[Unicode]
"အဲ့တာဆိုhyung ကျွန်တော်တို့နဲ့အလောင်းအစားတစ်ခုလုပ်ရအောင်"
ဟိုဆော့စကားကြောင့်ယွန်းဂီနှင့်ဆော့ဂျင်ကြောင်သွားသည်မှာအမှန်။
"ဟိုဆော့ မင်းငါတို့နားလည်အောင်ပြောကွာ"
"ကျွန်တော်ကြည့်ရသလောက်ကတော့ နမ်ဂျွန်းက hyung ကိုကြိုက်နေတယ်ထင်တယ်"
"ဟမ်???"
"ဟုတ်တယ် ကျွန်တော်ကြည့်ရသလောက် ကင်မ်နမ်ဂျွန်းက hyung ကိုကြိုက်နေတာ"
"ဟာ မဖြစ်နိုင်ပါဘူးကွာ"
"အဲ့တာကြောင့် အဲ့မဖြစ်နိုင်တာကြီးကိုခုတုံးလုပ်ပြီးသူ့ကို လက်စားမချေချင်ဘူးလား"
ဟိုဆော့စကားကိုသူသေချာစဉ်းစားမိသည် သုံးနှစ်လောက်အငြင်းခံလာရတဲ့သူ့အတွက်တော့ ဘာမှမဟုတ်ပေမယ့် ကင်မ်နမ်ဂျွန်းဆိုတဲ့အဲ့ကောင်လေးကိုတော့မကျေနပ် ဒီအတွေးက ကလေးဆန်တဲ့လို့ပြောလည်းရပါသည် ဒါပေမယ့်သူတစ်ခုခုပြန်လုပ်ရမှကျေနပ်မည် ခံပြင်းမိတာလည်းပါသည်ကို
"ပြော ဟိုဆော့ ငါဘာလုပ်ရမှာလဲ"
"အာ hyung ကလည်းဒီတိုင်းဆိုပျင်းစရာကြီး အဲ့တာကြောင့် အလောင်းအစားလုပ်ရအောင်ပြောတာပေါ့"
"ကဲပြောကွာ ဘာအလောင်းအစားလဲ"
"hyung ကင်မ်နမ်ဂျွန်းနဲ့ သုံးလအတွင်း ရည်းစားဖြစ်အောင်လုပ်ရမယ်"
"ဘာ!!!"
ကျွန်တော်နဲ့ယွန်းဂီ အသံကပြိုင်တူထွက်လာသည်။
"ငါကဘာလို့လဲ"
"hyung ကလည်းမလန့်ပါနဲ့ သုံးလထဲပါ"
"အဲ့သုံးလအတွင်းဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဖြစ်နိုင်ပါတယ် hyung ရာ သုံးလပြည့်သွားရင်သူ့ကိုဖြတ်လိုက်လို့ရတာပဲ"
"အဲ့တော့ မင်းပြောချင်တာက....."
ကျွန်တော် ဟိုဆော့ပြောတာကိုနားလည်သလိုရှိလာပြီ
ကျွန်တော်ပြောတာကိုသိတဲ့ ဟိုဆော့က ပြုံးပြုံးလေးနဲ့ခေါင်းငြိမ့်ပြလေသည်"ငါလုပ်နိုင်ရင် ငါကဘာရမှာလဲ"
"ကျွန်တော့် မုန့်ဖိုးနှစ်လစာပေးမယ်ယူဂျင်းနဲ့လည်းကျွန်တော်တို့နှစ်ယောက်ကအောင်သွယ်ပေးမယ် တကယ်လို့ hyung မလုပ်နိုင်ခဲ့ရင် hyung ယူဂျင်းနဲ့
လုံးဝမတွေ့ရတော့ဘူး ကျွန်တော်တို့နှစ်ယောက်ကို တစ်ယောက် ဝမ်သုံးသိန်းစီပေးရမယ် ဘယ်လိုလဲ"
