[Unicode]
7နှစ်ခန့်ကြာသော်.....
K Group ဟု logo တပ်ဆင်ထားသောအဆောက်အအုံကြီးထဲသို့ဝင်လာသောလူတစ်ယောက်အားအခြားသူများကခေါင်းညွှတ်အရိုအသေပေးကြသည်။ရှပ်လက်ရှည်အဖြူကိုဆင်စွယ်ရောင်suitအကွက်နှင့်တွဲဖက်ဝတ်ဆင်ထားသောထိုသူသည်ဤလုပ်ငန်း၏အရေးပါသောသူတစ်ယောက်ဆိုတာအဝေးကကြည့်ရုံနှင့်သိနိုင်သည်။ခရမ်းရောင်လွင်လွင်ဆံပင်များကိုအပေါ်သို့လှန်တင်ထားပြီးဘောင်းဘီအိပ်ကပ်ထဲသို့လက်နှိုက်ကာအဆောက်အအုံထဲသို့လျှောက်လာသည်မှာအလွန်ပင်တည်ကြည်လှသည်။တစ်ချက်တစ်ချက်ပြုံးလိုက်သည့်အခါတွင်ပေါ်လာတက်သောပါးချိုင့်များကလည်းထိုသူ၏မျက်နှာချောချောပေါ်တွင်ပနံသင့်လျက်။
ထိုသူကတော့ အမေရိကန်အခြေစိုက်ကိုရီးယားလုပ်ငန်းစုတစ်ခုဖြစ်သော K group ရဲ့ဆက်ခံသူလည်းဖြစ်သလို MONO fashion၏ CEO တစ်ယောက်လည်းဖြစ်သော ကင်မ်နမ်ဂျွန်း ပင်.....။
"ဒါ ကိုရီးယားကုမ္ပဏီခွဲအတွက်ရှာခိုင်းထားတဲ့အချက်အလက်တွေပါ sir"
သူရုံးခန်းထဲရောက်ပြီးသိပ်မကြာတော့အတွင်းရေးမှူးမလေးကအလုပ်အတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေလာပေးသည်။
"အာ thank u"
နမ်ဂျွန်းအခုတလောအလုပ်တွေတော်တော်ရှုပ်နေသည်။အကြောင်းကတော့ သူ့ရဲ့ MONO fashion ကို ကိုရီးယားတွင် ကုမ္ပဏီခွဲတစ်ခုထပ်မံဖွင့်လှစ်ရန်ဖြစ်သည်။အခုလည်းအဲ့တာအတွက်လိုအပ်တာတွေစီစဥ်နေရတာနဲ့နားချိန်တောင်မရှိ။
*တီ တီ*
interconကနေဖုန်းဝင်လာတာကြောင့်သူဖုန်းကိုင်လိုက်သည်။
"Sir, ဂျီမင်း ပတ်ခ် ဆိုတဲ့သူကဝင်ခွင့်တောင်းလို့ပါ"
"ဝင်လာခိုင်းလိုက်ပါ"
သိပ်မကြာပါအခန်းထဲကိုပြုံးကာဝင်လာသောကောင်လေး။
"Hyung နေကောင်းတယ်နော် မတွေ့တာကြာပြီ"
ဂျီမင်းဆိုသောကောင်လေးမှာတခြားသူမဟုတ် သူဒီအမေရိကမှာကျောင်းတက်တုန်းခင်လာတဲ့ဂျူနီယာကောင်လေးပင်။ကျောင်းတက်တုန်းကခင်တဲ့ဂျူနီယာက ဂျီမင်းတစ်ယောက်တည်းတော့မဟုတ်ဂျီမင်းရဲ့သူငယ်ချင်း ထယ်ယောင်းဆိုတဲ့ကောင်လေးလည်းပါသည်။ပြောရမယ်ဆို ဂျီမင်းနှင့်ထယ်ယောင်းကသူ့ထက်အမေရိကကိုရောက်တာစောသည်။နမ်ဂျွန်းကဒီကိုတက္ကသိုလ်တက်မှရောက်လာတာဖြစ်ပြီးထိုသူငယ်ချင်းနှစ်ယောက်ကတော့ငယ်ငယ်လေးတည်းကမိဘတွေနဲ့အတူအမေရိကမှာအခြေချနေတာဖြစ်သည်။ကောင်လေးနှစ်ယောက်လုံးကဖော်ဖော်ရွေရွေရှိပြီးကိုယ့်နိုင်ငံသားအချင်းချင်းဖြစ်တာကြောင့်နမ်ဂျွန်းတရင်းတနှီးရှိခဲ့သည်။အဲ့တာကြောင့်လည်းအခုထိအဆက်အသွယ်မပျက်ပဲညီအစ်ကိုတွေလိုနေလာတာဖြစ်သည်။
