[Unicode]
ဆော့ဂျင် နမ်ဂျွန်းနဲ့မတွေ့ဖြစ်တာဒီနေ့ဆိုတစ်ပတ်ပင်ပြည့်ပြီ။ သူတို့ပတ်သတ်ခဲ့သမျှကိစ္စအားလုံးကိုအပြတ်ဖျက်နိုင်ခဲ့သည်ဆိုသော်လည်း နမ်ဂျွန်းအပေါ်ထားသောသံယောဇဉ်ကတော့ကျန်သေးသည်မဟုတ်လား။အနည်းဆုံးတော့သူရှင်းပြပြီးချင်မိသေးသည်။နမ်ဂျွန်းတို့မေဂျာဘက်သွားတော့လည်းမတွေ့တာကြောင့်စိတ်ညစ်ညစ်နှင့်သာပြန်ထွက်လာရသည်။ နမ်ဂျွန်းကျွန်တော့်ကိုတော်တော်စိတ်ဆိုးသွားပုံပဲ....။
အတန်းထဲရောက်တော့လည်းလူကသိပ်မရှိသေး။သူလည်းလူရှင်းတဲ့တစ်နေရာမှာဝင်ထိုင်ပြီးနားကြပ်တက်ကာမှောက်အိပ်နေလိုက်သည်။
"Hyung!!!hyung"
မှေးခနဲဖြစ်သွားတော့မှလက်ကိုအတင်းလာလှုပ်နှိုးသောကြောင့်လူကဆတ်ခနဲ။သေချာသည် ဒါ ဂျောင်ဟိုဆော့လက်ချက်ပင်။
"ရား...ငါအိပ်နေတာကို"
"အာရီဂူး ယွန်းဂီhyungရဲ့ဓာတ်တွေက hyungဆီကူးသွားပြီလား"
ထိုသို့ပြောလိုက်တော့ ယွန်းဂီရဲ့မျက်စောင်းထိုးခြင်းကိုဟိုဆော့ခံလိုက်ရပါသေးသည်။
"မဟုတ်ပါဘူးကွာ မင်းတို့မရောက်သေးလို့စောင့်နေရင်းမှေးခနဲအိပ်ပျော်သွားတာ မင်းကဖြည်းဖြည်းနှိုးလည်းရရဲ့သားနဲ့အလန့်တကြားလာလုပ်တာကို"
"ဟီးဟီး mian"
"အော်ဒါနဲ့ hyungကိုပြောစရာရှိလို့"
"အေးဘာလဲ"
ဟိုဆော့ကဆက်မပြောပဲ ပြောရင်ကောင်းမလားမပြောရင်ကောင်းမလားစဉ်းစားနေပုံရသည်။
"ဘာပြောမလို့လဲကွ"
"ကင်မ်နမ်ဂျွန်းကျောင်းထွက်သွားပြီတဲ့"
ယွန်းဂီကဝင်ပြောလိုက်ခြင်းပင်။
"ဟင် ဟုတ်လို့လားကွာ"
"ဟုတ်တယ် hyungရဲ့ကျောင်းထွက်ပြီးနိုင်ငံခြားမှာကျောင်းသွားတက်တာတဲ့ ပြောနေကြတာတော့"
ဟိုဆော့နဲ့ယွန်းဂီပြောတာတွေကိုသူမယုံနိုင်သေး။နမ်ဂျွန်းကတကယ်ထွက်သွားတာလား။
