[Unicode]
"Hyung ဒီနေ့ hyung ကိုဟိုစီနီယာလာတွေ့ရင် အတွေ့မခံနဲ့နော်"
"မင်းကလည်းကွာ သူနဲ့ငါနဲ့ကသူငယ်ချင်းတွေပဲလေ သူစကားလာပြောတာ ငါကပြန်မပြောတော့ ကောင်းမလားကွ"
"မသိဘူး hyungရာ hyungကိုအဲ့စီနီယာနဲ့အတူရှိတာမြင်ရင်ကျွန်တော်ဒေါသထွက်လို့"
"ဘာလဲ သဝန်တိုတာလားအဲ့တာ"
"ဟုတ်တယ်လေကိုယ့်ချစ်သူကိုတစ်ခြားသူတစ် ယောက်နဲ့တွဲမြင်ရင်ဘယ်သူကသဝန်မတိုဘဲနေနိုင်မှာလဲ"
"အေးပါကွာ မင်းလည်းသွားတော့လေ မင်းအတန်းချိန်နီးြပီမလား"
"ပြီးရော hyung break time ကျရင်ကျွန်တော်လာခေါ်မယ်နော်"
ဆော့ဂျင်လည်းပြုံးကာခေါင်းငြိမ့်ပြလိုက်သည် နမ်ဂျွန်းကတစ်ခါတစ်လေဆို ခပ်တည်တည်နေတတ်ပေမယ့် သူနဲ့တွေ့ရင်တော့မထင်ရင်မထင်သလို ကလေးဆိုးဆိုးတတ်သည် သူနမ်ဂျွန်းကိုညီအရင်းတစ်ယောက်လိုရုိးရုိးသားသားသံယောဇဉ်တွယ်မိတာတော့သူဝန်ခံပါသည် ထိုအဖြူရောင်သံယောဇဉ်များကိုသူကိုယ်တိုင်အရောင်ဆိုးမိလာမည်ကိုဆော့ဂျင်ကြိုသိခဲ့ပါလျှင်........
~~~~~~~~~~~~~~~~~
"ဆော့ဂျင်နား"
ဆော့ဂျင်အတန်းပြီးတော့နမ်ဂျွန်းရှိရာအဆောင်ဘက်သိုလာရန်ထွက်လာစဉ်အနောက်မှခေါ်သံကြားလို့လှည့်ကြည့်မိတော့ သူသဘောကျလှပါတယ်ဆိုတဲ့ယူဂျင်းကသူ့အနောက်မှာရပ်နေသည်
"အော် ယူဂျင်း ဘာကိစ္စရှိလို့လဲ"
"ငါနင်နဲ့စကားပြောချင်လို့ ခနလောက်လိုက်ခဲ့ပါလား"
ဆော့ဂျင် နမ်ဂျွန်းသူ့ကိုမှာထားတာကိုသိသော်လည်း သူယူဂျင်းနောက်လိုက်သွားမိသည် ဘာပဲဖြစ်ဖြစ် ယူဂျင်းကသူချစ်တဲ့မိန်းကလေးမလား
"ပြောလေ ယူဂျင်း"
"နင်...."
"နင်.....နင် နမ်ဂျွန်းနဲ့တွဲနေတာလား"
မေးလိုက်တဲ့မေးခွန်းကြောင့်ဆော့ဂျင်ဆွံ့အသွားရသည် သူဘယ်လိုပြန်ဖြေရမလဲ တွဲနေတယ်လို့ဖြေလိုက်ရင်လည်း ယူဂျင်းကသူ့ကိုအထင်သေးသွားမှာကြောက်သည်။ ဘယ်သူကတော့ကိုယ်သဘောကျတဲ့မိန်းကလေးအထင်သေးတာကိုခံချင်မှာလဲ အဲ့လိုလည်းအထင်သေးမခံချင် တစ်ဖက်ကကြည့်ပြန်တော့လည်း မတွဲဘူးလို့သာပြောလိုက်လို့ နမ်ဂျွန်းသိသွားခဲ့ရင် သူဘယ်လိုပြန်ရှင်းပြရမလဲ သူနဲ့နမ်ဂျွန်းအခြေအနေကရောဘယ်လိုဖြစ်သွားမလဲ သူဟိုဆော့နဲ့လောင်းထားတာကရော?
