Ep 11

998 144 14
                                    

[Unicode]

ဒီနေ့ဆို ဆော့ဂျင် နမ်ဂျွန်းနဲ့မတွေ့တာ နှစ်ရက်ပင်ရှိပြီ။
ဟိုနေ့ညက နမ်းခဲ့တာအတွက်ရှက်တာရော သူ နမ်ဂျွန်းအပေါ်လုပ်မိတာတွေအတွက်ရော မျက်နှာပူတာကြောင့် နှစ်ရက်လောက်ကျောင်းမသွားပဲနေလိုက်သည်။ပိုဆိုးတာကအနမ်းကို သူ့ဘက်ကစမိသည်မဟုတ်လား။ထိုနေ့ကသူကိုယ်တိုင်လည်းဘယ်လိုဖြစ်သွားမှန်းမသိ နမ်ဂျွန်းရဲ့ခပ်ထူထူနှုတ်ခမ်းတို့ကသူ့ကိုဆွဲဆောင်နေသောကြောင့် သူကိုယ်တိုင်ပင်မသိလိုက်ပဲအနမ်းတို့ကိုစမိသည်။တကယ်သူစိတ်လွတ်သွားတာကိုတော့ဝန်ခံပါသည်။

တွေးရင်းနဲ့တောင်မျက်နှာတွေပါပူလာပြီးရင်တွေပါတုန်လာပြီ။တော်ပြီ ကင်မ်ဆော့ဂျင်ရေ လျှောက်တွေးမနေနဲ့တော့...။

ကျောင်းမလာတဲ့ နှစ်ရက်လုံး နမ်ဂျွန်းကသူ့ဆီဖုန်းတစ်ချိန်လုံးဆက်နေပေမယ့် အိမ်တော့မလာခဲ့နဲ့လို့သူပြောထားတာကြောင့် နမ်ဂျွန်းအိမ်ကိုတော့ရောက်မလာပါ။ အိမ်ထဲထိတော့ရောက်မလာပေမယ့် ခြံရှေ့တံခါးအထိတော့ရောက်လာပြီး မုန့်များဝယ်ဝယ်ပြီးထားပေးသွားသည်။

ယူဂျင်းနဲ့ယွန်းဂီတို့ပြောတာမှန်ပါသည်။ နမ်ဂျွန်းကသူ့ကိုတကယ်ချစ်ရှာသည်။ သူပြောသမျှလည်းနားထောင်ကာ သူ့ကိုလည်းဂရုစိုက်ပေးသည်။ ဆော့ဂျင်ကိုယ်တိုင်ကလည်း ညီလေးတစ်ယောက်လိုချစ်သည့်အတွက် နမ်ဂျွန်းကိုအားနာမိသည်။ညီလေး.....အင်း ညီလေးတစ်ယောက်လိုပေါ့.....။

အဲ့တာကြောင့် ဆော့ဂျင်ကျောင်းမတက်တဲ့နှစ်ရက်အတွင်း ဆုံးဖြတ်ချက်ချလိုက်သည်....သူဒီအလောင်းအစားကို ဆက်မလုပ်တော့ဖို့ပေါ့။ သူစခဲ့တဲ့ ဇာတ်ကိုသူပဲ ပြန်အဆုံးသတ်ရမည်။ ဒီအလောင်းအစားကိုသူ အရှုံးပေးလိုက်တော့မည်။ ဒီကိစ္စကြောင့်လည်း သူစိတ်ရှုပ်မခံနိုင်တော့ပါ။ အရင်လိုပေါ့ပေါ့ပါးပါးနှင့်သာ ပြန်နေချင်တော့သည်။ပြီးတော့ နမ်ဂျွန်းကကြာလေသူ့ကိုသံယောဇဥ်ပိုတွယ်လာလေဖြစ်မှာစိုးတာလည်းပါသည်။ဟိုဆော့ကိုလည်းသူဖုန်းဆက်ပြောပြီးပြီ။ ဟိုဆော့ကတော့ မေးပါသည် Hyungသေချာပြီလားတဲ့။

အင်း.....သေချာလောက်ပြီထင်ပါရဲ့။ တစ်ယောက်သောသူနဲ့ ကိစ္စဖြတ်ဖို့ပဲလိုတော့တာ....။

𝙼𝚎𝚊𝚗 𝚃𝚘 𝙱𝚎 || 𝙽𝚊𝚖𝚓𝚒𝚗 [𝙾𝚗 𝙶𝚘𝚒𝚗𝚐]Where stories live. Discover now