Ep 7

970 143 7
                                    

[Unicode]

ဆော့ဂျင်လည်းဟိုနှစ်ယောက်ကိုအဖော်ခေါ်မရတာနဲ့တစ်ယောက်တည်းစိတ်ညစ်ညစ်နဲ့ထွက်လာခဲ့သည်။အခုအချိန်မှာသူ့စိတ်ကိုရှင်းအောင်လုပ်ဖို့လိုသည်။လောလောဆယ်တော့သူဘယ်သွားရမှန်းမသိသေး။

"Hyung!"

"ဟင် နမ်ဂျွန်းအတန်းမတက်ဘူးလား"

"ဒီနေ့အတန်းစောပြီးလို့ စာကြည့်တိုက်ဘက်ထွက်လာတာ ဒါနဲ့ hyung ကရောအတန်းမတက်ဘူးလား"

"အင်း ငါအတန်းလစ်လာတာ"

"hyung ကတော့လုပ်ပြီ အတန်းလေးတော့ပုံမှန်တက်ပါဗျာ တော်ကြာစာမေးပွဲနီးမှဒုက္ခရောက်နေမယ်"

ဆော့ဂျင်သူ့ကိုဆရာလုပ်နေသောကောင်လေးအားကြည့်ပြီးပြုံးမိသည်။နောက်မှသူတစ်ခုကိုစဥ်းစားမိသွားကာ

"နမ်ဂျွန်းမင်းနောက်ပိုင်းအတန်းတွေရှိသေးလား"

"ရှိတာပေါ့hyungရဲ့"

"အဲ့တာဆို အဲ့အတန်းတွေမတက်နဲ့တော့ ငါနဲ့အတူအတန်းလစ်ရအောင်"

"ဗျာ hyung ကလည်းအဲ့တာတော့မရဘူးလေ ကျွန်တော်စာတွေပြန်ကူးနေရမှာပေါ့"

"နမ်ဂျွန်း မင်းကငါ့ထက်စာကိုပိုချစ်နေတာလား"

ဆော့ဂျင်မျက်စောင်းထိုးကာစကားကိုခပ်ရွဲ့ရွဲ့ပြောလိုက်သည်

ထိုအခါနမ်ဂျွန်းက ခပ်ဟဟရီကာ

"အဲ့လိုမဟုတ်ပါဘူး hyungရယ် တခြားအရာတွေထက် hyung ကိုအချစ်ဆုံးဆိုတာကိုသိရဲ့သားနဲ့ ကဲပါဗျာ လိုက်ခဲ့ပေးမယ်နော် ဘယ်ကိုလစ်မှာလဲ"

နမ်ဂျွန်းပြောလိုက်တော့မှ ဆော့ဂျင်မျက်နှာလေးဝင်းခနဲဖြစ်သွားသည်။

"အင်း လောလောဆယ် မုန့်သွားစားအောင် ငါဗိုက်ဆာနေပြီ"

"ဟုတ်ပါပြီဗျာ"

~~~~~~~~~~~~~~~~~~~~~~~

အခုသူတို့ရောက်နေတာ ပဲခေါက်ဆွဲဆိုင်မှာပင်။ သူ့ရှေ့ကသိုးပေါက်လေးကတော့ ပဲခေါက်ဆွဲကိုစားနေလိုက်တာများ အားရပါးရ။ နမ်ဂျွန်းမှာတော့ သူ့အချစ်ဆုံးလူသားပဲခေါက်ဆွဲစားနေသည်ကို ပါးချိုင့်နက်များပေါ်သည်အထိပြုံးပြုံးကြီးထိုင်ကြည့်နေသည်မှာ သူ့ပဲခေါက်ဆွဲများပင်ပွကုန်သည်အထိ။

𝙼𝚎𝚊𝚗 𝚃𝚘 𝙱𝚎 || 𝙽𝚊𝚖𝚓𝚒𝚗 [𝙾𝚗 𝙶𝚘𝚒𝚗𝚐]Where stories live. Discover now