[Unicode]
Flash back to 7 years ago,
*Phone ring*
ဆော့ဂျင်စာလုပ်နေရင်းဖုန်းဝင်လာတာကြောင့်ဖုန်းကိုတစ်ချက်ကြည့်လိုက်တော့နမ်ဂျွန်းဆီကဖြစ်နေသည်
"ပြော နမ်ဂျွန်း"
"ဟျောင်း အားလား"
"စာလုပ်နေတာလေ အားပါတယ် ဘာဖြစ်လို့လဲ"
"အိမ်ရှေ့ခဏထွက်လာမလား ကျွန်တော်တို့တစ်နေရာသွားရအောင်"
"ဟင်အခုလား ဘယ်သွားမလို့လဲကွ"
"လာရင်သိမှာပေါ့ ပြင်ဆင်ပြီးထွက်ခဲ့နော်"
"အေးအေး"
ဒီအချိန်ကြီးမှအပြင်ထွက်ဖို့လာခေါ်သောနမ်ဂျွန်းကြောင့်သူကြောင်တောင်တောင်နှင့်ပင် အဝတ်အစားလဲရတော့သည်။ အိမ်အောက်ကိုဆင်းလာတော့ စက်ဘီးလေးနှင့်စောင့်နေသောနမ်ဂျွန်း
"ဘယ်သွားမလို့လဲ နမ်ဂျွန်း"
"လာတက်"
"နေဦးလေ ဘယ်သွားမလဲပြောဦး"
"ရောက်ရင်သိမှာပေါ့ ဟျောင်းကလည်းအမေးအမြန်းထူလိုက်တာ"
နမ်ဂျွန်းကိုတစ်ချက်ကြည့်လိုက်တော့ စိတ်ဆိုးနေသလိုလိုမို့ဆော့ဂျင်ဆက်မမေးတော့ပဲလိုက်သွားရတော့သည်။
ထို့နောက် ကော်ဖီဆိုင်တစ်ခုသို့အရောက်နမ်ဂျွန်းကစက်ဘီးကိုရပ်လိုက်သည်။ဘာလဲ ဒီအချိန်ကြီးငါ့ကိုလာခေါ်တာ ကော်ဖီတိုက်မလို့လား?
"လာ ဟျောင်း အထဲဝင်မယ်"
ဆော့ဂျင်ခေါင်းထဲသိချင်တာတွေရှိပေမယ့် နမ်ဂျွန်းရဲ့အရင်ကနဲ့မတူပဲ တည်နေတဲ့မျက်နှာကြောင့် ဆော့ဂျင်ဘာမှမမေးရဲပဲ အထဲသိသာလိုက်ဝင်သွားသည်။ဆိုင်ထဲဝင်လာတော့လူတစ်ချို့သာရှိသည်။ဆိုင်ရဲ့အတွင်းကျကျတစ်နေရာမှာသူတို့ဝင်ထိုင်ရင်းဆော့ဂျင်ကတော့ဆိုင်ကိုလှည့်ပတ်ကြည့်နေမိသည်။နမ်ဂျွန်းကတော့ထိုင်ပြီးတည်းကသူ့ကိုသေချာစိုက်ကြည့်လျက်။
"နမ်ဂျွန်း အခုပြောလို့ရပြီလား ငါ့ကိုဘာလို့ဒီကိုခေါ်လာလဲဆိုတာ"