Part 1

23.9K 491 7
                                    

အထက်တန်းကျောင်းတခုမှာပေါ့။

အခန်းရဲ့ဟိုးနောက်ဆုံးထောင့်ခုံလေးမှာ
အိမ်စာမပြီးသေးလို့ အသည်းအသန်ငုံ့ရေးနေတဲ့
ကောင်လေးတယောက် ရှိလေရဲ့..

ကျောင်းတက်ခေါင်းလောင်းထိုးသွားလည်းပဲ
ရေးလက်စကို ဆက်ရေးနေတုန်းပဲ။

ဆရာမ ဝင်လာတယ်။
သူကတော့မော့မကြည့်ဖြစ်ပေမယ့် တခန်းလုံး
ရဲ့မျက်လုံးတွေက ဆရာမဘေးနားမှာရပ်နေတဲ့
ကျောင်းသားသစ် ဆီမှာ။

" ဒီနေ့ ဆရာမတို့အတန်းကိုကျောင်းသားသစ်
တယောက်ရောက်လာပါတယ်..သူငယ်ချင်းကို
ခင်ခင်မင်မင်နဲ့ ကြိုဆိုပေးလိုက်ကြဦးနော်.."

" မင်္ဂလာပါ..ငါ့နာမည်က ဝမ်ရိပေါ်ပါ.."

ကျောင်းသူတွေက တယောက်နဲ့တယောက်
မျက်စပစ်ပြပြီး တိုးတိုးနဲ့ ဖြစ်ကုန်ကြတယ်။

" ဟယ်...ချောလိုက်တာ.."

" ကျောင်းသားသစ်လေးက အလန်းနော်.."

" ငါတော့ စိတ်ဝင်စားသွားပြီ..ဟိဟိ.."

" ဟဲ့ကောင်မရေ..သွားရည်တွေကျကုန်ဦးမယ်
ထိန်းပါဦး.."

ကြည်တောက်နေတဲ့မျက်လုံးလေးတွေ
ရိုးရိုးစင်းစင်း မျက်ခုံးလေးတွေ
သေသပ်လွန်းပြီး ခပ်ပါးပါး နှုတ်ခမ်းလေးနဲ့ကို
ကြည့်ကောင်းနေပြီး..အသံကလည်း ထိထိရှရှ
နဲ့ ဆွဲဆောင်မှုအားအပြည့်မို့ ချက်ချင်းပဲ crush
ခံ ကျောင်းသားသစ်လေး ဖြစ်သွားတော့တာ။

ဝမ်ရိပေါ်က သူ့ကိုဝိုင်းကြည့်ပြီး ကွိစိကွစပြော
နေကြတာတွေကို မသိချင်ယောင်ဆောင်ကာ
တခန်းလုံးကိုဝေ့ကြည့်လိုက်ပြီး လွတ်နေတဲ့ခုံ
ကိုသာ ရှာနေတာပေါ့။

တွေ့ပြီ။ ခုံအလွတ်ရဲ့ဘေးမှာထိုင်နေတာက
ကျောင်းသားပဲဆိုတော့ သူထိုင်လို့အဆင်ပြေ
တာမို့ ဝင်ထိုင်လိုက်တယ်။

" ငါ့နာမည်က ရှောင်ပင်း.."

မျက်လုံးပြူးပြူးနဲ့ချစ်စရာကောင်လေးက သူ့ကို
ဝမ်းသာအားရ နှုတ်ဆက်လာတာမို့ ဝမ်ရိပေါ်
စိတ်ထဲကနေ ပျော်သွားတယ်။ မဟုတ်ရင်..
ကျောင်းသားသစ်တယောက်အနေနဲ့ ဘယ်သူ့
ကို စကားပြောလို့ပြောရမှန်းတောင်မသိဘူး။

Colorless (Uni+Zgyi) CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ