Part 12 (U)

3.4K 293 2
                                    

ရိပေါ်တယောက် ပြခန်းကို ပတ်ရှာနေပေမယ့်
ရှောင်ကျန့်ကို လုံးဝရှာမတွေ့ခ့ဲဘူး။ နောက်ဆုံး
ပြခန်းမန်နေဂျာကို သွားမေးကြည့်တော့မှ..

ပန်းချီဆရာနာမည်က ရှောင်ကျန့် ဆိုတာရယ်
နိုင်ငံခြားကပြန်လာတာမကြာသေးဘူးဆိုတာ
ရယ်..အခုတော့ဟိုတယ်ကိုပြန်သွားပြီမို့..တွေ့
ချင်ရင် မနက်ဖြန်မှလာခ့ဲပါလို့ ပြောရှာတယ်။

ဟိုကောင်မလေးတော့ ဘယ်အချိန်ပြန်သွားလဲ
ရိပေါ် မသိဘူး။ A Moment ဆိုတ့ဲ အနီရောင်
တယ်လီဖုန်းရုံလေးနဲ့အနီရောင်မိုးစက်တွေကို
အသေးစိတ်ဆွဲထားတ့ဲ ပန်းချီကားလေးရဲ့ရှေ့
မှာ..သူ ရပ်ကြည့်နေမိတာ ပြခန်းပိတ်တ့ဲအထိ
ပါပဲ။

ပြခန်းမန်နေဂျာလေးကတော့ မနက်ကတည်း
က ပျာယာခတ်ပြီး ဂဏှာမငြိမ်ဖြစ်နေတ့ဲသူ့ကို
သနားသလိုလို လေသံလေးနဲ့..

" အကို..ကျွန်တော်တို့ ပြခန်းပိတ်တော့မှာမို့
လာအကြောင်းကြားတာပါခင်ဗျာ.."

" သြော်..အေးအေး..ညီလေး..Sorry ကွာ.."

" ရပါတယ် အကို..မနက်ဖြန် စောစောလာခ့ဲ
လေ..ဆရာက မနက်ပိုင်းပဲလာတတ်တာ.."

" ဒီပန်းချီကားက ဘယ်လောက်လဲ.."

" သြော်..အကိုက A Moment ကို သဘော
ကျနေတ့ဲပုံပဲ..တနေကုန် မျက်တောင်မခတ်ပဲ
ကြည့်နေတာ..အားတော့နာပါတယ် အကိုရာ
ဆရာက တခြားကားတွေပဲ ဈေးဖြတ်ပေးတာ
A Moment ကို ဘယ်သူလာဝယ်ဝယ် လုံးဝ
မရောင်းဘူးတ့ဲ.."

" ဘာလို့တ့ဲလဲ.."

" အ့ဲအချိန်တဒင်္ဂလေးက သူ့အတွက်အဓိပ္ပါယ်
တွေအပြည့်နဲ့မို့..အရမ်းလှတယ်တ့ဲ..နောင်တ
လည်းမရသလို..ဘယ်တော့မှလည်းပြန်မရနိုင်
တော့လို့တ့ဲလေ.."

..................

အတူတူနီးစပ်ခ့ဲကြတ့ဲ မိနစ်ပိုင်းလေးတွေက
မင်းအတွက် အမှတ်တရဖြစ်စေခ့ဲမှန်း..ကိုယ်
ကြိုသိခ့ဲရင်..

..................

ရိပေါ် ပန်းချီပြခန်းရှေ့ကိုအစောကြီးကြိုရောက်
နေတယ်။ အပြင်မှာဆိုရင် မိုးတိုးမတ်တပ်ကြီး
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတာနဲ့..ကားထဲ
ကနေပဲ ထိုင်စောင့်နေလိုက်တယ်။ ခုလိုချိန်ကျ
တော့လည်း စက္ကန့်တွေကကြာလိုက်တာ။

Colorless (Uni+Zgyi) CompletedTempat cerita menjadi hidup. Temukan sekarang