[Unicode]Mean To Be (ep 3)
"ဟုတ်ကဲ့ပါဗျာအခုလာနေပါပြီ"
သူဖုန်းပြောပြီးတော့သဘောတကျကိုရယ်မိသည်
hyung နဲ့သူနဲ့ခင်တာကြာလာတာနဲ့အမျှ hyung ကသူ့အပေါ်ဆိုးဆိုးလာသည် ကလေးဆိုးကြီးပေါ့ သူကလည်း hyung ရဲ့အဲ့လိုအပြုအမူတွေမှာပဲမျောမျောသွားတတ်သည် hyung ကတကယ်ကိုချစ်ဖို့ကောင်းသည်သူဒီနေ့ ဆော့ဂျင်hyung ကိုဖွင့်ပြောဖို့စီစဉ်ထားသည်ဆော့ဂျင်hyungနဲ့ခင်လာတာလဲဒီနေ့ဆိုတစ်လပြည့်ပြီ တစ်လတည်းနဲ့ဖွင့်ပြောတယ်ဆိုတော့ hyung ကအထင်သေးသွားမှာလည်းစိုးရိမ်မိသည် ဒါပေမယ့်သူကhyungကိုချစ်ခဲ့တာကြာပြီလေ hyungဘယ်လိုပဲထင်ထင်ကျွန်တော်ကတော့ဒီနေ့hyungကိုဖွင့်ပြောမယ်လို့စိတ်ကူးထားတယ်~~~~~~~
ဆော့ဂျင်လည်း နမ်ဂျွန်းနဲ့ဖုန်းပြောပြီးဆိုထဲသို့၀င်လာခဲ့သည် စားသောက်ဆိုင်ကတော်တော်တော့ကြီးကျယ်ခမ်းနားလှသည် နမ်ဂျွန်းလာမှအတူတူဝင်ရင်ကောင်းသားလို့တောင်နောင်တရမိသည် အခုတော့သူ့ခမျာကြောင်တောင်တောင်နဲ့ဖြစ်နေရရှာသည်လေ
"အမ် ဟိုဟာ ကင်မ်နမ်ဂျွန်းဆိုတဲ့နာမည်နဲ့ဘိုကင်လုပ်ထားတာပါ"
"အာ ဟုတ်ကဲ့ ဒီဘက်ကိုလိုက်ခဲ့ပါနော်"
ဆိုင်ကဝန်ထမ်းလိုက်ပြသည့်နေရာကိုသာနောက်ကနေလိုက်လာခဲ့သည်
"ဒီမှာပါ"
"အာ ဟုတ်ကျေးဇူးပါ ရေအရင်ချပေးပါနော် အစားအသောက်တွေကတော့နမ်ဂျွန်းလာမှမှာတော့မယ်"
"ဟုတ်ကဲ့ပါ"
သူတို့စားပွဲကဆိုင်အပေါ်ထပ် ဝရန်တာလေးမှာဖြစ်သည် ဆိုင်ကသူ့ဝန်းသူ့ခြံလေးနဲ့ဆိုတော့ လေကောင်းလေသန့်လေးလည်းရသည်
Waiter လာချပေးတဲ့ရေကိုသာသောက်လိုက်ရင်း နမ်ဂျွန်းကို ထိုင်စောင့်နေမိသည် နည်းနည်းကြာလာတော့ပျင်းလာသည်နှင့် ဖုန်းထုတ်ကာ ဂိမ်းဆော့နေလိုက်သည် သိပ်မကြာပါဘူးနမ်ဂျွန်းရောက်လာခဲ့သည်
"Hyung စောင့်ရတာကြာသွားလား mian နော်hyung ကျွန်တော်ထွက်လာတာနောက်ကျသွားလို့"
နမ်ဂျွန်းပြောတာတွေကိုအခုအချိန်မှာကြားတစ်ချက်မကြားတစ်ချက် ဘုရားရေ ဒီကောင်လေးအဲ့လိုဝတ်လာတော့လည်းတော်တော်ချောတာပဲ