[Unicode]
Cut!!!
"ဂျင်ရှီ တာဝန်ကျေပါတယ် ခုနကရိုက်ထားတာပြန်ကြည့်ဦးမလား"
ရိုက်ကူးရေး ဒါရိုက်တာကသူ့အားပြောလာခြင်း။ ဆော့ဂျင်ခေါင်းတစ်ချက်သာငြိမ့်ပြပြီးထိုင်ခုံမှာထိုင်လိုက်သည်။
Juice product တစ်ခုအတွက် CF ရိုက်ပေးရန်လက်ခံထားသောကြောင့်ဘူဆန်ကပင်လယ်တစ်ခုကိုရောက်နေခြင်းဖြစ်သည်။
ကြည့်လင်နေသောကောင်းကင်အောက်ကပြာလဲ့နေသောပင်လယ်နှင့် ဆော့ဂျင်၏ဖြူဥနေသောမျက်နှာချောချောတို့ကပနံသင့်လျက်။မြင်သူတိုင်းငေးရလောက်အောင်ချောလှသော ဆော့ဂျင်သည် အလွန်ကံကောင်းလွန်းပါသည်။
"ဂျင် ဟိုတယ်ပြန်နားတော့မလား"
"ကျွန်တော် ဟိုဘက်ခဏသွားလိုက်ဦးမယ် ပြီးရင်လိုက်ခဲ့မယ်"
"ကောင်းပြီ အဲ့တာဆိုကိုယ်ပစ္စည်းတွေသွားထားလိုက်ဦးမယ်"
ဆော့ဂျင် ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ကာ ရိုက်ကူးရေးနှင့်ဝေးရာဘက်ကိုထွက်လာလိုက်သည်။ဒီနေ့ရိုက်ကူးရေးကနှစ်ခါလောက်ပြန်ရိုက်ရုံနဲ့တင် အဆင်ပြေသွားလို့သာတော်တော့သည်။ဆော့ဂျင်ခေါင်းကသိပ်မကြည်ချင် မနေ့ကသောက်ထားတဲ့အရှိန်ရယ် အိပ်ရေးမဝတာရယ်ကြောင့်လည်းပါမည်။
"ဟူး ပင်ပန်းလိုက်တာ...."
ဆော့ဂျင် သက်ပြင်းချပြီးညဥ်းမိသည်။ကိုယ်ဝါသနာပါတာကိုလုပ်နေရသော်လည်း မပျော်သလိုမျိုး ဘာကိုမှစိတ်မပါတော့သလိုမျိုး လေးလံနေမိသည်။
အတန်ကြာအောင်နေပြီးတော့ဆော့ဂျင်ဟိုတယ်ကိုပြန်လာပြီးမန်နေဂျာ hyung ယူထားပေးသည့်အခန်းထဲဝင်နားလိုက်သည်။ရိုက်ကူးရေးကတစ်ရက်တည်းကို ပြင်လိုက်ရတယ့်ပစ္စည်းတွေကလည်း များလိုက်တာ...ဟူး ကင်မ်ဆော့ဂျင်ရေ မင်းရွေးထားတဲ့လမ်းမင်းပဲဆက်လျှောက်ရမှာ အားကုန်နေလို့မဖြစ်ဘူး။
ထို့နောက်လန်းသွားအောင်ရေချိုးရန်သာစိတ်ကူးလိုက်သည်။~~~~~~~~~~~~~~~~~
"ဂျင် ထမင်းစားရအောင်လေ""အင်း ကျွန်တော်လာခဲ့မယ်"
