Ep 4

1.2K 154 14
                                    

[Unicode]

နမ်ဂျွန်းဒီမနက်အစောကြီးနိုးနေသည် အမှန်ဆိုညတည်းကအိပ်လို့မပျော်တာ ညက hyung ကတွဲမယ်ဆိုပြီးဗြုန်းစားကြီးသူ့ကိုဖုန်းလှမ်းဆက်ကာပြောသည် အဲ့အချိန်တုန်းကသူအိပ်မက်မက်နေသလိုပဲ hyung ကသူ့ကိုစိတ်ဆိုးစိတ်ခုသွားမယ်လို့ထင်ခဲ့တာ ဒါပေမယ့်နေ့ချင်းညချင်းကိုတွဲမယ်ထပြောသည်လေ
hyung ကသူ့ကိုချစ်ရောချစ်ရဲ့လားလို့တောင်လျှောက်တွေးမိသည် ကိစ္စမရှိဘူး hyung၊ တကယ်လို့ hyungကကျွန်တော့်ကိုတကယ်မချစ်ခဲ့ဘူးဆိုရင်တောင် hyungကျွန်တော့်ကိုတဖြည်းဖြည်းနဲ့ချစ်လာအောင်ကျွန်တော်လုပ်မှာမို့လို့

~~~~~~~~~~~~~~~~~

ဆော့ဂျင်တစ်ယောက်ဒီမနက်အိပ်ယာထနောက်ကျ‌သည် အမေကလည်းမထသေးဘူးလားဆိုပြီးအိမ်အောက်ကနေအားရပါးရကိုကုန်းအော်နေတော့တာ တကယ်ပါပဲ သူ့သားအချောလေးက ဒီတစ်ခါပဲအိပ်ယာထနောက်ကျဖူးတာကိုကုန်းအော်နေလိုက်တာများ

~~~~~~~~~~~~~~~~

နမ်ဂျွန်းလည်းစောနေတာနဲ့ပဲ ဆော့ဂျင်hyungဆီလိုက်သွားပြီးမှကျောင်းအတူတူသွားမယ်လို့ဆုံးဖြတ်လိုက်သည်

Hyung အိမ်ရောက်တော့ အန်တီကလည်းသူ့ကိုဝမ်းသာအားရနှုတ်ဆက်ရှာပါသည် အရင်ကလည်း hyung ကိုပြန်ပို့ပေးနေကြဆိုပေမယ့် အိမ်ထဲတော့မဝင်ဖြစ်ခဲ့ အန်တီကလည်းသူ့ကိုအမြဲအိမ်လည်ခေါ်ပေမယ့် hyung ကအပြင်မှာတွေ့လည်းရသားနဲ့ဘာလို့အိမ်လာမှာလဲချည်းပဲပြောနေတာကြောင့် အိမ်ထဲဝင်ခွင့်မရခဲ့တာများသည် အခုလည်းသူအိမ်လာတာ
သိရင် hyung သူ့ကိုစိတ်ဆိုးဦးမလား မတတ်နိုင် hyung ကိုတွေ့ချင်တာကိုး ဒီလောက်တော့ခံရမှာပေါ့

"အန်တီ hyungနိုးပြီလားဟင် ကျွန်တော် hyung နဲ့ကျောင်းတူတူသွားမလို့လာခေါ်တာ"

"အမလေး နမ်ဂျွန်းလေးကလိမ္မာလိုက်တာ အစောကြီးနိုးတယ်ပေါ့ မင်းhyung ကအခုထိမထသေးဘူးသားရေ သူ့အခန်းဆီတက်ကြည့်လိုက်ပါလား"

"Nae ရရဲ့လားတော်ကြာ hyung စိတ်ဆိုးသွားဦးမယ်"

"မင်း hyung ကအဲ့လိုမှမလုပ်ရင်ထမှာမဟုတ်ဘူး အန်တီလည်းအလုပ်‌တွေရှိတော့သူ့ကိုသွားမနှိုးနိုင်ဘူး သားပဲတက်သွားလိုက်ပါကွယ်"

𝙼𝚎𝚊𝚗 𝚃𝚘 𝙱𝚎 || 𝙽𝚊𝚖𝚓𝚒𝚗 [𝙾𝚗 𝙶𝚘𝚒𝚗𝚐]Where stories live. Discover now