင် ယူဂျင်း!"

"ဆော့ဂျင်နား နင်အခုအားတယ်မလား ငါအကူအညီတောင်းစရာရှိလို့"

သုံးနှစ်လောက်သူ့ကိုအဖတ်တောင်မလုပ်ခဲ့တဲ့သူမကသူ့ကိုအကူအညီတောင်းချင်လို့တဲ့ ထူးထူးဆန်းဆန်းတွေပါလား

"အင်း ပြောလေ ယူဂျင်း ငါကူညီနိုင်တာရှိရင်ကူညီမှာပေါ့"

"ဟို...."

"ဟို....နင် နမ်ဂျွန်းနဲ့ရင်းနှီးတယ်မလား ငါတို့မေဂျာ ပထမနှစ်ကတစ်ယောက်လေ"

အခုသူသိသွားပါပြီ သူမ ပြောချင်တဲ့အကြောင်းအရင်းကို သူမကနမ်ဂျွန်းကိုကြိုက်နေလို့ သူနဲ့ရင်းနှီးမှန်းသိလို့ဒီလိုစကားလာစတာပဲဖြစ်မည် ဟက် လူတွေများရီချင်စရာတော့ကောင်းသား သူတို့လိုချင်တာရှိရင်တော့အချိုးကတစ်မျိုး သူတို့မလိုရင်တော့အချိုးကတစ်မျိုးနဲ့ အမ် နေပါဦး ကင်မ်ဆော့ဂျင်မင်းအခုသဝန်တိုနေတာလား ဘယ်သူ့ကိုလဲ ချွဲယူဂျင်းကိုလား ကင်မ်နမ်ဂျွန်းကိုလား ဟုတ်တယ် ယူဂျင်းကိုသဝန်တိုတာ ကိုယ်သဘောကျနေတဲ့မိန်းကလေးက တခြားယောက်ျားလေးတစ်ယောက်အကြောင်းမေးနေလို့သူသဝန်တိုမိတာ ဒါပေမယ့် ယူဂျင်းလာမေးတာကလည်းတခြားသူအကြောင်းမဟုတ် သူနဲ့တွဲနေတဲ့ ကင်မ်နမ်ဂျွန်းအကြောင်း စိတ်ညစ်လိုက်တာနော် ဘာတွေဖြစ်နေမှန်းကိုမသိဘူး

𝙼𝚎𝚊𝚗 𝚃𝚘 𝙱𝚎 || 𝙽𝚊𝚖𝚓𝚒𝚗 [𝙾𝚗 𝙶𝚘𝚒𝚗𝚐]Where stories live. Discover now