Ep 8

952 127 4
                                    

[Unicode]Mean To Be (ep 8)

ဟိုတစ်နေ့က နမ်ဂျွန်းနဲ့စကားတွေပြောပြီးတည်းကဆော့ဂျင် နမ်ဂျွန်းအကြောင်းတွေပိုသိလာသည်။နမ်ဂျွန်းကငယ်ငယ်တည်းကနေအခုထိ အိမ်တော်ထိန်းအဒေါ်ကြီးနဲ့သာနေခဲ့ရသည်တဲ့လေ နမ်ဂျွန်းမိဘတွေက ကိုရီးယားနိုင်ငံကနံပါတ်၁စာရင်းဝင်ကုမ္ပဏီပိုင်ရှင်တွေပြီးတော့နိုင်ငံခြားမှာလည်းတခြားစီးပွားရေးလုပ်ငန်းတွေလုပ်နေတာကြောင့်နမ်ဂျွန်းအမေရောအဖေရောက
အမေရိကားနဲ့ကိုရီးယားကိုသွားလိုက်ပြန်လိုက်လုပ်ရသည်။အဲ့တာကြောင့် နမ်ဂျွန်းမိဘတွေကနမ်ဂျွန်းကိုအချိန်မပေးနိုင်တာများသည်။

ငယ်ငယ်တည်းကမိဘမေတ္တာကိုအပြည့်အဝမရခဲ့ပေမယ့် နမ်ဂျွန်းကလိမ္မာရေးခြားရှိသည် တော်သည် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်သည်။

နမ်ဂျွန်းရဲ့ ထိုအကြောင်းတွေကိုသိရတော့ ဆော့ဂျင်
နမ်ဂျွန်းကို သနားလည်းသနားမိသလို လေးလည်းလေးစားမိသည်။ သူကငယ်ငယ်လေးတည်းကမိဘနှစ်ပါးလုံးနဲ့ ပြည့်ပြည့်စုံစုံနေလာခဲ့ရသည် မိဘတွေကလည်းသူ့ကိုတစ်ဦးတည်းသောသားမို့လို့ လိုလေသေးမရှိအောင်ထားပြီး ဖူးဖူးမှုတ်ထားကြသည်။ သူကမိဘပိုက်ဆံတွေနဲ့ပျော်ပါးပြီး ဘဝကိုပေါ့ပေါ့တန်တန်ဖြတ်သန်းလာတဲ့အချိန်မှာ နမ်ဂျွန်းကစာကိုကြိုးစားလေ့လာသည် သူ့ဘဝကိုစာထဲမှာပဲနစ်မြှုပ်ထားသည်။ *မင်းမိဘတွေကိုမမုန်းဘူးလား* လို့မေးတော့ *မမုန်းပါဘူး သူတို့အခုလိုလုပ်နေတာလည်း ကျွန်တော်ကောင်းစားဖို့လုပ်နေတာပဲ ကျွန်တော်နားလည်ပါတယ်* တဲ့လေ

အခုလိုခေတ်မျိုးမှာ မိဘတွေကအဝေးရောက်နေရင် နမ်ဂျွန်းလိုသိတတ်လိမ္မာတဲ့သားမျိုးဆိုတာရှားသွားပြီလေ အကုန်လုံးမိဘလုပ်စာထိုင်ဖြုန်းပြီးပျက်စီးသွားကြတာများသည်။

အော်......ငါတောင်သတိမထားမိပဲ နမ်ဂျွန်းကိုချီးမွမ်းနေမိတာပါလား။နမ်ဂျွန်းကလည်းတကယ်တော်တာကိုး......။

သေချာပါသည် သူနမ်ဂျွန်းကိုသံယောဇဉ်တွယ်နေမိပြီဆိုတာ....ဒါပေမယ့် ဘယ်လိုမျိုးသံယောဇဉ်လည်းတော့သူကိုယ်တိုင်လည်းမသိ။ နမ်ဂျွန်းကို ချစ်နေတာလားလို့သူ့ကိုယ်သူပြန်မေးမိရင် ယူဂျင်းကိုသတိရသွားပြန်သည်။ တခါတလေ ပြန်စဉ်းစားကြည့်ရင်လည်း အခုနောက်ပိုင်း ယူဂျင်းနဲ့တွေ့ရင် ဘာမှမခံစားရတော့....အဲ့တာဆို ငါ ယူဂျင်းအပေါ်ဘာခံစားချက်မှမရှိတော့ဘူးလား........ငါ နမ်ဂျွန်းကို ချစ်နေမိပြီလား.......။

𝙼𝚎𝚊𝚗 𝚃𝚘 𝙱𝚎 || 𝙽𝚊𝚖𝚓𝚒𝚗 [𝙾𝚗 𝙶𝚘𝚒𝚗𝚐]Where stories live. Discover now