Ep 10

999 149 6
                                    

[Unicode]

"အားး ငါ့ရဲ့ချစ်စရာကောင်လေး"

အိမ်ရှေ့ရောက်တဲ့ထိ တစ်ခုပြီးတစ်ခုရစ်လာပါသော hyung။ ဒီကြားထဲပါလိုက်သေးသည် "မင်းပါးကလိုအချိုင့်ကြီးပါဖို့ပိုက်ဆံဘယ်လောက်ပေးရမလဲ"တဲ့

အခုလည်းသူ့ပါးကိုဆွဲကာလုပ်ချင်သလိုလုပ်နေတော့သည်။

"အာ့ အာ့ နာတယ်hyungရ"

"ဘာလဲမင်းကငါ့ကိုမချစ်တော့ဘူးလား"

ကဲကြည့် ကျွန့်တော့်hyung ရစ်ပုံကို....

"မရစ်ပါနဲ့ဗျာ အိမ်ရောက်နေပြီhyungရဲ့"

"ငါအိမ်မပြန်ပါဘူးဆို"

Hyungတို့အိမ်bell တီးလိုက်တော့ အန်တီကခြံထဲထွက်လာသည်။

"ဟယ် နမ်ဂျွန်း!ဟင် ဆော့ဂျင်မူးလာပြန်တာလား လာလာအိမ်ထဲဝင်လေသား"

"သားhyung ကိုအခန်းထဲတစ်ခါတည်းလိုက်ပို့ပေးပါလားကွယ်"

"ဟုတ်ကဲ့ အန်တီ"

အခန်းထဲရောက်တော့အိပ်ရာပေါ်ချပေးပြီးသည့်အထိတောင်စကားတွေတရပ်စပ်ပြောနေသေးသည့်အမူးသမားလေးကိုကြည့်ပြီး နမ်ဂျွန်းတွေဝေနေမိသည်။

*Hyung ကျွန်တော့်အပေါ်သံယောဇဥ်လေးတော့ဖြစ်တယ်မလား....အဲ့လောက်ဆိုကျေနပ်ပြီမို့*

သူပြန်လှည့်ထွက်ဖို့အလုပ် အန်တီကအခန်းထဲဝင်လာသည်။

"ပြန်တော့မလို့လားသား"

"ဟုတ် အန်တီ မိုးလည်းချုပ်တော့မှာဆိုတော့"

"အေးကွယ် ဆော့ဂျင်တို့ကတော့ သားကိုသက်သက်မဲ့ဒုက္ခပေးတာ"

"အာ ကိစ္စမရှိပါဘူးအန်တီရဲ့ ဒါနဲ့hyungက ဒီလိုပဲသောက်နေကျလား"

"အင်း....အရင်ကအဲ့လိုမဟုတ်ဘူး သူ့သူငယ်ချင်းတွေနဲ့ပျော်စရာလေးတွေရှိမှသွားသောက်ကြတာ အန်တီကလည်းတော်ရုံမလွှတ်တော့သူကလည်းသိပ်မသွားရဘူး အခုနောက်ပိုင်းတော့ခဏခဏအိမ်ပြန်နောက်ကျပြီး ပြန်လာတော့လည်း မူးလာတယ်သားရေ မင်းhyungကိုကြည့်ပြောပါဦး"

အိမ်ပြန်နောက်ကျတယ်တဲ့လား......။သူလာကြိုရင် ကိစ္စရှိလို့ဆိုပြီးအမြဲတမ်းသူ့ထက်စောပြန်သွားတတ်တဲ့hyungကလေ....။

𝙼𝚎𝚊𝚗 𝚃𝚘 𝙱𝚎 || 𝙽𝚊𝚖𝚓𝚒𝚗 [𝙾𝚗 𝙶𝚘𝚒𝚗𝚐]Where stories live. Discover now