[Unicode]
ဆော့ဂျင် အခုရောက်နေတာကျောင်းအားကစားကွင်းမှာ ကျောင်းဆင်းချိန်မို့လို့လူတော့ရှင်းနေပြီ ရောက်နေတဲ့အကြောင်းကတော့ ယူဂျင်းကသူနဲ့စကားပြောချင်တယ်ဆိုလို့သာ။
ယူဂျင်းက တွေ့မယ်ဆိုလို့ နမ်ဂျွန်းကညနေတူတူပြန်မယ်ပြောတာတောင် ကိစ္စရှိလို့ဆိုပြီး နမ်ဂျွန်းကို အရင်ပြန်ခိုင်းထားလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ ယူဂျင်းနဲ့စကားပြောချင်သည်လေ....။
ထိုအချိန် အနောက်ကိုရောက်လာတဲ့ခြေသံကြားလို့လှည့်ကြည့်လိုက်တော့ ယူဂျင်းဖြစ်နေသည်။ ဒီကောင်မလေးကလည်း အသံမပေးဘာမပေးနဲ့။
"ယူဂျင်းနား"
သူခေါ်တော့လည်း ပြန်မဖြေ ကွင်းဘက်ကိုသာစိုက်ကြည့်နေသောသူမ...။
"ယူဂျင်းနား ဘာပြောစရာရှိလို့လဲ"
ဘာမှပြန်မပြောသောကြောင့် ဆော့ဂျင်ခမျာ ကြောင်တောင်တောင်ဖြစ်သွားရသည်။ သူကငါ့ကိုခေါ်ထားပြီးဘာလုပ်တာလဲ။
"ဘာလို့လဲ"
"ဟင်!"
"ဘာလို့အဲ့လိုလုပ်ရတာလဲ ကင်မ်ဆော့ဂျင်!!"
ရုတ်တရက်သူ့ဘက်ကိုလှည့်လာပြီး ဒေါသတကြီးအော်ပြောလာသောကြောင့် ဆော့ဂျင်လန့်သွားရသည်။
"ယူဂျင်းနား နင်ဘာဖြစ်နေတာလဲ"
"နင်ဘာလို့ ဒီအလောင်းအစားကိုလုပ်ခဲ့တာလဲ!"
"ငါ နမ်ဂျွန်းကိုချစ်နေတာကိုသိသိရက်နဲ့ နင်ကဒီလိုလုပ်ရက်တယ်...."
ယူဂျင်းပြောလိုက်သောစကားကြောင့် ဆော့ဂျင်ရင်ထဲဒိန်းကနဲ။ ယူဂျင်းကသိနေတာလား.... ဘယ်လိုလုပ်ပြီးတော့လဲ??
"မဟုတ်ဘူး ယူဂျင်း နင်အထင်လွဲနေတာ"
"နင်တို့သုံးယောက်ပြောတာတွေငါအကုန်ကြားပြီးပြီ အဲ့တာတောင် အထင်လွဲတယ်လို့နင်ကပြောနိုင်သေးတယ်ပေါ့"
"အဲ့တာဆို ငါကရော!?........နင့်ကို သုံးနှစ်လုံးလုံးချစ်လာတဲ့ငါကရော....ငါအခုလိုလုပ်တာ နင့်ကိုချစ်လို့ ချွဲယူဂျင်း"
![](https://img.wattpad.com/cover/206768239-288-k25231.jpg)