[Unicode]
One month later;
အင်ချွန်းလေဆိပ်ပေါ်ခြေချချခြင်းနမ်ဂျွန်းပျော်နေမိသည်။နှစ်တွေအကြာကြီးသူစီစဉ်ထားတဲ့အရာတွေအကောင်အထည်ဖော်ရတော့မည်မလား။အဓိကကသူလွမ်းနေခဲ့တဲ့သူကိုလည်းမကြာခင်ပြန်တွေ့ရတော့မည်လေ။
"ဝါး ပျော်စရာကြီး နောက်ဆုံးတော့ကိုရီးယားကိုရောက်လာပြီ"
ဂျီမင်းကဘေးမှာရပ်၍ပြောနေခြင်းပင်။
"ဟျောင်း အိမ်ကကားလာကြိုမှာမလား"
"အင်း အဒေါ်ကတော့ကားလွှတ်လိုက်မယ်ပြောတာပဲ"
"အဲ့တာဆိုကျွန်တော်တို့အပြင်မှာသွားစောင့်မယ်လေ လေကောင်းလေသန့်လည်းရှူရင်း"
ထယ်ယောင်းကပြောလာတော့သူလည်းခေါင်းငြိမ့်ရင်းလေဆိပ်အပြင်ဘက်ကိုထွက်လာလိုက်သည်။ဒါ 7နှစ်ကြာမှကိုရီးယားမြေကိုပြန်နင်းရခြင်းပင်။အမှန်အတိုင်းပြောရရင်သူလွမ်းနေခဲ့တာ။
"ဟို သူဌေးကင်မ်နမ်ဂျွန်း ဟုတ်ပါတယ်နော်"
"အာ ကျွန်တော်တို့ကိုကြိုဖို့အဒေါ်လွှတ်လိုက်တာလား"
"ဟုတ်ကဲ့ခင်ဗျ"
"အဲ့တာဆိုလည်း သွားရအောင်လေ ထယ်လေးနဲ့ဂျီမင်း ကားရောက်ပြီသွားမယ်လေ"
"ဟုတ်ကဲ့ ဟျောင်း!!"
ဓာတ်ပုံအရိုက်ကောင်းနေတဲ့နှစ်ယောက်သားကိုလည်းသူမနည်းလှမ်းခေါ်ရသေးသည်။
ကားပေါ်ရောက်တော့ ဂျီမင်းနှင့်ထယ်ယောင်းမှာအိပ်ပျော်သွားကြပြီ။နမ်ဂျွန်းကတော့ဘေးပတ်ဝန်းကျင်ကိုလိုက်ကြည့်ရင်းအတွေးကမ္ဘာထဲသို့။
"ရောက်ပါပြီ သူဌေး"
"Namjoon ah"
"အဒေါ်"
ကားဆိုက်ဆိုက်ချင်းအဒေါ်ကအိမ်ကနေပြေးထွက်လာကာသူ့အားတန်းဖက်တော့သည်။အဒေါ်ဘယ်လောက်တောင်လွမ်းနေလိမ့်မလဲ။
"ကြည့်ပါဦး ပိန်သွားလိုက်တာ အစားကောင်းကောင်းမစားဘူးလားသား"
"အခုတလောအလုပ်ကိစ္စတွေနဲ့ရှုပ်နေလို့ပါ အဒေါ်ရဲ့ ကျွန်တော်အဒေါ့်ကိုလွမ်းနေတာ"