Part 18

3.2K 227 5
                                    

လွန်ခဲ့သော ၅ နှစ်..

လေယာဉ်ပေါ်မှာ ထိုင်ငိုနေတဲ့သူ့ကို ဘေးခုံက
အမကြီးက ပုခုံးကိုဖက်ပြီးနှစ်သိမ့်ပေးနေရင်း..

" နာမည်က ဘယ်လိုခေါ်တာလဲ.."

" ရှောင်..ရှောင်ကျန့်.."

ရှိုက်သံတဝက်နဲ့ သူ အသက်တောင် ဝအောင်
မရှူနိုင်။ ရင်ဘတ်ထဲက အရမ်းနာတယ်။ ရှက်
လည်းရှက်တယ်။ အရူးအလုပ်ခံခဲ့ရတာကြီးကို
သာယာနေမိတဲ့ ကိုယ့်ကိုယ်ကိုရွံလိုက်တာ။

တသက်လုံး အရိပ်တကြည့်ကြည့် ချစ်လာခဲ့ရ
တဲ့သူက သစ္စာဖောက်ရက်လိုက်လေခြင်း။

ငယ်သူငယ်ချင်းမို့ အားကိုးတကြီးချစ်ခဲ့မိတာပါ
ရင်ထဲမှာရှိသမျှတွေကို မရှက်မကြောက် ဝန်ခံ
ပြီး မင်းကိုပဲ စွဲလမ်းနေခဲ့မိတာပါ။

သူ့ရှေ့မှာ ချစ်သူကောင်မလေးရဲ့လက်ကို တင်း
နေအောင် ဆုပ်ကိုင်ထားပြီး ရဲရဲဝံ့ဝံ့ မိတ်ဆက်
ပေးလာတဲ့ ကျိုးချန်။

~ ကျိုးချန်...မင်း လုပ်ရက်လိုက်တာ..တကယ်
ဆို ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတော့လား..ငါက
ယောကျာ်းချင်း စိတ်မဝင်စားပါဘူးလို့..ဘာတဲ့
မင်းကြောင့် ငါ့ကိုယ်ငါသတ်သေသွားမှာကို စိုး
လို့..ငါ့ကိုသနားလို့ အလိုက်အထိုက်နေပေးခဲ့
တာပါတဲ့လား..မင်းစေတနာတွေကို မလိုချင်ပါ
ဘူး..ငါက ငါ့ကိုချစ်စေချင်တာ..

" ဒါ ငါချစ်ရတဲ့ မိန်းကလေး.." တဲ့လား။

အားနာနေတဲ့ အရိပ်အယောင်တွေ..
သနားနေတဲ့ အကြည့်တွေ..
သက်ပြင်းမောတွေက လာလှောင်နေသလိုပဲ။

~ မုန်းလိုက်တာ..ငါ မင်းကို အရမ်းမုန်းတယ်

" အရမ်းမငိုပါနဲ့တော့..အားတင်းထားပါ..မင်း
မှာ သူငယ်ချင်းတွေ ဘာတွေမရှိဘူးလား.."

~ သူငယ်ချင်း..ဝမ်ရိပေါ်..

သူ့ဘေးနားမှာ အမြဲတမ်းကူညီပေးခဲ့တဲ့ ရိပေါ်
ကိုလည်း သူစိတ်မပါပဲ နမ်းလိုက်မိသေးတယ်
ရိပေါ်ကိုအသုံးချလိုက်မိတယ်။ ကျိုးချန် အပေါ်
နာကျည်းမိတာတွေကို ရိပေါ်ကို အစားထိုးပစ်
လိုက်ဖို့ ခဏတာလေးစဉ်းစားလိုက်မိခဲ့တာ။

Colorless (Uni+Zgyi) CompletedWhere stories live. Discover now