The Other Side

3.5K 186 21
                                    

ပျော်နေတယ်မလား ရိပေါ်
မင်းဆီ ပြန်မလာနိုင်ခဲ့တဲ့ င့ါအစား
စုတ်တံကိုင်နိုင်တဲ့ လက်တစုံကို
အရောက်ပို့ပေးလိုက်ပါတယ်
ငါ မခြယ်မှုန်းနိုင်ခဲ့တဲ့ ကင်းဗတ်စအလွတ်ကြီး
အပေါ်မှာ..သူ့ကို စိတ်တိုင်းကျ
ရေးခြယ်ခွင့်ပြုလိုက်ပါ။

The Moment က
မင်းဘက်က တဖက်တည်းတင်မဟုတ်ခဲ့ပဲ..
ငါ့ဘက်ကပါ ခံစားမိတဲ့အခိုက်အတန့်တခုပါ
ဒါကို ငါ ပြောပြချင်ခဲ့မိပါတယ်..
ဒါပေမယ့်..ရိပေါ်ရယ်..
ဒဏ်ရာတွေနဲ့ ငါ့နှလုံးသားကို မင်းလက်ထဲ
မထည့်နိုင်ဘူး..
ငါ့ကိုပဲ ကြည့်နေခဲ့တဲ့မင်းကို အားနာတယ်
ငါ့ဘေးနားပဲ ရှိနေခဲ့တဲ့မင်းကို အားနာတယ်
မသိကျိုးနွံပြုခဲ့မိတဲ့ မင်းရဲ့ချစ်ခြင်းတွေကိုလေ..
လက်မခံရဲလောက်တဲ့အထိ ပျော့ညံ့မိပါတယ်။

မင်းအတွက် ငါ ဆိုတာ နာကျင်စရာအတိတ်
တခုအပြင် အပိုမရှိခဲ့ဘူးဆိုရင်တောင်မှ..
သတိရပေးပါ ဝမ်ရိပေါ်..
ငါ့ကို တခါတလေတော့ လွမ်းနေပေးပါ။

ဒီဘက်မှာ သိပ်အထီးကျန်တယ်
ငါ တယောက်တည်း...
ကြာလာရင် နေသားကျသွားလိမ့်မယ်လို့
ထင်ခဲ့ပေမယ့်..
ငါ ခေါ်တိုင်း ပြေးလာတတ်တဲ့ မင်း..
ဟောဒီက ဒီအုတ်ဂူဆီကို ဘယ်အချိန်မှာများ
ထပ်ရောက်လာလိမ့်မလဲဆိုတာ..
နေ့ရှိသ၍ ငါ မျှော်လင့်နေမိတုန်းပါပဲ။

ထီးတချောင်းအောက်က..
မင်းတို့ရဲ့နောက်ကျောတစုံ။
တဖြည်းဖြည်းဝေးသွားပြီး ပျောက်ကွယ်သွားတဲ့အထိ
ငါ ထိုင်ကြည့်နေခဲ့မိတယ်။
တနေ့တော့..ငါ့ကိုပြန်လာတွေ့ကြမယ်မလား။

မင်း သိပါ့မလား..
တတိယမြောက် သေကြောင်းကြံခြင်း
အထမြောက်သွားတဲ့အချိန်..
အရာအားလုံးချုပ်ငြိမ်းသွားဖို့ စက္ကန့်ပိုင်းအလိုမှာ..
သေခါနီးဖြစ်နေတဲ့ ငါက
မင်းနဲ့ထပ်တွေ့ချင်ခဲ့မိတာ။

ငါ့ရွေးချယ်မှုတွေက
ဘာလို့အမြဲတလွဲဖြစ်ခဲ့ရတာလဲ။
အနီးအနားကမင်းထက် ကျန်းချန်ကိုရွေးတယ်
အနှစ်သိမ့်ခံဖို့ထက် ဝေးတဲ့နေရာကိုပြေးတယ်
ပြန်သွားဖို့ထက် ဘယ်တော့မှမတွေ့ရတော့တဲ့
အထိ ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့တယ်။

မင်းမကြားနိုင်တော့မယ့်
တခြားတဖက်ခြမ်းက ငါ့နောင်တငိုသံတွေပေါ့
ဝမ်ရိပေါ်...

ဘဝကူးတံတားပေါ်ရောက်တဲ့အခါ..
အတိတ်မေ့ဆေးရည်ကိုသောက်ဖြစ်အောင်ကို
သောက်မယ်။

Colorless (Uni+Zgyi) CompletedWo Geschichten leben. Entdecke jetzt